[570] အဲ့ဒီ သူငယ်ချင်း တစ်ယောက်က ဘုန်းကြီးလူထွက် တစ်ယောက်က သူ့မိတ်ဆွေ သူ့အလုပ်ပိုင်ရှင်နဲ့ တူပါတယ်၊ သူက ခေါ်လာတာ ပေါ့။ ကျောင်းလာပြတာ ဂျာမနီ အမျိုးသမီး ခေါ်လာတော့။ [571] ဦးဇင်းက အဲ့ဒီမှာ ဟို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ မိတ်ခွန်းလား ဘာလား မသိဘူး။ အဲ့စာအုပ် တစ်အုပ်ကို ဖတ်နေတဲ့ အချိန်။ [572] ဒါပေမဲ့ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတယ်လေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတော့ မအပ်စပ်ဘူးလေ။ [573] ဦးဇင်းက အဲ့ဒါကို အကုန်လုံး ဘောပင်နဲ့ ခြစ်ပစ်လိုက်တာ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အကုန်လုံး ဘောပင်နဲ့ အကုန် ခြစ်ပစ်လိုက်တာ။ [574] ခြစ်ပစ်လိုက်တော့ ဦးဇင်းက အဲ့ဒါကို ဖတ်နေတော့ သူက ပုံတွေကို ကြက်ခြေခတ်ထားတာ သူမြင်တော့ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လား" တဲ့။ [575] "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ကြက်ခြေခတ်ထားတာလား" ပေါ့။ ဟိုဆိုတော့ "မဟုတ်ဘူး" လို့။ [576] အဲ့တော့ ဝိနည်းမှာက ဒီအမျိုးသမီးပုံတွေက ရဟန်းတွေ ထိလို့မရဘူးလို့ [577] အဲ့ကြောင့် အမျိုးသမီးမှန်ရင် ဘယ်သူပဲဖြစ်ဖြစ် တို့က ကိုင်လို့မရတဲ့အတွက်ကြောင့် ကြက်ခြေခတ်ထားတာလို့ သူပြောတော့ [578] သူသဘောတွေ ကျသွားတယ် အဲ့လိုမျိုးပေါ့နော်။ [579] ဆိုတော့ အဲ့လိုမျိုးရှိတယ်ပေါ့။ [580] အဲ့ကြောင့် ဆိုလိုတာက အမျိုးသမီးပုံကို ထိလို့မရဘူး [581] သို့သော် ကြက်ခြေခတ်ထားရင် ဟိုဘောပင်နဲ့ ခြစ်ပစ်လိုက်ရင် ထိလို့ရတယ် [582] နောက်ဘာမှမလုပ်ရင်လည်း နှုတ်ခမ်းသားလေးကို ကိုင်တော့ ရတယ်နော်။ [583] အဲ့လိုမျိုးလည်း ရှိတယ်အေး။ [584] အဲ့ကြောင့် တချို့ဒကာမတွေက ဟိုတချို့စာအုပ်တွေ လှူဒါန်းတဲ့အခါမှာ အမျိုးသမီးပုံပါရင် ဘာလုပ်လဲဆိုတော့ [585] ကိုယ့်ဘာကိုယ် ဖြတ်ပြီးတော့ လှူကြတာမျိုးလည်း ရှိတယ်ပေါ့နော် ဆရာတော်ကို ကပ်တဲ့အခါမှာ [586] ကိုယ်တိုင်ပဲ အိမ်မှာ တစ်ခါတည်း ဖြတ်လာခဲ့တာမျိုးတွေရှိတယ်။ အဲ့လိုမျိုး။ [587] ဒါမှမဟုတ်လည်း တချို့ဒီလိုလေ တချို့စာအုပ်တွေမှာ မျက်နှာဖုံးမှာ အမျိုးသမီးပုံတွေပါတယ်။ [588] အဲ့ဆို ကိုင်ရတာ နည်းနည်းခက်နေတယ်ပေါ့ ချောင်ကိုင်ဖို့ကလည်း မလွယ်ဘူးလေ။ [589] အဲ့အခါကျတော့ အပြင်ကနေပြီးတော့ တစ်ခုခု အုပ်လိုက်ရင်လည်း ရတယ်။ [590] အပြင်ကနေ ဗလာစာအုပ်ဖြစ်ဖြစ် စာရွက်ဖြစ်ဖြစ် တစ်ခုခုနဲ့ cover ထားလိုက်ပေါ့။ [591] အဲ့ဆိုလည်း အမျိုးသမီးပုံကို မထိမိတော့ဘူးလေ။ [592] အဲ့ဒါမျိုးကျတော့ မထိမိဖို့က အဓိကပဲနော်။ [593] ရှိတာက ပြဿနာမရှိဘူး မထိဖို့လိုတယ်။ အေး။ [594] နောက်နံပါတ်လေးက ရတနာအမျိုးမျိုးတဲ့နော်။ [595] ရတနာဆိုရင် ဘယ်ရတနာမှ ရဟန်းတော်တွေ မထိကောင်းပါဘူးနော်။ [596] အလှူခံလို့လည်း မရဘူးပေါ့နော်။ [597] ဟို သံဃဿ ဒေမ လှူလာရင်လည်း မရဘူး။ [598] အဲ့တော့ တစ်ခုတော့ရှိတယ်ပေါ့ ဦးဇင်းတို့ တစ်နေ့က ပြောတယ်လေ။ [599] ဟိုကျောင်းတိုက်အား လှူပါ၏ဆိုရင်တော့ ရတယ်။