1
00:00:00,000 --> 00:00:04,252
လက်၌ ထီးရှိသောသူအား တရားမဟောရလို့ ဒီလို ဥပဒေရှိတယ်။

2
00:00:04,252 --> 00:00:07,886
ဒါကြောင့် ဆောင်းသည်ဖြစ်စေ မဆောင်းသည်ဖြစ်စေ လက်ထဲမှာ ထီးရှိနေတယ်ဆိုရင် မဟောရဘူး။

3
00:00:07,886 --> 00:00:10,361
ဒါကြောင့် ထီးကို ချထားရမယ်နော်။

4
00:00:10,361 --> 00:00:13,763
ထီး ထီးတစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး တောင်ဝှေးလည်း ပါပါတယ်။

5
00:00:13,763 --> 00:00:17,397
ထို့ပြင် တောင်ဝှေးကိုလည်း ကိုင်လျက်လည်း တရားတော်ကို မနာယူကောင်း။

6
00:00:17,397 --> 00:00:23,273
အကယ်၍ တရားနာလိုလျှင် မိမိလက်၌ ကိုင်ဆောင်ထားသော ဒုတ်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်မှ ချထားလျက်သာ တရားကို နာယူကောင်း၏။

7
00:00:23,273 --> 00:00:28,144
အဲ့အတိုင်းပဲ တချို့ ဒကာကြီးတွေ ဒကာမကြီးတွေ တောင်ဝှေးသုံးတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေကျတော့ သတိထားစရာပေါ့။

8
00:00:28,144 --> 00:00:31,083
တောင်ဝှေးကို သာ ချပြီးခါမှ တရားနာနော်။

9
00:00:31,083 --> 00:00:33,634
အဲ့တော့ တောင်ဝှေးကို တစ်နေရာမှာ ထောင်ထားပေါ့။

10
00:00:33,634 --> 00:00:35,722
လက်ထဲမှာတော့ မထားနဲ့ပေါ့နော်။

11
00:00:35,722 --> 00:00:37,964
ယောဂဝေဒနာ အရမ်းခံစားရတယ်ပေါ့နော်။

12
00:00:37,964 --> 00:00:42,140
ခံစားနေရသော မကျန်းမာသူများသည်သာ ဒုတ်တောင်ဝှေးကို ကိုင်လျက် တရားနာယူကောင်း၏။

13
00:00:42,140 --> 00:00:48,557
ဒုတ်မရှိရင် မဖြစ်နိုင်ဘူး ဘယ်လိုမှ ဒုတ်မပါလို့ မရတဲ့ အနေအထားဖြစ်နေရင်တော့ ဒုတ်ကို အားပြုရတယ်ဆိုရင်တော့ ဒုတ်ကို ဆောင်ထားလို့ရတယ်ပေါ့။

14
00:00:48,557 --> 00:00:51,418
ဒုတ်မပါဘဲလည်း ရတယ်ဆိုရင်တော့ ဒုတ်ကို လွှတ်ထားလို့ရတယ်ပေါ့နော်။

15
00:00:51,418 --> 00:00:54,743
အဲ့တော့ ဒုတ်ပါမှ ဖြစ်မယ့် လူမျိုးဆိုရင်တော့ ရပါတယ် ခြွင်းချက်ပေါ့။

16
00:00:54,743 --> 00:00:58,918
ဤ၌ ဒုတ်တောင်ဝှေးတို့ဟူသည် လေးတောင် အတိုင်းအရှည်ရှိသော ဒုတ်တောင်ဝှေးကို ဆိုလိုသည်။

17
00:00:58,918 --> 00:01:04,563
လေးတောင်အောက် တိုသော ဒုတ်တောင်ဝှေးနှင့် ထိုထက်ရှည်သော ဒုတ်တောင်ဝှေးကို ကိုင်၍ကာ တရားကို နာယူကောင်းပါ၏။

18
00:01:04,563 --> 00:01:07,424
ဝိနည်းဆိုတာ အဲ့ဒါပဲ လောပဲလေ ဥပဒေပဲ သူက။

19
00:01:07,424 --> 00:01:09,975
သူ့ဘောင်ထဲက လွတ်သွားရင် ဒါ ရသွားပြီနော်။

20
00:01:09,975 --> 00:01:13,609
ဘာဖြစ်လို့လဲဆိုတော့ သူက လေးတောင်ကိုမှ အစာပေထဲမှာ ဒုတ်လို့ ခေါ်တယ်။

21
00:01:13,609 --> 00:01:16,161
လေးတောင်ထက် ပိုသွားရင်လည်း ဒုတ်လို့မခေါ်ဘူး။

22
00:01:16,161 --> 00:01:18,712
လေးတောင်အောက် တိုသွားရင်လည်း ဒုတ်မခေါ်ဘူးတဲ့။

23
00:01:18,712 --> 00:01:21,341
တချို့ဆို ပြောမှာပါ အရှင်ဘုရား အတူတူပဲလို့ ပြောမှာပါပဲနော်။

24
00:01:21,341 --> 00:01:23,893
တိုတိုရှည်ရှည် ဒုတ်က ဒုတ်ပဲ မလားလို့ ပြောမှာ။

25
00:01:23,893 --> 00:01:26,754
ဒါပေမဲ့ ဥပဒေက သူက လေးတောင်ကိုပဲ ဒုတ်လို့ သတ်မှတ်တာ။

26
00:01:26,754 --> 00:01:29,305
လေးတောင်ထက် ကျော်သွားခဲ့ရင် ဒုတ်လို့မခေါ်ဘူး။

27
00:01:29,305 --> 00:01:31,857
လေးတောင်အောက် တိုခဲ့ရင်လည်း ဒုတ်မခေါ်ဘူး။

28
00:01:31,857 --> 00:01:36,264
အဲ့ဒါကြောင့် ရဟန်းတော်တွေ ဒုတ်ကိုင်မယ်ဆိုလို့ရှိရင် သူက သမ္မုတိယူရသေးတယ် အခွင့်ပြုချက်ယူရသေးတယ်။

29
00:01:36,264 --> 00:01:41,445
အဲ့ဒီ လေးတောင်လောက်ရှိတဲ့ ဒုတ်ကို ကိုင်မယ်ဆိုလို့ရှိရင် သံဃာတွေက ကမ္မဝါစာဖတ်ပြီး ခွင့်ပြုမှ ကိုင်ရတာ။

30
00:01:41,445 --> 00:01:43,996
ကိုင်ချင်တိုင်း ကိုင်လို့မရဘူး ဒုတ်ကို သူက။

31
00:01:43,996 --> 00:01:46,548
အဲ့တော့ သူ့ထက် တိုသွားခဲ့ရင် ကိုင်လို့ရတယ်။

32
00:01:46,548 --> 00:01:50,182
ရှည်သွားရင်လည်း ကိုင်လို့ရတယ်။ ဒုတ်မဟုတ်တဲ့အတွက်ကြောင့် ဒုတ်စာရင်းထဲမှာ မပါဘူး။

33
00:01:50,182 --> 00:01:52,734
အဲ့ဒါ ဒုတ်ကို သူက လေးတောင်ပဲ သတ်မှတ်ထားတာ။

34
00:01:52,734 --> 00:01:57,141
အဲ့ဒါကြောင့် လေးတောင်ရှိတဲ့ ဒုတ်ကို ရဟန်းတစ်ပါး ဆရာတော်တစ်ပါးသည် ကိုင်မယ်ဆိုရင် သမ္မုတိယူရမယ်။

35
00:01:57,141 --> 00:01:58,641
ဒီဆရာတော်သည် ဒုတ်မပါဘဲနဲ့ ရပ်လို့မရပါဘူး နေလို့မရပါဘူး။

36
00:01:58,641 --> 00:02:00,002
ဒါကြောင့် ဒီဆရာတော်ကို ဒုတ်ကိုင်ခွင့်ပြုပါဆိုပြီးတော့...
