[480] အဲတော့ ပုသိမ်ထီးရဲ့ ထိပ်ဖူးမှာလည်း အရစ်တွေ အရစ်တွေ ပါတယ်၊ လက်ကိုင်မှာလည်း အရစ်တွေ အရစ်တွေ ပါတယ်။ အဲဒီ လက်ကိုင်ရစ်တွေ ထိပ်ဖူးတွေကို ဖျက်ပစ်လိုက်ရတယ်။ [481] မအပ်စပ်ဘူး။ [482] အဲ့တော့ ဦးဇင်းတို့ အော်ဒါမှာတဲ့အခါမှာ သေချာမှာရတယ်။ သံဃာတော်များ သုံးတဲ့ထီး မှာမယ်ဆိုလို့ရှိရင် [483] တို့ သံဃာတော်တွေက ဒီလိုထီးမျိုး ဆောင်တယ်။ အဲ့တော့ ခြေကို တစ်မျိုးတည်းနဲ့ ချုပ်ပေးပါ။ [484] ပြီးတော့ လက်ကိုင်မှာလည်း အရစ်တွေ မပါပါစေနဲ့။ [485] ထိပ်ဖူးမှာလည်း ဟို အရစ်တွေ မပါပါစေနဲ့။ [486] အဲ့လိုမျိုး ပြောပေးရတယ်။ အဲ့သုံးချက်ကို သတိထားရမယ်။ [487] နောက်တစ်ချက် သတိထားစရာ ရှိသေးတယ်။ ထီးရဲ့ အဝိုင်းဟာ [488] ဟို ထီးအရွက်ပေါ့နော်၊ ထီးရွက်အဝိုင်း။ အဝိုင်းမှာ ဦးဇင်းတို့က ဒီ လခြမ်းပုံသဏ္ဌာန် မဖြစ်ရဘူး။ [489] လခြမ်းကွေးလေးဆိုတာ အနားမှာ လခြမ်းလေး အကွေးလေး ဖြစ်ဖြစ်နေတာ အနားမှာလေ။ [490] အဲ့လို ကွေးကွေးလေး မဖြစ်ရဘူး။ ညီအညီ ဖြစ်ရမယ်။ [491] သဘောပေါက်လား မသိဘူး။ ဟို အစွန်း ဟို ဘယ်လိုပြောမလဲ၊ အချွန်တစ်ခုနဲ့တစ်ခု ဆက်တဲ့အခါလေ။ [492] ကြားမှာ ကွေးကွေးလေး ဖြစ်နေတာမျိုးတွေ လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ [493] သတိထားမိလား ထီးတွေဘာတွေလေ။ အဲ့လို ကွေးကွေးလေး။ [494] မဟုတ်ဘူး မဟုတ်ဘူး ထီးကိုင်း ဟိုဟာ ပြောတာလေ။ ဘာခေါ်လဲ။ [495] ထီးရိုးလား။ ထီးရိုးက အကွေး။ [496] ထီးပါရင် နမူနာပြစမ်းပါ။ အေး ပြစမ်းပါဦး ခဏ။ အေး ဟုတ်ပြီ။ နည်းနည်း အဲ့ဒါ နမူနာ သရုပ်ပြစမ်းပါဦး။ [497] ဖွင့်လိုက်။ အေး ဟုတ်ပြီ။ [498] ဟုတ်ပြီ။ အဲ့မှာလေ။ [499] ဟိုမှာ သူက လခြမ်းပုံသဏ္ဌာန် မဖြစ်ဘူး အဲ့မှာ။ ဟိုမှာ အဲ့ဒါ မဟုတ်ဘူး။ အဲ့မှာ ဒီအနားကို ပြောတာ။ အေး အနား ဟုတ်တယ်။ အေး အဲ့ဒါ။ [500] အဲ့ဒီ အနားသည် ကွေးကွေးလေးဆိုရင် မအပ်စပ်ဘူး။ [501] သဘောပေါက်လား။ အဲ့ဒီ အနားသည် ဝိုင်းဝိုင်း ထီးဆိုတော့ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အရင်တုန်းက တချို့ ထီးတွေ လူထုဆောင်တဲ့ ထီးတချို့မှာလည်း ပါပါတယ်။ [502] ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အဲ့လို ဝိုင်းဝိုင်းလေး ဖြစ်နေရင် မအပ်စပ်ဘူး သူက။ ညီရမယ် အနားညီရမယ်။ [503] အညီဖြစ်ရမယ် ဟုတ်။ အဲ့လိုမျိုး ဖြစ်ရမယ်။ [504] အဲ့လို အနားညီမှ အပ်စပ်တယ်။ အဲ့တော့ ဝိုင်းနေလို့ရှိရင် လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ [505] အဲ့တော့ လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့တော့ ထီးနဲ့ပတ်သက်လာရင် အဲ့လေးချက် မှတ်ပေးရမယ် နော်။ [506] အဲ့တော့ အရောင်မျိုးစုံပါတဲ့ ထီး မအပ်စပ်ဘူး။ အထိပ်မှာ အရစ်ပါရင် အောက်မှာ အရစ်ပါရင် မအပ်စပ်ဘူး။ [507] နောက် လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ [508] အဲ့ဒီဟာကို ရှောင်ရမယ် ထီးက နော်။ သံဃာတော်တွေနဲ့ အပ်စပ်အောင်။ အဲ့ဒါကြောင့် တချို့ မေးတယ်လေ။ ခေါက်ထီး အပ်စပ်လား မအပ်စပ်လား။ ခုနက လေးချက်နဲ့ တိုက်ကြည့်။ [509] ဟုတ်လား သွား။ အဲ့ဒါ လေးချက်တိုက်ကြည့် မညီဘူးဆိုရင် အပေါ် အဲ့ဒီ လေးချက်နဲ့ ညီတယ်ဆိုရင် မအပ်ဘူး။ ညီအပ်တယ်။