[510] အဲ့တော့ ခေါက်ထီး လက်ကိုင်ရိုးမှာ အရစ်ပါလား ကြည့်လိုက်။ အရစ်ပါရင် အဲ့အရစ်ကို ဖြုတ် အဲ့ဒါ အပ်တယ်။ [511] အေး မဖြုတ်လို့ မရဘူးဆိုရင် မဆောင်နဲ့ပေါ့။ အေး ခေါက်ထီးရဲ့ ထိပ်မှာရော အဲ့လို အရစ်တွေ ပါသလား ကြည့်။ [512] ဒါပေမဲ့ ယနေ့ခေတ် ထီးတော်တော်များများက အရစ်တွေ ထိပ်မှာ မပါဘူး နော်။ ငုံသီးလေးပဲ ပါ အချွန်လေးပဲ ပါတာပေါ့ နော်။ [513] အဲ့မှာ လက်ကိုင်မှာကျတော့ အချို့ အရစ်တွေ ပါတတ်တယ်။ [514] အချို့ အချစ်ပါတာ ရှိတယ်၊ အမွှမ်းပါတာ ရှိတယ်။ [515] ဟို တချို့ လက်ကိုင်မှာ ဟို ဘာလဲ လက်အရာပုံစံမျိုးလား ဟုတ်လား။ [516] လက်ကိုင်မှာလေ လက်ငါးချောင်း အရာပုံစံ လုပ်ထားတာပေါ့နော်။ [517] အဲ့ဒါကျတော့ အလှအယစ်မဟုတ်ဘူးပေါ့နော်။ [518] ကိုင်ဖို့အတွက် ခိုင်ခံ့အောင်လို့ လုပ်ထားတဲ့ သဘော အဲ့ဒါတော့ ရတယ်။ [519] အလှပုံစံမျိုး အယစ်ဖော်တိုင်းတော့ မအပ်စပ်ဘူး။ [520] အဲ့ဒါ သတိထားရမယ်ပေါ့။ [521] အချို့ အလှအယစ်ကလေးတွေ လုပ်ထားတာလေ။ [522] အဲ့ဒါဆိုရင် မအပ်စပ်ဘူး။ အဲ့ဒါကြောင့် ထီးနဲ့ပတ်သက်လာရင် ထိပ်မှာ အယစ်အဆိပ်ပါရင် မအပ်ဘူး။ [523] အောက်မှာ အယစ်တွေပါရင် မအပ်ဘူး။ [524] နောက် ချည်အရောင်စုံပါရင် မအပ်ဘူး။ [525] ဟိုနား လာချောင်းပုံသဏ္ဍာန်ပါရင် မအပ်ဘူး။ [526] နော် အဲ့ဒါကြောင့် သံဃာတော်တွေနဲ့ အပ်စပ်တဲ့ထီး မအပ်စပ်တဲ့ထီး အဲ့လိုခွဲရမယ်။ [527] အဲ့လို အဲ့ဒီမှာ မပါဘူး အဲ့ဒါ ထီးမရေးထားလိုက်ဘူး ဒီထဲမှာ။ [528] အဲ့တော့ နော် ကိုယ့်ဘာသာကိုယ်ပဲ အဲ့ဒါ မှတ်ကြပေါ့ ထီးကတော့ နော် အပ်စပ်ထီး မအပ်စပ်တဲ့ထီး။ [529] အဲ့တော့ ဖိနပ်ကလည်း တော်တော်တော့ ပြီးသွားပါပြီနော်။ ဖိနပ်ပြီးတယ် ထီးပြီးသွားတယ်။ [530] သပိတ်တွေလည်း ဦးဇင်းတို့ ရှေ့မှာတင် ပြောခဲ့ပြီးသားဆိုတော့ နော် ပြီးပြီ သပိတ်လည်း ပြီးသွားပြီ။ [531] ပလတ်စတစ်သပိတ်တွေ ဖန်သပိတ်တွေက မအပ်စပ်ဘူးနော်။ နှီးသပိတ်တွေ သံသပိတ်တွေ မအပ်စပ်ဘူး ပြောခဲ့ပြီးပြီ။ [532] သင်္ကန်းဆိုရင်လည်း ဖြစ်နိုင်ရင်တော့ ဓားကွက်ဓားဖောက် သင်္ကန်းဆိုရင်တော့ ပိုကောင်းတယ်ပေါ့နော်။ [533] အကုန်လုံး ဖြတ်ချုပ်ဆိုရင်တော့ ပိုကောင်းတယ်ပေါ့။ [534] အဲ့ဒါလည်း ပြောခဲ့ပြီးပြီပေါ့နော်။ အဲ့ဒါဆိုရင် သင်္ကန်း ဆွမ်း ကျောင်း ဆေးကတော့ တော်တော်များများ စုံသွားပြီ။ [535] အဲ့တော့ ဦးဇင်းတို့ ဒီ ဖြည့်စွက်သင်ခန်းစာလေးကို သွားကြည့်ရအောင်နော်။ [536] အဲ့တော့ ဖြည့်စွက်သင်ခန်းစာမှာ စစချင်း ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများတဲ့နော်။ [537] ရဟန်းတွေ မကိုင်ကောင်းတဲ့ အရာများက နံပါတ်တစ်က အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ။ [538] ဟိုနေ့က ပါသွားပြီနော် အမျိုးသမီးခန္ဓာကိုယ် မထိကောင်းဘူးဆိုတာ ပြောပြီးပြီ။ [539] ကိုယ့်အမေလည်း မရဘူး ကိုယ့်အစ်မလည်း မရဘူး ကိုယ့်ညီမလည်း မရဘူး။