[600] ဒါပေမဲ့ ရဟန်းလက်ခံလို့တော့ မရဘူးလေ။ ငြင်းလည်း မငြင်းရဘူး ပြောခဲ့ပြီလေ။ [601] အဲ့တော့ ရဟန်းတော်တွေက ဆန်စပါးတွေ ကိုင်လို့မရဘူးလေ နော်။ [602] ဆန်စပါးတွေ ကိုင်လို့မရဘူး။ [603] အဲ့တော့ ကျောင်းသားတွေ ကပ္ပိယတွေကိုပဲ ပေးရမှာပေါ့ ဆန်တွေစပါးတွေ ကပ်မယ်ဆိုရင်လေ။ [604] နောက် လက်နက်အမျိုးမျိုး နော်။ [605] ရဟန်းတွေက ဘယ်လက်နက်မှ ကိုင်လို့မရဘူး။ [606] မကိုင်ဘူးလို့ ဆိုပြီး သေနတ်တွေဘာတွေ သွားကိုင်ကြည့်တာ ကိုင်ကြည့်လို့မရဘူးနော်။ [607] တချို့က သေနတ် ဒကာကြီး ခဏ သေနတ်ခဏလောက် ပေးစမ်း ကိုင်ကြည့်ချင်လို့ပါဆို သွားကိုင်လို့မရဘူး။ [608] တကယ့်အစစ်ပြောတာပေါ့နော်။ အတုတော့မဟုတ်ဘူးပေါ့။ ကလေးကစားစရာ ပလတ်စတစ်သေနတ်တော့ မဟုတ်ဘူးပေါ့။ [609] အဲ့တော့ တကယ့်သေနတ်တွေဘာတွေ ရဟန်းတွေ သွားကိုင်လို့မရဘူး။ လက်နက်တွေလေ။ [610] လှံတို့ မြှားတို့ လေးတို့ ဟုတ်လား သူက။ အဲ့ဒါတွေ ရဟန်းတွေ ကိုင်လို့မရဘူး။ [611] အဲ့တော့ နောက်တစ်ခါ တူရိယာအမျိုးမျိုးတဲ့ နော်။ [612] ဒီဗုံတွေ အိုးစည်တွေ ရဟန်းတွေ ထိလို့မရဘူးနော်။ [613] ယနေ့ခေတ်ဆိုရင် ဘာအော်ဂန်တွေ ဟုတ်လား သူက။ ဒရမ်တို့ဘာတို့ပေါ့။ အကုန်လုံး ရဟန်းတွေ ခေတ်ပေါ်တူရိယာဖြစ်ဖြစ် ရှေးဟောင်းတူရိယာဖြစ်ဖြစ် ဘယ်တူရိယာမျိုးစုံကိုမှ ရဟန်းတွေ ကိုင်လို့မရဘူး ထိလို့မရဘူး။ [614] သာယာတာ မသာယာတာနဲ့ မဆိုင်ဘူးနော်။ ငါတို့က မသာယာဘူး မသာယာရင် လုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့ သဘောသက်ရောက်နေတယ်နော် ယနေ့ခေတ်ကလေ။ [615] မဆိုင်ဘူးနော် ဒါတွေက သာယာသည်ဖြစ်စေ မသာယာသည်ဖြစ်စေ လုံးဝထိလို့မရတဲ့ ပစ္စည်းတွေ ဒါတွေက။ [616] ဟုတ်ပြီနော်။ အခုပြောခဲ့တဲ့ ပစ္စည်းစာရင်းသည် သာယာရာ မသာယာရာ မထိကောင်းတဲ့ ပစ္စည်းတွေ ဒါက နော်။ [617] အဲ့တော့ ငါတို့က မသာယာဘူး မမြတ်နိုးဘူးလို့ ကိုင်ကြည့်တာလည်း မရဘူးနော်။ ကိုင်လို့ကို မရတာ အဲ့ဒါမျိုး။ [618] ကဲ အဲ့ဒါဆို ဦးဇင်းတို့ ဆက်ကြည့်ရအောင်။ ဒါဆိုရင် ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများ ခုနစ်မျိုးပေါ့နော်။ [619] တစ်ခေါက်လောက်တော့ ဖတ်ကြည့်လိုက်ပါ ခဏလောက် အားလုံးဆိုကြည့်ပါဦး။ အမျိုးသမီးကိုယ်ခန္ဓာ။ [620] အမျိုးသမီးသုံးဆောင်ပစ္စည်း ဝတ်ဆင်ထားသည်ဖြစ်စေ မဝတ်ဆင်ထားသည်ဖြစ်စေ အမျိုးသမီးရုပ်ပုံ ရတနာမျိုးစုံ။ [621] စပါးမျိုးစုံ လက်နက်မျိုးစုံ တူရိယာမျိုးစုံ။ [622] ဟုတ်ပြီနော်။ ဒါ ဦးဇင်းတို့ ဘုရားဥပဒေတော်ကြီးမှာလည်း အဲ့ဒါ ကြည့်လို့ရတယ်ပေါ့။ ကျမ်းညွှန်းလေးလည်း ပေးထားပါတယ်နော်။ [623] ဒါ ဆရာတော်ကြီးက ဟို အဋ္ဌကထာတွေထဲမှာ ပျံ့နှံ့စကားတွေကြီး ဝိနည်းက တစ်နေရာတည်းမှာ စုမနေဘူး သူက။ [624] ဟိုနေရာ ဒီနေရာ ကောက်သင့်ကောက်သလို ကောက်ထားရတာ သူက။ အဲ့ဒါကြောင့် ဒီမှာ တစ်စုတစ်စည်းတည်းဖြစ်အောင်လို့ ပြန်ဖော်ပြပေးထားတာ။ [625] စာအုပ်မှာ လိုက်ရှာမယ်ဆို တော်တော်ရှာရတာ သူက ဟိုမှာတစ်ခု ဒီမှာတစ်ခု ပျံ့နေတာ သူကနော်။ နောက် ကုလဒူသန ရှစ်ပါးဆိုတာ ဒါကို ရှေ့က ဦးဇင်းတို့ ဟိုစာအုပ်ထဲမှာလည်း နည်းနည်းပါသွားပါပြီနော်။ [626] ဟို ရဟန်းတော်တွေဆီမှာ သစ်သီးတို့ ပန်းတို့ မတောင်းကောင်းဘူးဆိုတာလေ။ [627] ဒါ အခု တစ်နေရာတည်းမှာ ပြန်စုပြလိုက်တဲ့ သဘော။ အားလုံးမှ ရှစ်ခုပေါ့ သူက။ [628] အားလုံး ဆိုကြည့်ပါဦး။ ပန်းပေးခြင်း၊ [629] ပန်းပေးခြင်း၊ ဓမ္မပူပေးခြင်း၊ သစ်သီးပေးခြင်း၊ ဆပ်ပြာပေးခြင်း၊ မြေညက်ပေးခြင်း၊ ဝါးပေးခြင်း၊ စေခိုင်းရာသို့ သွားခြင်း၊ ဆေးကုခြင်း။