[00:00.000] လက်၌ ထီးရှိသောသူအား တရားမဟောရလို့ ဒီလို ဥပဒေရှိတယ်။ [00:05.500] ဒါကြောင့် ဆောင်းသည်ဖြစ်စေ မဆောင်းသည်ဖြစ်စေ လက်ထဲမှာ ထီးရှိနေတယ်ဆိုရင် မဟောရဘူး။ [00:10.200] ဒါကြောင့် ထီးကို ချထားရမယ်နော်။ [00:13.400] ထီး ထီးတစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး တောင်ဝှေးလည်း ပါပါတယ်။ [00:17.800] ထို့ပြင် တောင်ဝှေးကိုလည်း ကိုင်လျက်လည်း တရားတော်ကို မနာယူကောင်း။ [00:22.500] အကယ်၍ တရားနာလိုလျှင် မိမိလက်၌ ကိုင်ဆောင်ထားသော ဒုတ်ကိုလည်းကောင်း၊ တောင်ဝှေးကိုလည်းကောင်း လက်မှ ချထားလျက်သာ တရားကို နာယူကောင်း၏။ [00:30.100] အဲ့အတိုင်းပဲ တချို့ ဒကာကြီးတွေ ဒကာမကြီးတွေ တောင်ဝှေးသုံးတဲ့ ဒကာကြီးတွေ ဒကာမကြီးတွေကျတော့ သတိထားစရာပေါ့။ [00:36.400] တောင်ဝှေးကို သာ ချပြီးခါမှ တရားနာနော်။ [00:40.200] အဲ့တော့ တောင်ဝှေးကို တစ်နေရာမှာ ထောင်ထားပေါ့။ [00:43.500] လက်ထဲမှာတော့ မထားနဲ့ပေါ့နော်။ [00:46.200] ယောဂဝေဒနာ အရမ်းခံစားရတယ်ပေါ့နော်။ [00:49.100] ခံစားနေရသော မကျန်းမာသူများသည်သာ ဒုတ်တောင်ဝှေးကို ကိုင်လျက် တရားနာယူကောင်း၏။ [00:54.500] ဒုတ်မရှိရင် မဖြစ်နိုင်ဘူး ဘယ်လိုမှ ဒုတ်မပါလို့ မရတဲ့ အနေအထားဖြစ်နေရင်တော့ ဒုတ်ကို အားပြုရတယ်ဆိုရင်တော့ ဒုတ်ကို ဆောင်ထားလို့ရတယ်ပေါ့။ [01:02.800] ဒုတ်မပါဘဲလည်း ရတယ်ဆိုရင်တော့ ဒုတ်ကို လွှတ်ထားလို့ရတယ်ပေါ့နော်။ [01:06.500] အဲ့တော့ ဒုတ်ပါမှ ဖြစ်မယ့် လူမျိုးဆိုရင်တော့ ရပါတယ် ခြွင်းချက်ပေါ့။ [01:10.800] ဤ၌ ဒုတ်တောင်ဝှေးတို့ဟူသည် လေးတောင် အတိုင်းအရှည်ရှိသော ဒုတ်တောင်ဝှေးကို ဆိုလိုသည်။ [01:16.200] လေးတောင်အောက် တိုသော ဒုတ်တောင်ဝှေးနှင့် ထိုထက်ရှည်သော ဒုတ်တောင်ဝှေးကို ကိုင်၍ကာ တရားကို နာယူကောင်းပါ၏။ [01:23.500] ဝိနည်းဆိုတာ အဲ့ဒါပဲ လောပဲလေ ဥပဒေပဲ သူက။ [01:27.200] သူ့ဘောင်ထဲက လွတ်သွားရင် ဒါ ရသွားပြီနော်။ [01:30.500] ဘာဖြစ်လို့လဲဆိုတော့ သူက လေးတောင်ကိုမှ အစာပေထဲမှာ ဒုတ်လို့ ခေါ်တယ်။ [01:35.200] လေးတောင်ထက် ပိုသွားရင်လည်း ဒုတ်လို့မခေါ်ဘူး။ [01:38.500] လေးတောင်အောက် တိုသွားရင်လည်း ဒုတ်မခေါ်ဘူးတဲ့။ [01:41.800] တချို့ဆို ပြောမှာပါ အရှင်ဘုရား အတူတူပဲလို့ ပြောမှာပါပဲနော်။ [01:45.200] တိုတိုရှည်ရှည် ဒုတ်က ဒုတ်ပဲ မလားလို့ ပြောမှာ။ [01:48.500] ဒါပေမဲ့ ဥပဒေက သူက လေးတောင်ကိုပဲ ဒုတ်လို့ သတ်မှတ်တာ။ [01:52.200] လေးတောင်ထက် ကျော်သွားခဲ့ရင် ဒုတ်လို့မခေါ်ဘူး။ [01:55.500] လေးတောင်အောက် တိုခဲ့ရင်လည်း ဒုတ်မခေါ်ဘူး။ [01:58.800] အဲ့ဒါကြောင့် ရဟန်းတော်တွေ ဒုတ်ကိုင်မယ်ဆိုလို့ရှိရင် သူက သမ္မုတိယူရသေးတယ် အခွင့်ပြုချက်ယူရသေးတယ်။ [02:04.500] အဲ့ဒီ လေးတောင်လောက်ရှိတဲ့ ဒုတ်ကို ကိုင်မယ်ဆိုလို့ရှိရင် သံဃာတွေက ကမ္မဝါစာဖတ်ပြီး ခွင့်ပြုမှ ကိုင်ရတာ။ [02:11.200] ကိုင်ချင်တိုင်း ကိုင်လို့မရဘူး ဒုတ်ကို သူက။ [02:14.500] အဲ့တော့ သူ့ထက် တိုသွားခဲ့ရင် ကိုင်လို့ရတယ်။ [02:17.800] ရှည်သွားရင်လည်း ကိုင်လို့ရတယ်။ ဒုတ်မဟုတ်တဲ့အတွက်ကြောင့် ဒုတ်စာရင်းထဲမှာ မပါဘူး။ [02:22.500] အဲ့ဒါ ဒုတ်ကို သူက လေးတောင်ပဲ သတ်မှတ်ထားတာ။ [02:25.800] အဲ့ဒါကြောင့် လေးတောင်ရှိတဲ့ ဒုတ်ကို ရဟန်းတစ်ပါး ဆရာတော်တစ်ပါးသည် ကိုင်မယ်ဆိုရင် သမ္မုတိယူရမယ်။ [02:31.500] ဒီဆရာတော်သည် ဒုတ်မပါဘဲနဲ့ ရပ်လို့မရပါဘူး နေလို့မရပါဘူး။ [02:35.200] ဒါကြောင့် ဒီဆရာတော်ကို ဒုတ်ကိုင်ခွင့်ပြုပါဆိုပြီးတော့...