ကဲ ဦးဇင်းတို့ စာမျက်နှာ ၇၂ နော်။ စာမျက်နှာ ၇၂ ထီးတောင်ဝှေး ဓားစသည် လက်နက်များကို ကိုင်ပြီး တရားမနာကောင်းပုံ နော်။ တရားတော် နာယူသည့် ယောဂဝေဒနာတစ်စုံတစ်ရာမရှိ ကျန်းမာသူဖြစ်လျှင် လက်ဖြင့် ထီးကို ကိုင်လျက် မဆောင်းဘဲဖြစ်စေ ဆောင်းမိုးလျက်ဖြစ်စေ တရားမနာယူကောင်းပါတဲ့ နော်။ တရားနာယူတော့မည်ဆိုလျှင် ထီးကို မြေပေါ်မှာ မြေပေါ်၌ဖြစ်စေ ပေါင်ပေါ်၌ဖြစ်စေ ချထားပြီး လက်ဖြင့် မထိမကိုင်ဘဲ လုံးဝ လွှတ်ထားမှသာလျှင် တရားကို နာယူကောင်း၏။ ထီးဆောင်းထားမှ မဟုတ်ဘူးပေါ့ နော်။ ဟို ရောဂါရှိလို့ အရမ်းနေပူလို့ မခံနိုင်လို့ ထီးဆောင်းထားတာက ရတယ်။ သာမန် ဘာမှလည်း ရောဂါတစ်စုံတစ်ရာမရှိဘူး နေလည်းမပူ မိုးလည်းမရွာဘဲနဲ့ ထီးဆောင်းထားတယ်။ တချို့ ထီးမဆောင်းထားဘူး ထီးကို လက်က ကိုင်ထားတယ်။ အဲလိုဆိုရင် ဦးဇင်းတို့ တရားနာလို့ မရဘူး။ လူမှာ အပြစ်ရှိတာ မဟုတ်ဘူးနော် ဒါ ရဟန်းမှာ အပြစ်မရှိတာ။ အဲတော့ ရဟန်းတွေ အပြစ်မရှိအောင် ကိုယ်က ချောင်မြွေဖို့အတွက်ကို ဒါ သင်တန်းပေးရတဲ့ သဘော။ အဲတော့ ထီးကိုင်ထားတဲ့ လူကို တရားဟောခွင့် မရှိဘူး။ အဲတော့ ဦးဇင်းတို့က ဒကာကြီး ထီးချလိုက်ပါလို့ ပြန်ပြောရမှာ ဦးဇင်းတို့ဘက်ကလည်း။ ဒကာမကြီး ထီးကို အောက်မှာ ချထားလိုက်ပါလို့ ပြောရမှာ။ အဲတော့ ဆောင်းထားမှ မဟုတ်ဘူး အဲတော့ ထီးဆောင်းထားရင်လည်း မဟောကောင်းဘူး၊ လက်မှာ ချိတ်ထား လက်မှာ ကိုင်ထားရင်လည်း မဟောကောင်းပါဘူးပေါ့ နော်။ အဲတော့ အောက်ကို ချထားမှ သို့မဟုတ် ခုန ထိုင်နေတဲ့အခါမှာ ပေါင်ပေါ်မှာ တင်ထားလည်း ရတယ်။ အဲတော့ အဲလိုမျိုးဆိုရင် တရားဟောလို့ ရပြီပေါ့။ မရိုမသေတဲ့ သဘောပါတဲ့အတွက်ကြောင့်ပေါ့။ မိမိထီးကို မိမိကိုယ်အင်္ဂါတစ်စုံတစ်ခုနှင့် ထိနေသော်လည်း မိမိလက်ဖြင့် မထိမကိုင်ဘဲ ထားနေခြင်းဖြင့်လည်းကောင်း၊ သူတစ်ပါးက မိမိခေါင်းပေါ်သို့ ဆောင်းမိုးပေးထားခြင်းအားဖြင့်လည်းကောင်း တရားကို နာယူကောင်းပါ၏။ ကိုယ်ကိုယ်တိုင် ဆောင်းထားတာတော့ မဟုတ်ဘူး သူများနောက်က ဆောင်းပေးလို့ ကိုယ်က လုပ်ရှိပြီး နာတာ ရတယ် နော်။ အဓိက လက်နဲ့ ကိုင်ခြင်း ဆောင်းခြင်း မရှိဖို့ပေါ့။ အဓိက အဲဒါပဲ။ အဲတော့ လက်နဲ့ မကိုင်ထားရဘူး အောက်မှာ ချထား ပေါင်ပေါ်မှာ တင်ထား ရတယ် နော်။ အဲဒါဆိုရင် ဦးဇင်းတို့ တရားဟောလို့ ရတယ်။ အဓိကတော့ လက်နဲ့ ကိုင်ထားခြင်း မရှိဖို့ပေါ့။ စာထဲမှာက သူက န ဆတ္တပါဏိဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာကရဏီယာလို့ ပြောတာကိုး။ ဆတ္တပါဏိဿ ဆိုတာ လက်၌ ထီးရှိသူ။