[690] အဲ့တော့ ဟို ကလေးပွေ့ချီတာတွေလည်း ပါတာပေါ့ အဲ့ထဲမှာလေ။ ထိန်းတယ်ဆိုတဲ့ နေရာမှာလေ။ [691] ကလေးတွေဘာတွေ ပွေ့ချီတဲ့ အလုပ်တွေ မလုပ်ရဘူး။ [692] နောက် လိုက်လျော၍ ပြောဆိုခြင်းဆိုတာက ဟို လူအကြိုက်ကို လိုက်ပြောတာ။ [693] မဟုတ်မမှန်ဘဲနဲ့ ပြောတာနော်။ ဟုတ်မှန်တာကို လိုက်ပြောတာ ပြဿနာမရှိဘူး။ [694] မဟုတ်ဘဲနဲ့ သူတို့ သဘောကျအောင် လိုက်ပြောတာ သဘော မလုပ်ရဘူး ဒါနော်။ [695] ဒါ ဟို လူတွေကို ဖားတဲ့ သဘောလည်း ဖြစ်စေရဘူး ဆိုလိုတာပဲ အဓိကတော့နော်။ အဲ့သဘော မဖြစ်စေရဘူးပဲ။ [696] နောက် မိမိကိုယ်ကို အောက်ချ၍ ဒကာကို မြှောက်ပင့် ပြောဆိုခြင်းဆိုတာ [697] တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အရမ်းနှိမ့်ချလွန်းခြင်း လူတွေနဲ့ ပတ်သက်လာလို့ရှိရင်လေ။ [698] မလုပ်ရဘူး ဘုန်းကြီးဆိုတာ အဲ့လိုမျိုး အောက်သံနဲ့ကျ မလုပ်ရဘူး လူတွေဆီမှာလည်းနော်။ [699] ဒကာကိုကျတော့ မြှောက်တယ်။ ကိုယ့်ကျတော့ နှိမ့်ချပြီး ပြောတယ်။ [700] ဒါက ကိုယ့်သံဃာချင်းချင်းသာ နှိမ့်ချရမှာ။ လူတွေရှေ့မှာ ဘုန်းကြီးဆိုတာ နှိမ့်ချပြောတာမျိုး မဟုတ်ဘူး။ [701] နောက် မြေ၏ အကျိုးအပြစ်ကို ဟောပြောခြင်းဆိုတာက ဒီမြေမှာ ဟို ဆိုင်ခန်းဖွင့်ရင် ကောင်းတယ်။ [702] ဒီမြေက ဘူမိနက်သန်မြေ ဘာညာပေါ့ ဟောပြောတာလေ။ အဲ့ဒီနေရာက မြေကောင်း၊ အောင်မြေ။ [703] ဒီနေရာမှာ ဆိုင်ခန်းဖွင့်၊ အရှေ့ဘက်ကို လှည့်၊ အနောက်ဘက်ကို လှည့် ဒါမျိုးတွေပေါ့နော်။ [704] ဆိုင်ခန်းတွေ၊ ကုမ္ပဏီတွေ၊ အိမ်တွေ ဆောက်ဖို့အတွက်ကို နမိတ်တွေဘာတွေ မြေတွေဘာတွေ သွားသတ်မှတ်ပေးတာမျိုး မလုပ်ရဘူး။ [705] အဲ့တော့ ဘုန်းကြီးကို သွားမပင့်နဲ့။ အရှင်ဘုရား လိုက်ကြည့်ပေးပါဦး တပည့်တော်တို့ မြေလေးဘာလေး။ [706] သွားမပင့်နဲ့နော်။ မလုပ်ရဘူး ဒါနော်။ ဟို ပရိတ်ရွတ်ဖို့ ပင့်တာ ပင့်လို့ရတယ်။ [707] အဲ့တော့ မြေကောင်းလား ဆိုးလား သွားဘုန်းကြီး မမေးနဲ့နော်။ [708] တပည့်တော်တို့က ဒီမြေမှာ အိမ်ဆောက်သင့်လား မဆောက်သင့်လား ကြည့်ပေးပါဦး ဘုရားနော်။ [709] အဲ့ဒါ မလုပ်ရဘူး။ အဲ့ဒါ မမေးရဘူး။ ဘုန်းကြီးဆိုတာက ဟို ဗေဒင်ဆရာမှ မဟုတ်တာနော်။ [710] အဲ့တော့ ကိုးကွယ်မှု မှားနေတယ်။ ဘုန်းကြီးနဲ့ ဗေဒင်ဆရာနဲ့ကို လွဲနေတာ ဖြစ်နေတယ်နော်။ [711] နောက် ၂၂ က နက္ခတ်ဗေဒင် ဟောခြင်းပေါ့။ နက္ခတ်လည်း မပြောရဘူး၊ ဗေဒင်လည်း မပြောရဘူးနော်။ [712] အား ဒကာကြီးတွေ ဒီနက္ခတ်နဲ့ ဒီနက္ခတ် ချိတ်နေပြီ။ ဒီအချိန်မှာ အကောင်းဆုံးပဲ။ စီးပွားရေးလုပ် အောင်မြင်မယ်။ [713] နောက် ဒီအချိန်မှာ ကုမ္ပဏီဖွင့်၊ ဘယ်နေ့ကျရင် ရုံးခန်းဖွင့် ကောင်းတယ်ဆိုတာ။ [714] အဲ့လို အခါပေးတာမျိုးတွေ မလုပ်ရဘူး။ အခါပေးတွေ ရဟန်းအလုပ် မဟုတ်ဘူးနော်။ [715] အခါပေးခြင်းအလုပ် ရဟန်းအလုပ် မဟုတ်ဘူး။ ဗေဒင်ဟောတာ ရဟန်းအလုပ် မဟုတ်ဘူးနော်။ [716] နောက် အင်္ဂါဝိဇ္ဇာ ဟောခြင်း အတူတူပဲပေါ့နော်။ ဒါ ခန္ဓာကိုယ် အင်္ဂါတွေ ကြည့်ပြီးတော့ သတ်မှတ်ပြောတာလေ။ [717] အဲ့ဒီ မင်းအင်္ဂါက ဒါ မင်းဖြစ်မယ့် အင်္ဂါပဲ၊ သူဌေးဖြစ်မယ့် အင်္ဂါပဲ ဆိုတာမျိုး ဟောပြောတာတွေ ရဟန်း မလုပ်ရပါဘူးနော်။ [718] အဲ့တော့ အဲ့လို လုပ်လို့ရတဲ့ ပစ္စည်းတွေဟာ ဘယ်သံဃာမှ ဘယ်ဝိနည်းမှ မသုံးကောင်းတဲ့ ပစ္စည်းတွေ။ [719] ခုန ကုလဒူသန ၈ ပါး၊ အနေသန ၂၁ ပါး။