1
00:00:00,000 --> 00:00:03,054
ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။

2
00:00:03,054 --> 00:00:08,901
စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည် လက်နက်များကို ကိုင်ပြီး တရားမနာကောင်းပုံ နော်။

3
00:00:08,901 --> 00:00:19,636
တရားတော် နာယူသည့် ယောဂဝေဒနာတစ်စုံတစ်ရာမရှိ ကျန်းမာသူဖြစ်လျှင် လက်ဖြင့် ထီးကို ကိုင်လျက် မဆောင်းဘဲဖြစ်စေ ဆောင်းမိုးလျက်ဖြစ်စေ တရားမနာယူကောင်းပါတဲ့ နော်။

4
00:00:19,636 --> 00:00:30,371
တရားနာယူတော့မည်ဆိုလျှင် ထီးကို မြေပေါ်မှာ မြေပေါ်၌ဖြစ်စေ ပေါင်ပေါ်၌ဖြစ်စေ ချထားပြီး လက်ဖြင့် မထိမကိုင်ဘဲ လုံးဝ လွှတ်ထားမှသာလျှင် တရားကို နာယူကောင်း၏။

5
00:00:30,371 --> 00:00:32,466
ထီးဆောင်းထားမှ မဟုတ်ဘူးပေါ့ နော်။

6
00:00:32,466 --> 00:00:37,091
ဟို ရောဂါရှိလို့ အရမ်းနေပူလို့ မခံနိုင်လို့ ထီးဆောင်းထားတာက ရတယ်။

7
00:00:37,091 --> 00:00:42,589
သာမန် ဘာမှလည်း ရောဂါတစ်စုံတစ်ရာမရှိဘူး နေလည်းမပူ မိုးလည်းမရွာဘဲနဲ့ ထီးဆောင်းထားတယ်။

8
00:00:42,589 --> 00:00:45,557
တချို့ ထီးမဆောင်းထားဘူး ထီးကို လက်က ကိုင်ထားတယ်။

9
00:00:45,557 --> 00:00:48,437
အဲလိုဆိုရင် ဦးဇင်းတို့ တရားနာလို့ မရဘူး။

10
00:00:48,437 --> 00:00:51,317
လူမှာ အပြစ်ရှိတာ မဟုတ်ဘူးနော် ဒါ ရဟန်းမှာ အပြစ်မရှိတာ။

11
00:00:51,317 --> 00:00:56,030
အဲတော့ ရဟန်းတွေ အပြစ်မရှိအောင် ကိုယ်က ချောင်မြွေဖို့အတွက်ကို ဒါ သင်တန်းပေးရတဲ့ သဘော။

12
00:00:56,030 --> 00:00:58,910
အဲတော့ ထီးကိုင်ထားတဲ့ လူကို တရားဟောခွင့် မရှိဘူး။

13
00:00:58,910 --> 00:01:03,012
အဲတော့ ဦးဇင်းတို့က ဒကာကြီး ထီးချလိုက်ပါလို့ ပြန်ပြောရမှာ ဦးဇင်းတို့ဘက်ကလည်း။

14
00:01:03,012 --> 00:01:06,154
ဒကာမကြီး ထီးကို အောက်မှာ ချထားလိုက်ပါလို့ ပြောရမှာ။

15
00:01:06,154 --> 00:01:13,746
အဲတော့ ဆောင်းထားမှ မဟုတ်ဘူး အဲတော့ ထီးဆောင်းထားရင်လည်း မဟောကောင်းဘူး၊ လက်မှာ ချိတ်ထား လက်မှာ ကိုင်ထားရင်လည်း မဟောကောင်းပါဘူးပေါ့ နော်။

16
00:01:13,746 --> 00:01:18,721
အဲတော့ အောက်ကို ချထားမှ သို့မဟုတ် ခုန ထိုင်နေတဲ့အခါမှာ ပေါင်ပေါ်မှာ တင်ထားလည်း ရတယ်။

17
00:01:18,721 --> 00:01:21,601
အဲတော့ အဲလိုမျိုးဆိုရင် တရားဟောလို့ ရပြီပေါ့။

18
00:01:21,601 --> 00:01:24,481
မရိုမသေတဲ့ သဘောပါတဲ့အတွက်ကြောင့်ပေါ့။

19
00:01:24,481 --> 00:01:31,201
မိမိထီးကို မိမိကိုယ်အင်္ဂါတစ်စုံတစ်ခုနှင့် ထိနေသော်လည်း မိမိလက်ဖြင့် မထိမကိုင်ဘဲ ထားနေခြင်းဖြင့်လည်းကောင်း၊

20
00:01:31,201 --> 00:01:36,176
သူတစ်ပါးက မိမိခေါင်းပေါ်သို့ ဆောင်းမိုးပေးထားခြင်းအားဖြင့်လည်းကောင်း တရားကို နာယူကောင်းပါ၏။

21
00:01:36,176 --> 00:01:41,674
ကိုယ်ကိုယ်တိုင် ဆောင်းထားတာတော့ မဟုတ်ဘူး သူများနောက်က ဆောင်းပေးလို့ ကိုယ်က လုပ်ရှိပြီး နာတာ ရတယ် နော်။

22
00:01:41,674 --> 00:01:45,776
အဓိက လက်နဲ့ ကိုင်ခြင်း ဆောင်းခြင်း မရှိဖို့ပေါ့။ အဓိက အဲဒါပဲ။

23
00:01:45,776 --> 00:01:50,402
အဲတော့ လက်နဲ့ မကိုင်ထားရဘူး အောက်မှာ ချထား ပေါင်ပေါ်မှာ တင်ထား ရတယ် နော်။

24
00:01:50,402 --> 00:01:54,504
အဲဒါဆိုရင် ဦးဇင်းတို့ တရားဟောလို့ ရတယ်။ အဓိကတော့ လက်နဲ့ ကိုင်ထားခြင်း မရှိဖို့ပေါ့။

25
00:01:54,504 --> 00:01:57,002
စာထဲမှာက သူက န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယာလို့ ပြောတာကိုး။

26
00:01:57,002 --> 00:02:00,002
ဆတ္တပါဏိဿ ဆိုတာ လက်၌ ထီးရှိသူ။
