လက်၌ ထီးရှိသောသူအား တရားမဟောရလို့ ဒီလို ဥပဒေရှိတယ်။ ဒါကြောင့် ဆောင်းသည်ဖြစ်စေ မဆောင်းသည်ဖြစ်စေ လက်ထဲမှာ ထီးရှိနေတယ်ဆိုရင် မဟောရဘူး။ ဒါကြောင့် ထီးကို ချထားရမယ်နော်။ ထီး ထီးတစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး တောင်ဝှေးလည်း ပါပါတယ်။ ထို့ပြင် တောင်ဝှေးကိုလည်း ကိုင်လျက်လည်း တရားတော်ကို မနာယူကောင်း။ အကယ်၍ တရားနာလိုလျှင် မိမိလက်၌ ကိုင်ဆောင်ထားသော ဒုတ်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်မှ ချထားလျက်သာ တရားကို နာယူကောင်း၏။ အဲ့အတိုင်းပဲ တချို့ ဒကာကြီးတွေ ဒကာမကြီးတွေ တောင်ဝှေးသုံးတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေကျတော့ သတိထားစရာပေါ့။ တောင်ဝှေးကို သာ ချပြီးခါမှ တရားနာနော်။ အဲ့တော့ တောင်ဝှေးကို တစ်နေရာမှာ ထောင်ထားပေါ့။ လက်ထဲမှာတော့ မထားနဲ့ပေါ့နော်။ ယောဂဝေဒနာ အရမ်းခံစားရတယ်ပေါ့နော်။ ခံစားနေရသော မကျန်းမာသူများသည်သာ ဒုတ်တောင်ဝှေးကို ကိုင်လျက် တရားနာယူကောင်း၏။ ဒုတ်မရှိရင် မဖြစ်နိုင်ဘူး ဘယ်လိုမှ ဒုတ်မပါလို့ မရတဲ့ အနေအထားဖြစ်နေရင်တော့ ဒုတ်ကို အားပြုရတယ်ဆိုရင်တော့ ဒုတ်ကို ဆောင်ထားလို့ရတယ်ပေါ့။ ဒုတ်မပါဘဲလည်း ရတယ်ဆိုရင်တော့ ဒုတ်ကို လွှတ်ထားလို့ရတယ်ပေါ့နော်။ အဲ့တော့ ဒုတ်ပါမှ ဖြစ်မယ့် လူမျိုးဆိုရင်တော့ ရပါတယ် ခြွင်းချက်ပေါ့။ ဤ၌ ဒုတ်တောင်ဝှေးတို့ဟူသည် လေးတောင် အတိုင်းအရှည်ရှိသော ဒုတ်တောင်ဝှေးကို ဆိုလိုသည်။ လေးတောင်အောက် တိုသော ဒုတ်တောင်ဝှေးနှင့် ထိုထက်ရှည်သော ဒုတ်တောင်ဝှေးကို ကိုင်၍ကာ တရားကို နာယူကောင်းပါ၏။ ဝိနည်းဆိုတာ အဲ့ဒါပဲ လောပဲလေ ဥပဒေပဲ သူက။ သူ့ဘောင်ထဲက လွတ်သွားရင် ဒါ ရသွားပြီနော်။ ဘာဖြစ်လို့လဲဆိုတော့ သူက လေးတောင်ကိုမှ အစာပေထဲမှာ ဒုတ်လို့ ခေါ်တယ်။ လေးတောင်ထက် ပိုသွားရင်လည်း ဒုတ်လို့မခေါ်ဘူး။ လေးတောင်အောက် တိုသွားရင်လည်း ဒုတ်မခေါ်ဘူးတဲ့။ တချို့ဆို ပြောမှာပါ အရှင်ဘုရား အတူတူပဲလို့ ပြောမှာပါပဲနော်။ တိုတိုရှည်ရှည် ဒုတ်က ဒုတ်ပဲ မလားလို့ ပြောမှာ။ ဒါပေမဲ့ ဥပဒေက သူက လေးတောင်ကိုပဲ ဒုတ်လို့ သတ်မှတ်တာ။ လေးတောင်ထက် ကျော်သွားခဲ့ရင် ဒုတ်လို့မခေါ်ဘူး။ လေးတောင်အောက် တိုခဲ့ရင်လည်း ဒုတ်မခေါ်ဘူး။ အဲ့ဒါကြောင့် ရဟန်းတော်တွေ ဒုတ်ကိုင်မယ်ဆိုလို့ရှိရင် သူက သမ္မုတိယူရသေးတယ် အခွင့်ပြုချက်ယူရသေးတယ်။ အဲ့ဒီ လေးတောင်လောက်ရှိတဲ့ ဒုတ်ကို ကိုင်မယ်ဆိုလို့ရှိရင် သံဃာတွေက ကမ္မဝါစာဖတ်ပြီး ခွင့်ပြုမှ ကိုင်ရတာ။ ကိုင်ချင်တိုင်း ကိုင်လို့မရဘူး ဒုတ်ကို သူက။ အဲ့တော့ သူ့ထက် တိုသွားခဲ့ရင် ကိုင်လို့ရတယ်။ ရှည်သွားရင်လည်း ကိုင်လို့ရတယ်။ ဒုတ်မဟုတ်တဲ့အတွက်ကြောင့် ဒုတ်စာရင်းထဲမှာ မပါဘူး။ အဲ့ဒါ ဒုတ်ကို သူက လေးတောင်ပဲ သတ်မှတ်ထားတာ။ အဲ့ဒါကြောင့် လေးတောင်ရှိတဲ့ ဒုတ်ကို ရဟန်းတစ်ပါး ဆရာတော်တစ်ပါးသည် ကိုင်မယ်ဆိုရင် သမ္မုတိယူရမယ်။ ဒီဆရာတော်သည် ဒုတ်မပါဘဲနဲ့ ရပ်လို့မရပါဘူး နေလို့မရပါဘူး။ ဒါကြောင့် ဒီဆရာတော်ကို ဒုတ်ကိုင်ခွင့်ပြုပါဆိုပြီးတော့...