1
00:00:00,000 --> 00:00:01,299
အဲ့ဒီလိုမျိုး။

2
00:00:01,299 --> 00:00:03,465
အဲ့ဒါ မဟုတ်ဘူးဆိုရင် ဦးဇင်းတို့ အာပတ်သင့်တယ်ပေါ့နော်။

3
00:00:03,465 --> 00:00:07,364
အဲ့ဒါကြောင့် လေးတောင်အောက်တိုတဲ့တုတ်၊ ခြေထောက်တုတ်ဆိုရင် တုတ်လို့မခေါ်ဘူး၊ ကိုင်လို့ရတယ်။

4
00:00:07,364 --> 00:00:12,996
အဲ့ဒါကြောင့် ဒကာဒကာမတွေလည်း လေးတောင်အောက်တိုတဲ့တုတ်၊ လေးတောင်အောက်ခြေထောက်တုတ်ကိုင်လို့ရှိရင်တော့ ဒါ တရားဟောလို့ရတယ်။

5
00:00:12,996 --> 00:00:16,895
လေးတောင်တိတိရှိတဲ့တုတ်ကိုဆိုရင်တော့ တရားမဟောရဘူးပေါ့။

6
00:00:16,895 --> 00:00:26,859
ထို့ပြင်လည်း တရားနာသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် ဓား၊ သံလျက်၊ လှံ၊ တင်းပုတ်၊ သေနတ် စသော လက်နက်တို့ကို ကိုင်ဆောင်လျက် တရားတော်ကို မနာယူကောင်း။

7
00:00:26,859 --> 00:00:32,491
ဓားစသည်တို့ကို လက်ဖြင့်မကိုင်ဘဲ ပုခုံးဖြင့် လွယ်ထား၍ကား တရားကို နာယူကောင်း၏။

8
00:00:32,491 --> 00:00:38,123
ဒါလည်း ဝိနည်းပဲ။ တချို့ကပြောတယ်၊ အရှင်ဘုရား လက်မှာကိုင်ထားတာနဲ့ ခါးမှာချိတ်ထားတာ ဘာထူးသေးလဲ တချို့ကပြောတယ်။

9
00:00:38,123 --> 00:00:41,156
မဟုတ်ဘူး၊ ဝိနည်းမှာက လက်မှာပဲပြောထားတာ၊ ခါးမပါဘူး။

10
00:00:41,156 --> 00:00:44,188
အဲ့ဒါကြောင့် ပါတဲ့အတိုင်းပဲ ဆုံးဖြတ်ရတယ် ဝိနည်းဆိုတာကလေ။

11
00:00:44,188 --> 00:00:47,221
အတူတူပဲလို့ ဒီလို သဘောထားကြီးကြီးသွားမပြောနဲ့လေ။

12
00:00:47,221 --> 00:00:50,686
ဥပဒေက ဥပဒေပဲပေါ့နော်။ သူ့ဥပဒေထဲမှာ မပါရင် ဒါ လွတ်တာပဲ။

13
00:00:50,686 --> 00:00:55,452
အဲ့တော့ ဘုရားက လက်မှာရှိရင် ဓား၊ လက်နက်တွေ လက်မှာရှိရင် မဟောနဲ့လို့ပြောတာ။

14
00:00:55,452 --> 00:00:58,484
အဲ့တော့ လက်မှာမထားဘူး၊ ခါးမှာထိုးထားမယ် ဓားတွေကို။

15
00:00:58,484 --> 00:01:01,517
နောက်ကျောမှာ လွယ်ထားမယ်။ ဒါ ဟောလို့ရတယ်။

16
00:01:01,517 --> 00:01:05,849
ဘာလို့လဲဆိုတော့ ဘုရားက လက်ထဲမှာရှိမှသာ မဟောရဘူးလို့ ပြောခဲ့တာဖြစ်တဲ့အတွက်ကြောင့်။

17
00:01:05,849 --> 00:01:10,615
ဒါ ဘုရားဥပဒေက သူ့အတိအကျပဲပေါ့နော်၊ ခွဲလို့မရဘူးဗျ။

18
00:01:10,615 --> 00:01:14,514
ဒီ ဟောရင် ဟောခဲ့တဲ့အတိုင်းပဲ သူက ဘယ်ဆိုဘယ် ညာဆိုညာပဲ သူက။

19
00:01:14,514 --> 00:01:19,279
ဒီလိုလေးတော့မရဘူးလား၊ ဟိုလိုလေးတော့မရဘူးလား မဟုတ်ဘူး၊ သူပြောတဲ့အတိုင်းပဲ လုပ်ရတာနော်။

20
00:01:19,279 --> 00:01:23,611
အဲ့တော့ ဘုရားက လက်ထဲမှာဆို လက်ထဲမှာပဲ။ တခြားမှာရှိရင် ဟောလို့ရတယ်။

21
00:01:23,611 --> 00:01:25,777
အဲ့လိုပဲ ဟို သေနတ်တွေဘာတွေ။

22
00:01:25,777 --> 00:01:29,676
တချို့တစ်ခါတလေ ဦးဇင်းတို့ အရာရှိတွေဘာတွေ တရားနာလာလို့ရှိရင် သေနတ်တွေဘာတွေ ပါတတ်တယ်။

23
00:01:29,676 --> 00:01:31,409
အဲ့တော့ သူတို့က ခါးကြားမှာ ထိုးထားတယ်။

24
00:01:31,409 --> 00:01:36,175
အချို့က မဟောကောင်း မဟောကောင်း ငြင်းကြတယ်။ ဟောကောင်းပါတယ်၊ ဘုရားက လက်မှာမကိုင်ထားရင် ဟောလို့ရတာ။

25
00:01:36,175 --> 00:01:40,940
တချို့ကလည်း အရှင်ဘုရား ပစ်သတ်ရင် ဘယ်လိုလုပ်မလဲ ဟိုက ခါးထဲမှာထိုးထားရင် အချိန်မရွေး ပစ်သတ်လို့ရတယ်ပေါ့။

26
00:01:40,940 --> 00:01:44,839
ဒါကတော့ ဘုရားက ခါးကိုပြောတာမဟုတ်ဘူး၊ မရိုမသေဖြစ်မှာစိုးလို့ ဘုရားပြောနေတာ။

27
00:01:44,839 --> 00:01:49,171
ပစ်သတ်တာ မပစ်သတ်တာ ဘုရားပြောတာမဟုတ်ဘူး။ သတ်ချင်လို့ကတော့ ဘယ်လိုပဲသတ်သတ် သတ်လို့ရတာပဲ။

28
00:01:49,171 --> 00:01:51,338
ခါးမှာရှိထားမှ မဟုတ်ဘူးပေါ့နော်။

29
00:01:51,338 --> 00:01:54,803
အဲ့တော့ ဘုရားက လက်ထဲမှာကိုင်ထားရင် ဒါ အဂါရဝဖြစ်နေတယ်။

30
00:01:54,803 --> 00:01:57,403
ဒါကြောင့် လက်ထဲမှာမကိုင်ထားစေနဲ့လို့ ဘုရားပြောချင်တာ။

31
00:01:57,403 --> 00:01:58,903
သေနတ်ကြီးတစ်ကားကားနဲ့ တရားဟောတာ အဆင်မပြေဘူးလေ။

32
00:01:58,903 --> 00:02:00,002
အဲ့ဒါကြောင့် ဘုရားက ရှေ့မှာချထားတာ၊ ခါးမှာချိတ်ထားတာ၊ ကျောမှာလွယ်ထားတာဆိုရင်တော့ ဟောလို့ရတယ်လို့ ပြောတာ။
