[720] အဲ့ဒီကိစ္စတွေဟာ ရဟန်းတော်တွေ လုံးဝမလုပ်ရပါဘူး။ [721] ဒီလိုလုပ်လို့ ရလာတဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးသည် ဘယ်ကိုရင်၊ ဘယ်ဦးဇင်းမှ မသုံးကောင်းပါဘူး။ [722] အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ပရဟိတလုပ်ငန်းတွေက နည်းနည်းစဉ်းစားစရာရှိတယ်နော် ဒီကိစ္စတွေမှာ။ [723] အဲ့တော့ ဒီ ကုလဒူသနကိစ္စ၊ အနေသနကိစ္စနဲ့ သွားငြိတွယ်နေတယ်။ [724] အဲ့တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဇင်းတို့ သီတဂူဆရာတော်ကြီးတို့၊ ရွှေကျင်ဆရာတော်ကြီးတို့က ဝိနိစ္ဆယတစ်ခု စာတမ်းတစ်ခုကို ရေးခဲ့သေးတယ်။ [725] ဟို အချို့ကလည်း ဒီလိုပြောတာလေ။ [726] မျှော်လင့်ချက်မရှိဘဲနဲ့ တမင်တကာ ဂရုဏာစိတ်နဲ့ သနားစိတ်နဲ့ လုပ်ရင်ရော မရဘူးလားလို့ မေးကြတာလေ။ [727] ဘာမှသူတို့ဆီက မမျှော်လင့်ဘူး။ သူတို့ငါ့ကို လှူပါစေ၊ ပေးပါစေဆိုတဲ့စိတ် လုံးဝမပါဘူး။ [728] မရဘူး။ ရွှေကျင်ဆရာတော်ကြီးက လုံးဝမရဘူး။ အာမိသကို မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ မပေးရဘူး။ [729] အဲ့တော့ အာမိသကို မျှော်လင့်ပြီး ပေးလို့ရှိရင် ဦးဇင်းတို့ ကုလဒူသနလည်းဖြစ်တယ်၊ မိစ္ဆာဇီဝလည်းဖြစ်တယ်။ အာပတ်နှစ်ချက်တောင် သင့်တယ် သူက။ [730] သုံးချက်သင့်တယ် နောက်တစ်ခုက။ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့ လှူထားတဲ့ပစ္စည်းကို လူတကာကို ပေးလိုက်တဲ့အတွက်ကြောင့် အာပတ်တစ်ချက် ထပ်သင့်ပြန်တယ်။ [731] သူက သဒ္ဓါဒေယျ ဝိနိပါတ ဒုက္ကဋ်လို့ ခေါ်တယ်။ အာပတ်သုံးချက်သင့်တယ်။ ဟုတ်ပြီနော်။ [732] မျှော်လင့်ချက်နဲ့ပေါ့။ ဒီလိုငါ ရေပေးလိုက်လို့ရှိရင်ပေါ့။ [733] ဘုန်းကြီးက ပရဟိတ ထောက်ကူထောင်ထားတယ်၊ ရေပေးဝေတဲ့ ပရဟိတတစ်ခု လုပ်မယ်။ [734] အဲ့တော့ ရေတွေပေးဝေလို့ရှိရင် ငါ့ကိုလူတွေက ကြည်ညိုကြလိမ့်မယ်။ [735] ငါ့ကိုကျောင်းတွေ လာဆောက်ပေးကြလိမ့်မယ်၊ ပစ္စည်းလေးပါးတွေ လာလှူကြလိမ့်မယ်ဆိုတဲ့ အနေနဲ့ မျှော်လင့်ချက်ထားမယ်ပေါ့။ [736] အဲ့လိုမျှော်လင့်ချက်ထားပြီးတော့ အဲ့ဒီရေပေးဝေတဲ့အလုပ်ကို လုပ်ခဲ့ရင်။ [737] ဟုတ်ပြီနော်။ အဲ့ဒါဆိုရင် သူက မျှော်လင့်ချက်ထားတဲ့အတွက်ကြောင့် သူ့ကို မိစ္ဆာဇီဝလို့ ခေါ်တယ်။ [738] အဲ့တော့ ဒုက္ကဋ်တစ်ချက်သင့်တယ်။ [739] နောက်တစ်ခါ ဟို လူတွေရဲ့ သဒ္ဓါတရားကို ဖျက်ဆီးရာရောက်တဲ့အတွက်ကြောင့် ကုလဒူသန ဒုက္ကဋ်တစ်ချက် ထပ်သင့်ပြန်တယ်။ [740] နောက်တစ်ခါ ဒကာဒကာမတွေ ဒီရေပေးတဲ့ ဝတ္ထုငွေတွေက ဒကာဒကာမတွေ သဒ္ဓါတရားလှူထားတဲ့ ပိုက်ဆံတွေ ဖြစ်နေတယ်။ [741] အဲ့တော့ ဒကာဒကာမတွေ သဒ္ဓါတရားနဲ့လှူထားတဲ့ ပိုက်ဆံကို အလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် ဒုက္ကဋ်ပဲ တစ်ချက်ထပ်သင့်ပြန်တယ်။ [742] အဲ့တော့ အာပတ်သုံးချက်သင့်တယ်လို့ ဦးဇင်းတို့ ရွှေကျင်ဆရာတော်ကြီးက ဆုံးဖြတ်ထားတာ။ [743] ရွှေကျင်ဆရာတော်ကြီးရဲ့ ဒီကုလဒူသန ဝိနိစ္ဆယရှိတယ်။ အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးခဲ့ရင် အာပတ်သုံးချက်။ [744] မျှော်လင့်ချက်မပါဘဲ ပေးခဲ့ရင် နှစ်ချက်။ [745] သူက ကုလဒူသန မျှော်လင့်ချက်မပါဘဲနဲ့ ပေးခဲ့ရင်တော့ မိစ္ဆာဇီဝတော့ မဖြစ်ဘူး။ ဒါပေမဲ့ ကုလဒူသန အာပတ်သင့်တယ်။ [746] နဲ့ နောက် သဒ္ဓါဒေယျ ဝိနိပါတ လို့ ခေါ်တဲ့ ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်ဆီးမှု အာပတ် တစ်ချက် ထပ်သင့်တယ်။ [747] အဲ့တော့ မျှော်လင့်ချက်နဲ့ ပေးရင် သုံးချက်၊ မျှော်လင့်ချက် မပါဘဲ ပေးရင် နှစ်ချက်။ [748] နော်။ အဲ့ဒါ ဦးဇင်းတို့ အကျယ်တဝင့် ဖတ်ချင်ရင်တော့ ရွှေကျင်ဆရာတော်ကြီးရဲ့ ဧကုနုတ္တရ ဝိနိစ္ဆယ စာတမ်းထဲမှာ ဖတ်လို့ ရပါတယ်။ [749] ဒါ အကျဉ်းချုပ်လေး ပြောပြတာနော်။ တချို့က "တပည့်တော်တို့က ဘာမှ မမျှော်လင့်ဘူး၊ လူတွေ ချမ်းသာဖို့ပဲ ပေးတာပါ" လို့ ပြောတတ်လို့ ဒီဟာကို ပြောပြတာနော်။