[420] ဒါပေမဲ့ ယနေ့ခေတ်မှာကျတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ် ခွဲထားတာ။ [421] ခွဲထားတော့ အဲ့ဒီလို ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးတို့က လူစီးဖိနပ်စီးတာ မကြိုက်ဘူး။ [422] လူစီးဖိနပ်ဟာ ဒါ လူ့အသုံးအဆောင်ပစ္စည်းဖြစ်တယ်။ [423] ဝိနည်းတော်ထဲမှာ ဂိဟိပရိဘောဂေါ နဝဋ္ဋတိ လူ့အသုံးအဆောင်သည် မအပ်စပ်ဘူးဆိုတဲ့ အဋ္ဌကထာစကား ရှိနေတယ်။ [424] ဒါကြောင့် လူစီးဖိနပ်ကို ရဟန်းတွေ မစီးသင့်ဘူးဆိုပြီးတော့ ဦးဇင်းတို့ ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ဆုံးဖြတ်တော်မူတယ်။ [425] အဲ့ဒါ မြန်မာနိုင်ငံမှာကျတော့ လူစီးဖိနပ်တွေ ဘုန်းကြီးမစီးသင့်ဘူးပေါ့။ [426] အဲ့တော့ ဟို ဘွတ်ဖိနပ်လိုဟာမျိုးကတော့ လုံးဝမအပ်စပ်ဘူး ရဟန်းတော်တွေ ဒါကတော့ ဘယ်လိုမစီးကောင်းဘူး။ [427] သူက ရှေ့ဖုံးဖိနပ် စီးတဲ့အခါမှာ ဟို ဖနောင့်ဖုံးတဲ့ဖိနပ်လိုမျိုး ရှိတယ်လေ။ [428] ဖနောင့်ဖုံးတဲ့ဖိနပ်တို့ ဘွတ်ဖိနပ်အခြေတို့ဘာတို့လေ။ [429] ဟို လယ်တောသွားတဲ့အခါမှာ စီးတဲ့အခြေတို့၊ အဲ့တော့ ရှူးဖိနပ်တို့ ဘုန်းကြီးတွေ မစီးရဘူးနော်။ [430] ရှူးဖိနပ်လည်း မစီးရဘူး၊ ဘွတ်ဖိနပ်လည်း မစီးရဘူး၊ ဖနောင့်ဖုံးတဲ့ဖိနပ်လည်း မစီးရဘူး။ [431] ဘုန်းကြီးတွေ မစီးကောင်းတဲ့ ဖိနပ်တွေနော်။ [432] ခုနက ဒီ သစ်သားတို့ ထန်းလက်တို့ဆိုတာနဲ့ လုပ်တာနဲ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖိနပ်နဲ့ပတ်သက်လို့ ပြောဖြစ်တာနော်။ [433] အဲ့တော့ ရဟန်းတွေ မစီးကောင်းတဲ့ ဖိနပ်က အဲ့ဒါတွေရှိတယ်။ [434] အဲ့တော့ လူစီးဖိနပ်မှန်ရင် ရဟန်းတွေ မစီးကောင်းတော့ ရဟန်းတွေကို မလှူနဲ့ပေါ့ လူစီးဖိနပ်ကို။ [435] သံဃာစီးဖိနပ်ပဲ လှူပေါ့။ [436] ကတ္တီပါဖိနပ်ကတော့ မအပ်စပ်ဘူးလို့ ပြောလို့မရပါဘူးနော်။ [437] ဒါပေမဲ့ တချို့တချို့ ကျောင်းတိုက်တွေမှာတော့ ကတ္တီပါဖိနပ် မစီးခိုင်းပါဘူး။ [438] ဦးဇင်းတို့ကျောင်းတိုက်လည်း မစီးခိုင်းပါဘူး။ ဟို မအပ်ဘူးလို့တော့ ဦးဇင်းမပြောပါဘူးနော်။ [439] ဒါပေမဲ့ မသင့်တော်ဘူးပေါ့နော်၊ နည်းနည်း အရမ်းကို လှပသာယာလွန်းအားကြီးတယ်ပေါ့။ [440] အဲ့တော့ အောက်မှာ နည်းနည်းလေး ဖတ်ကြည့်မယ်ဆိုရင် [441] ဖိနပ်ကို စီးနင်းထားလျက်နော် အောက်ဆုံးပိုဒ်လေး၊ တရားတော်ကို မနာယူကောင်းတဲ့။ [442] ဖိနပ်စီးနင်းလျက် တရားတော်ကို နာယူခြင်းကြောင့် မိမိလည်း တရားတော်ကို မရိုသေရာရောက်၍ ဆိုးကျိုးရနိုင်သည့်အပြင် [443] ဖိနပ်စီးထားသူကို တရားဟောမိခြင်းကြောင့် တရားဟောပုဂ္ဂိုလ်... [444] အာပတ်သင့်ရောက်၏။ ထို့ကြောင့် တရားနာယူသူသည် ကျန်းမာလျက် ဖိနပ်စီး၍ တရားနာခြင်း စသည်တို့ကို မပြုလုပ်မိကြစေရန် အထူးသတိထားသင့်သည် တဲ့။ [445] တတ်နိုင်ဆုံးတော့ ဦးဇင်းတို့ ရိုသေပြဖို့ ပေါ့နော်။ ဦးဇင်းတို့ သုတ္တန်ဒေသနာတွေထဲမှာ ဓမ္မဂါရဝဆိုတာ ရှိတယ်။ ဝိနည်းနဲ့တော့ မဆိုင်တော့ဘူး အဲ့ဒီအပိုင်းတွေကျတော့လေ။ [446] ဘာပြောလဲဆိုတော့ တရားနာနေတဲ့အချိန်မှာ အိပ်ငိုက်နေတယ်။ အဲ့ဒါ အဂါရဝဖြစ်တာကြောင့်ပေါ့။ နောက် တရားနာနေတဲ့အချိန်မှာ စကားပြောနေတယ်။ ဒါ အဂါရဝပဲပေါ့။ [447] ဒါကြောင့် ဦးဇင်းတို့ ကျောင်းမှာဆို ပြောရတယ်။ ဖုန်းတွေကို silent လုပ်ထား၊ ဖုန်းတွေပိတ်ထားဖို့ပေါ့။ တချို့က တရား ဆရာတော်ရှေ့က ဟော၊ ဖုန်းဖွင့်ထားတော့ တရား အာရုံ အရမ်းနောက်တာပဲ။ [448] ဟောတဲ့သူကလည်း သမာဓိနဲ့ အာရုံပြုပြီး ဟောနေရတာလေ။ နားထောင်တဲ့သူကလည်း စိတ်စိုက်ပြီး နားနေတာ။ အဲ့အချိန် ဖုန်းထမြည်တော့ အရမ်းစိတ်တိုဖို့ကောင်းတာပဲ။ [449] အဲ့တော့ စာပေထဲမှာလည်း အဲ့ကြောင့် တရားဟောနေတဲ့အချိန်မှာ စကားပြောခြင်း၊ ငေးနေခြင်း၊ ငိုက်နေခြင်း မပြုရဘူးပေါ့။ ဒါတွေက အဂါရဝဖြစ်တယ်လို့ စာထဲမှာ ဆိုထားတယ်။