[450] ဝိနည်းနဲ့တော့ မဆိုင်ဘူးပေါ့နော်။ သုတ္တန်သဘောတရား၊ သုတ္တန်ကျင့်ဝတ်တွေပေါ့။ အဂါရဝသဘောတရားတွေနော်။ အဲ့ဒါမျိုးတွေတော့ ရှိတယ်။ အဲ့ဒါ ဝိနည်းမှာတော့ မပါဘူး အဲ့ဒါတွေကတော့။ [451] ဒါဆိုလို့ရှိရင် ဦးဇင်းတို့ အခန်း ၉ ပြီးသွားပြီလား။ အခန်း ၉ ပြီးသွားပြီပေါ့နော်။ အခန်း ၉ ပြီးသွားတော့ အခန်း ၁၀ တို့ကျတော့လေ သူက ဒီ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ပြောထားတာပေါ့နော်။ [452] အဲ့ဒါတော့ ကိုယ့်ဘာသာဖတ်လိုက်ရင်လည်း အဆင်ပြေပါတယ်။ ဟို ဝိနည်းနဲ့တော့ မဆိုင်တော့ အရမ်းကြီး လေးလေးနက်နက်လည်း မပါဘူးပေါ့။ အဲ့တော့ ကိုယ့်ဘာသာဖတ်လိုက်ရင်တော့ ရတယ်ပေါ့နော်။ [453] ဟို သွားတဲ့အခါမှာ အသံမမြည်အောင်သွားတာတို့၊ လက်အုပ်ချီတာတို့၊ နောက်ကို ဆုတ်သွားတာတို့ အဲ့ဒါလေးတွေကို သူ ပြောထားတာပေါ့နော်။ အဲ့တော့ ဒီမှာ အဲ့ဒါတွေတော့ မပါတော့ဘူး။ [454] အဲ့ဒါ ဝိနည်းတွေ မပါတော့ဘူးပေါ့။ နောက်ခဏ အခန်း ၁၁ ကို သွားလိုက်ပါ။ အခန်း ၁၁ မှာလည်း သူက ဝိနည်းရဲ့ အထွေထွေသိမှတ်ဖွယ်ရာဆိုပြီးတော့ သူက ဟိုလိုမျိုး သီးသန့်ကြီးတော့ မပါတော့ဘူး။ [455] အဲ့တော့ ဝစီရိုင်းပြ ဇာတ်နိမ့်ကျဆိုပြီးတော့ စာမျက်နှာ ၈၃ လုံးမှာ သူ ပြောထားတာကို ရိုင်းရိုင်းစိုင်းစိုင်း မပြောမိကြဖို့ပေါ့နော်။ အဲ့ဒါလေးတွေ သူ ရဟန်းတော်တွေကို မဆဲမိအောင် မဆဲမိအောင် ဂရုစိုက်ဖို့ ဒါလေးတွေ ပြောထားတာပါ။ [456] အဲ့တော့ ဒါတွေ ကိုယ့်ဘာသာဖတ်လည်း သိတယ်ပေါ့နော်။ ရဟန်းတော်တွေကို မဆဲမိစေဖို့ပေါ့။ အဲ့တော့ တော်တော်များများ... [457] အဲတော့ ဝိနည်းက နောက်ပိုင်း အုပ်စရတွေက လေးနဲ့ထက် ဝိနည်းတွေ မပါတော့ ကိုယ့်ဘာကိုယ် ဖတ်လို့ရတယ် ပေါ့နော်။ [458] အဲတော့ ဦးဇင်း ဖြည့်စွက် သင်ကြားစရာလေးတွေတော့ ရှိတယ်။ အခု ဒီနေ့ စာရွက်ကလေးတွေတော့ ယူလာတယ်။ [459] လောက်မလာတော့ မသိဘူး နည်းနည်း ဝေပေးလိုက်ပါနော် တစ်ခါတည်း။ [460] အဲတော့ ဒီ ကပ္ပိယကာရက သင်တန်းတက် ဖြည့်စွက် သင်ခန်းစာ ဆိုတာ ဦးဇင်းအနေနဲ့ နည်းနည်းလေး မပါတာလေးတွေ စုထားတာ ပေါ့နော်။ [461] တချို့ဟာလေးလည်း ပြန်ထပ်ကောင်း ထပ်နိုင်တာလေးတွေ ပါမယ်။ [462] ဒါမပြောခင် ခုနက ဟို စာအုပ်ထဲမှာ ဟို ဖိနပ်တွေ ထိတယ် ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲ နည်းနည်းလေး ဝင်တာလေး နည်းနည်း ပြောလိုက်ဦးမယ်။ [463] ဟို ဖိနပ်ကိစ္စတော့ နည်းနည်းတော့ ရှင်းသွားပါပြီနော်။ အပ်စပ်တဲ့ ဖိနပ်၊ မအပ်စပ်တဲ့ ဖိနပ် အကြမ်းဖျင်းတော့ နည်းနည်းတော့ သဘောပေါက်သွားတာ ပေါ့။ [464] ထီးမှာလည်းပဲ အပ်စပ်တဲ့ ထီး၊ မအပ်စပ်တဲ့ ထီး ရှိတယ် ပေါ့နော်။ [465] အဲဒါလေး နည်းနည်း ပြောလိုက်မယ်။ ဒီထဲမှာလည်း အဲဒါတော့ မရေးထားလိုက်တော့ဘူး။ [466] ခေါင်းထဲမှာ နည်းနည်းလေး ပေါ်လာလို့ပါ။ ထီးနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တွေ မဆောင်းကောင်းတဲ့ ထီးဆိုတာ ရှိတယ်။ [467] နော် ဘယ်လို ထီးမျိုး မအပ်စပ်လဲ ဆိုတော့ ဟို ထီးလှူတဲ့ ဒကာ ဒကာမတွေလည်း သိရအောင် ပေါ့လေ။ [468] ရှေးတုန်းကတော့ ဦးဇင်းတို့ ပုသိမ်ထီးတွေ လှူကြတယ် မြန်မာနိုင်ငံမှာ ပေါ့။ အခုခေတ်တော့ ပုသိမ်ထီး သိပ်မဆောင်းကြတော့ဘူး။ အကြမ်းမခံတာလည်း ပါတာပေါ့။ [469] အဲတော့ ပုသိမ်ထီး ဆိုလို့ရှိရင် ပေါ့ ဦးဇင်းတို့ ဝိနည်းတော်မှာက ဒါ ချည်နဲ့ ချုပ်ထားတဲ့ ထီး ပေါ့ ဒါ ပုသိမ်ထီးဆို ချည်နဲ့ ချုပ်ထားတာ။ [470] အဲတော့ အဲဒီ ပုသိမ်ထီး ဆိုလို့ရှိရင် ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ အဲဒါ ဗဟုသုတ တစ်ခုနော် နည်းနည်း မှတ်ထားနော်။ [471] အဲ ပုသိမ်ထီးမှာ ဦးဇင်းတို့ ချည်ရောင် မျိုးစုံနဲ့ ချုပ်ထားတယ် ဆိုရင် အဲဒီ ထီးသည် မအပ်စပ်ဘူး။ [472] ချည်ရောင် တစ်ရောင်တည်း ဖြစ်ရမယ်။ အနီဆို အနီတစ်ရောင်တည်း၊ အဝါဆို အဝါတစ်ရောင်၊ အမည်းဆို အမည်းတစ်ရောင် တစ်ရောင်တည်း ဖြစ်တဲ့ ထီးမှ အပ်စပ်တယ်။ [473] ရောင်စုံထီး ဗြောင် အဲဒီ ပေါ့ အထဲမှာ ဟို ဒုတ်ချောင်းတွေကို ချုပ်ထားတဲ့ ချည်တွေ ရှိတယ်။ ပုသိမ်ထီး မြင်ဖူးကြမှာပါနော်။ [474] အဲ ပုသိမ်ထီးတွေမှာ ရောင်စုံနဲ့ တချို့ အလှလုပ်ထားတာ ရှိတယ်လေ။ အဲလို ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ [475] တစ်ရောင်တည်းနဲ့ ချုပ်တဲ့ ပုသိမ်ထီးက အပ်စပ်တယ်။ ဒါတစ်ခုနော်။ [476] နောက်တစ်ခုက လက်ကိုင်ရိုးတွေမှာ အရစ်တွေ ပါရင် မအပ်စပ်ဘူး ဗြောင်ဖြစ်ရမယ်။ [477] နော် အဲတော့ လက်ကိုင်ရိုးသည် ဗြောင်ဖြစ်နေမှ အပ်စပ်တယ်။ အဲတော့ ဦးဇင်းတို့ တချို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေဆိုရင် ပုသိမ်ထီး လာလှူလို့ရှိရင် အဲဒီ ထီးအရိုးကို ဓားနဲ့ ရှစ်ပစ်လိုက်တယ် သူက။ [478] ဓားနဲ့ ခုတ်ပစ်လိုက်တယ် အဲဒီ ဟာကို အထစ်တွေကိုလေ။ [479] အဲတော့ အဲဒီ လက်ကိုင်ရစ်မှာ ဖြစ်စေ ဟို ထိပ်ဖူးမှာ ထိပ်ဖူးမှာဆိုလည်း အထစ်အထစ်တွေ ပါတယ်လေ။