[660] အဲတော့ သစ်ရွက်ဆိုတာက သူတို့ခေတ်က ဒီခေါင်မိုးတွေမှာ မိုးလို့ရတယ်။ [661] သက်ကယ်မိုး ပုံစံမျိုးလေး၊ အဲလိုမျိုး အင်ဖက်တွေဘာတွေဆို ဦးဇင်းတို့က မိုးလို့ရတယ်လေ။ [662] အဲလိုမျိုး အသုံးပြုလို့ရတဲ့ သစ်ရွက်တွေပေါ့နော်။ [663] နောက် ဟင်းရွက်တွေ ပုံစံမျိုးလေး စားလို့ရတဲ့ ဟင်းရွက်တွေဘာတွေဆိုတာ သစ်ရွက်ထဲမှာ ပါတယ်ပေါ့။ [664] အဲဒါမျိုးတွေ မပေးကောင်းဘူးပေါ့။ [665] နောက် ဒန်ပူပေးတာ၊ ဒါပြောပြီး မျက်နှာသစ်ရေ၊ နောက် ရေတွေဘာတွေ ပေးတာ။ [666] ချိုးရေပေးခြင်းလည်း မရဘူးနော်။ [667] အဲတော့ တချို့ တောရွာတွေမှာ ကြုံဖူးတယ်။ ဘုန်းကြီးကျောင်းမှာ ရေတွင်းတူးထားတာလေ။ [668] အဲတော့ ဘုန်းကြီးကျောင်းမှာ ရေလာခပ်ကြတယ်။ [669] ဒါမျိုးတွေလည်း ဒါ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့။ [670] ချိုးရေပေးခြင်း၊ မျက်နှာသစ်ရေပေးခြင်း တစ်ခုမှ မရဘူးလေ။ [671] ရေပေးလို့ မရဘူး။ အဲတော့ စကတည်းက လူတွေကနေပြီးတော့ သူတို့ဘာသာသူတို့ ကျောင်းနားမှာ သူတို့လာတူးထားတာ ပြဿနာမရှိဘူး။ [672] ဘုန်းကြီးတွေက သူတို့ဘာသာသူတို့ ကျောင်းသံဃာသုံးဖို့အတွက် တူးထားတဲ့ ဥစ္စာကို လူတွေလာတောင်းတယ်ဆို ဘုန်းကြီးတွေ ပေးလို့မရဘူး ဒီရေကို။ [673] ဘုန်းကြီးတွေရဲ့ အဝီစိတွင်းရေ ပေးလို့မရဘူး။ [674] ဘုန်းကြီးတွေ အဲဒါ ရေပေးတဲ့အလုပ်ကို ဘုန်းကြီးတွေ လုပ်လို့မရဘူး။ [675] မျက်နှာသစ်ရေလည်း ပေးလို့မရဘူး၊ ချိုးရေလည်း ပေးလို့မရဘူး။ ဘုန်းကြီးတွေ ရေပေးခွင့်မရှိဘူး။ [676] ဟုတ်ပြီနော်၊ ဒါ သတိထားစရာတွေ တစ်ခုပဲ။ ဒါ အနေသနထဲမှာ ပါတယ်နော်။ [677] နောက်တစ်ခါ ဆပ်ပြာပေးခြင်း ပါပြီးသွားပြီ၊ မြေညက်ပေးခြင်း ပါပြီးသွားပြီ၊ ဝါးပေးခြင်း ပါပြီးသွားပြီ၊ ဆေးကုခြင်း ပါပြီးသွားပြီ။ [678] နောက် ဆွမ်းပေးခြင်း တိုးလာတယ်။ လက်ဆောင်ပေးခြင်းပေါ့ present နော် လက်ဆောင်ပေးခြင်းတွေ။ [679] နှစ်သစ်လက်ဆောင်ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာတို့ ဘုန်းကြီးနဲ့ လူနဲ့က ဘာမှမဆိုင်တဲ့ ကိစ္စတွေ ဒါတွေနော်။ [680] အဲတော့ သူ့မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့၊ ကိုယ့်မွေးနေ့လက်ဆောင်မို့လို့ ပေးရတာနဲ့ အဆင်မပြေတဲ့ ကိစ္စတွေပေါ့နော်။ [681] လက်ဆောင်တော့ ဘုန်းကြီးဆီမှာလည်း သွားမတောင်းနဲ့၊ အရှင်ဘုရား လက်ဆောင်ပေးဦးလေဘုရား သွားမတောင်းနဲ့နော်။ [682] တချို့က သွားပြီးတော့ ခင်တဲ့အခါကျတော့လေ အရှင်ဘုရား တပည့်တော်ကို လက်ဆောင်မပါဘူးလားဘုရား ဆိုတာမျိုး လုပ်သေးတာနော်။ [683] မလုပ်ကောင်းပါဘူး၊ အဲဒီအကျင့်တွေ ဖျောက်ရတော့မယ်နော်။ အဲဒါတွေ ဖျောက်ရမယ်။ [684] အဲဒါ လက်ဆောင်တောင်းခြင်း မလုပ်ရပါဘူး။ [685] နောက် စေခိုင်းရာသို့ သွားခြင်း ခုနကလို ဒကာဒကာမတွေက ခိုင်းတာပေါ့။ [686] အရှင်ဘုရား ဘယ်သွားပေးပါဦး၊ အေး သွားလိုက်မယ် ဒကာမကြီး သွားလိုက်ဦးမယ်ဆို ခိုင်းတာ မသွားပေးရဘူး။ [687] စေခိုင်းရာကို အလုပ်ပေးခြင်းပေါ့နော်၊ ဘာလေးလုပ်ပေးပါဦးဘုရား မလုပ်ပေးရဘူးနော်။ [688] ကလေးထိန်းပေးခြင်း ဒါမျိုး မလုပ်ရဘူးနော်။ ကလေးထိန်းတဲ့ အလုပ် ဘုန်းကြီးအလုပ် မဟုတ်ဘူး။ [689] နော် ကလေးထိန်းတာ မလုပ်ရဘူး။ ဘုန်းကြီးက ကလေးထိန်းတဲ့ အလုပ် မထိုက်တန်ပါဘူး။