[390] ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိပါဘူးလို့ ဆိုလိုတာ။ [391] အဲ့ဒါကို ဆရာတော်ကြီးတွေက နားလည်မှုလွဲပြီးတော့ ဪ ဖိနပ်မှန်ရင် သားရေနဲ့ပဲလုပ်ရမယ်လို့ အဓိပ္ပာယ်တစ်မျိုး ကောက်ယူသွားလိုက်တယ်။ [392] အဲ့ဒီမှာဆိုရင် ဖိနပ်မှန်ရင် သားရေနဲ့ဖြစ်ရမယ်၊ ကျန်တာမအပ်ဘူးဆိုပြီးတော့ ကတ္တီပါဖိနပ်တွေ မအပ်ဘူးဆို ပယ်လိုက်ကြတာပေါ့။ [393] တကယ်တော့ ကတ္တီပါဖိနပ်မအပ်တဲ့စာ မရှိပါဘူး။ [394] ဖိနပ်ကို သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း အဓိပ္ပာယ်မျိုး မရှိပါဘူး။ [395] ဆရာတော်တွေ ကြံဆ ကြံဆမှု နည်းနည်းလေး လိုသွားတဲ့သဘောပေါ့နော်။ [396] အဲ့ဒါကြောင့် ဦးဇင်းတို့ ယနေ့ခေတ်ပေါ်ဖိနပ်တွေ စီးကောင်းပါတယ်။ [397] ဒါပေမဲ့ လူစီးဖိနပ် မစီးသင့်ဘူးပေါ့နော်။ [398] လူစီးဖိနပ်မစီးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာပေထဲမှာ ဂိဟိပရိဘောဂလို့ခေါ်တယ်။ [399] လူ့အသုံးအဆောင်။ အဲ့တော့ လူ့အသုံးအဆောင်ဆိုလို့ရှိရင် သူက ရဟန်းတွေမသုံးကောင်းဘူး၊ ဂိဟိပရိဘောဂ။ [400] မြန်မာနိုင်ငံမှာက ဖိနပ်တွေကို သံဃာသုံးဖိနပ် လူစီးဖိနပ်လို့ ခွဲထားတယ်လေ။ [401] ခွဲထားတော့ ဒါ သံဃာစီးဖိနပ်ကို သံဃာပဲစီးသင့်တယ်၊ လူစီးဖိနပ်ကို သံဃာမစီးသင့်ဘူးပေါ့နော်။ [402] ဘုရားလက်ထက်မှာတော့ အဲ့လိုခွဲတာတော့ မရှိဘူးပေါ့။ [403] ဘုရားလက်ထက်မှာတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး၊ အတူတူပဲ။ [404] ဘာဖြစ်လို့ပြောရသလဲဆိုတော့ အရှင်သောဏဆိုတဲ့ ရဟန်းတော်တစ်ပါးက သူဌေးသားဘဝကလာတာ။ [405] သူ့ခြေထောက်က အင်မတန်နူးညံ့တယ်။ ဘယ်လောက်တောင်နူးညံ့သလဲဆိုတော့ သူ့ခြေထောက်မှာ အမွှေးတောင်ပေါက်တာလေ။ [406] နူးညံ့လွန်းအားကြီးလို့ ဖဝါးမှာတောင် အမွှေးတွေပေါက်တာ။ [407] အဲ့တော့ ဘုရားက ဖိနပ်စီးခွင့်မပေးထားတော့ သူကလည်း ဖိနပ်မစီးရဲဘူး။ [408] ဒီလိုပဲ ဖိနပ်မစီးဘဲသွားတော့ သူ့ခြေထောက်က သွေးခြေတွေဥ၊ သွေးတွေထွက်။ [409] ဒါလည်းသူက ဇွဲလုံ့လဝီရိယမလျှော့ဘူး။ ဒါကြောင့် ဝီရိယနဲ့ပတ်သက်လာရင် ဒါထိပ်ဆုံးပဲ သာသနာမှာသူက။ [410] ဖိနပ်မစီးဘဲ ဒီလိုပဲသွားတာ သွေးတွေထွက်လာ။ အဲ့တော့ မြတ်စွာဘုရားက သူ့ကို... [411] အဲ့ဒါ သူကို မထကာ တစ်ယောက်ကနေပြီးတော့ [412] သူစီးထားတဲ့ ဖိနပ်ကို ချွတ်ပေးတာ။ [413] အရှင်ဘုရား ဒီဖိနပ်စီးပါ ဖိနပ်ချွတ်ပေးတာ။ [414] အဲ့တော့ သူက မစီးဘူး။ မြတ်စွာဘုရားက ငါတို့ကို ဖိနပ်စီးခွင့်မပေးထားဘူး။ [415] ဒါကြောင့် ငါမစီးဘူးလို့ သူက ငြင်းတယ်။ [416] အဲ့ဒါ မြတ်စွာဘုရား သိတော့ စီးလိုက်ပါ၊ အခွင့်ပြုပါတယ်၊ ဖိနပ်စီးခွင့်ပြုပါတယ်ပေါ့ ဆိုပြီးတော့ ဘုရားက ဖိနပ်စီးခွင့်ပြုလိုက်တာ။ [417] အဲ့ဒီတော့ အဲ့ဒီမှာ လူစီးဖိနပ်ကို ဘုရားခွင့်ပြုထားတယ်။ [418] ဆိုတော့ အဲ့ဒါကို ထောက်ဆသောအားဖြင့် ဘုရားလက်ထက်တုန်းကတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး။ [419] စီးလို့ရတယ်ပေါ့နော်။