[540] အဒေါ်တွေဘာတွေလည်း မရဘူး တူမ တူမလေးတွေလည်း မရဘူးပေါ့နော်။ [541] အမျိုးသမီးဆိုရင် ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ဘာစိတ်နဲ့မှကို ထိလို့မရတာ။ [542] ဒါ မကိုင်ကောင်းတဲ့ထဲမှာ ပါသွားတာ။ အာ ငါတို့က မသာယာဘူးဆိုလည်း မရဘူးနော်။ [543] ဒါက သာယာရင် အာပတ်တစ်မျိုး မသာယာရင် အာပတ်တစ်မျိုး။ [544] ဘယ်လိုပဲဖြစ်ဖြစ် အာပတ်ကတော့ မလွတ်ကို မလွတ်တာ။ [545] ဟုတ်ပြီနော် အဲ့တော့ ငါတို့က မသာယာပါဘူး ကိုယ့်ညီမမို့လို့ ကိုင်တာပါ ကိုယ့်တူမလေးမို့လို့ ကိုင်တာ မရပါဘူး။ [546] ဘယ်လိုမှ မရဘူး။ အာ ကိုယ့်အဖွားအရွယ်ပဲတဲ့ မရပါဘူးနော်။ [547] ဘယ်အရွယ်ပဲ ဖြစ်နေဖြစ်နေ မရပါဘူး။ [548] နောက် နံပါတ်နှစ်က အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ။ [549] ဒါ ဟိုနေ့ကလည်း ပြောခဲ့ပြီး ဝတ်ထားသည်ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ သူတို့ရဲ့ အဝတ်အစားတွေနော်။ [550] နောက် ခုနက တခြားအသုံးအဆောင်ပစ္စည်းတွေ မထိကောင်းဘူး မကိုင်ကောင်းဘူးပေါ့။ [551] ဒါ ဟို ကျောင်းမှာ ကျန်ခဲ့တဲ့ဥစ္စာကျတော့ ဒါ ကောက်သိမ်းပေးလို့ရတယ် ပြောခဲ့ပြီးပြီနော်။ [552] အဲ့ဒါ နောက်မှာလည်း တစ်ခု ပါဦးမှာ။ [553] နောက် နာမည်နဲ့ အမျိုးသမီး ရုပ်ပုံ ရုပ်ထု ပေါ့နော်။ [554] ဒီ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အမျိုးသမီးပုံ ပါတယ်လေ။ အဲ့ဒါတွေ မကိုင်ရဘူး။ [555] နောက် ခုနက အဲ့ဒီ ရုပ်ထုတွေ ပေါ့။ အမျိုးသမီး ရုပ်ထုတွေ သွားထိကိုင်လို့ မရဘူး။ ပန်းပု၊ ပန်းချီ၊ ပန်းပု ဘာမှ အမျိုးသမီးဆို ကိုင်လို့ မရဘူး။ [556] အဲ့တော့ ခုနက ပြောသလို ဟို မအပ်ကောင်းတဲ့ အထဲမှာ အမျိုးသမီး မအပ်ကောင်းဆိုတော့ အမျိုးသမီး အမ၊ တိရစ္ဆာန် အမတွေလည်း ပါတယ် ပြောခဲ့တယ်လေ။ [557] အဲ့အတိုင်းပဲ မကိုင်ကောင်းတဲ့ အထဲမှာလည်း တိရစ္ဆာန် အမတွေလည်း ပါတယ်ဆိုတော့ တိရစ္ဆာန် အမရုပ်တွေလည်း မကိုင်ရဘူး။ [558] ပုံတွေ ပေါ့နော်။ ပုံမှာ တိရစ္ဆာန် အမရုပ်ပုံ ပါရင်လည်း မထိရဘူး။ [559] အဲ့ကြောင့် ရှေးတုန်းက ဆရာတော်ကြီးတွေဆို မီးခြစ်မှာ နတ်သမီးရုပ်လေးတွေ ပါတော့ ဆရာတော်ကြီးတွေက အဲ့မီးခြစ်ဝါးလွှာကို ဖြတ်ပစ်လိုက်ရတယ်။ နတ်သမီးရုပ် ဖြတ်ပစ်လိုက်ရတယ်။ [560] အဲ့ကြောင့် ဦးဇင်းတို့ အမျိုးသမီးပုံ ပါတဲ့ ဥစ္စာကို ကိုင်ချင်တယ် ဆိုလို့ရှိရင် သူက နှစ်မျိုးရှိတယ် ကိုင်တာက။ [561] မထိအောင် ဘေးနား ကိုင်လို့ရတယ်။ သူက ပုံကို မထိရတာ။ စာအုပ်ကို ကိုင်လို့ရတယ်။ [562] ဥပမာ ပေါ့ ဆရာတော်တွေ သတင်းစာ ဖတ်ကြတယ်၊ ဂျာနယ်တွေ ဖတ်ကြတယ်။ အမျိုးသမီးပုံတွေ ပါတယ်လေ။ အဲ့တော့ မထိအောင် ကိုင်မယ်၊ ဘေးကနေ ကိုင်မယ်။ [563] ပုံက အလယ်မှာ ရှိမယ်၊ ကိုယ်က နံဘေးနားလေးကို ကိုင်ပြီး လှန်မယ် ပေါ့။ နော်။ အဲ့ဒါဆို ရတယ်။ [564] သူက အမျိုးသမီး ပါရင် ဘာမှ မထိရဘူး ဆိုတာ မဟုတ်ဘူးနော်။ ပုံကိုသာ မထိရတာ၊ ဘေးနံဘေးကို ထိလို့ရတယ်။ [565] အဲ့ကြောင့် အမျိုးသမီးပုံကို မထိနဲ့၊ ဘေးနံဘေးကို ထိ။ နော် အဲ့လိုမျိုး ရတယ်။ [566] တချို့က နားမလည်တော့ ဟို သွားပြီးတော့ အပြစ်မှားမိတတ်မှာ စိုးလို့ ပြောတာ။ [567] နောက်တစ်ခါ ကိုင်လို့ရတာက အမျိုးသမီးပုံကို ဘောပင်နဲ့ ခြစ်ပစ်လိုက်။ အဲ့ဒါဆို ပုံကို တိုက်ရိုက် ကိုင်လို့ ရသွားပြီ အဲ့ဒါဆိုရင်တော့။ [568] နော်။ ပုံကို ဆော့ပင်တို့ ဘောပင်တို့နဲ့ ပုံကို ခြစ်ပစ်လိုက် ပေါ့နော်။ အဲ့လိုဆို ဦးဇင်းတို့ ကိုင်လို့ ရသွားပြီ။ [569] အဲ့ကြောင့် ဦးဇင်းတို့ တစ်ခါ ကြုံဖူးတယ်လေ။ အဲ့ဒီ ဂျာမနီက အမျိုးသမီး တစ်ယောက်နဲ့ တစ်ခါ ကြုံတာ ပေါ့။