1
00:00:00,000 --> 00:00:02,896
ကျောမှာပဲ ချိတ်ချိတ် လက်ထဲမှာ သေနတ်မကိုင်ထားရင် ပြီးရော။

2
00:00:02,896 --> 00:00:04,965
အဲ့လိုပြောတာပါနော်။ အဲ့တော့ တချို့က

3
00:00:04,965 --> 00:00:08,689
ဟာ အတူတူပဲလေ လက်ထဲမှာ ကိုင်ထားတာနဲ့ ခါးမှာ ချိတ်ထားတာ ဘာထူးသေးလို့လဲပေါ့။

4
00:00:08,689 --> 00:00:12,827
ထူးပါတယ်နော်။ ဘုရားက နည်းနည်းလေး လက်ထဲမှာ ကိုင်ထားတာက မရိုမသေ သဘောသက်ရောက်စေတယ်။

5
00:00:12,827 --> 00:00:16,138
ခါးမှာ ချိတ်ထားတာက သူ့ဟာသူ ချိတ်ထားတာ ဘာမှ မရိုမသေ သဘောမသက်ရောက်ဘူး။

6
00:00:16,138 --> 00:00:18,207
သူက uniform သဘောအတိုင်းပဲပေါ့နော်။

7
00:00:18,207 --> 00:00:21,517
ဒါကြောင့်မို့လို့ ဘုရားရဲ့ ဥပဒေကို ဟိုလိုလေး ဒီလိုလေး သွားပြင်လို့မရဘူး။

8
00:00:21,517 --> 00:00:23,586
သူ့အတိုင်းပဲ သွားရမှာပေါ့နော်။

9
00:00:23,586 --> 00:00:28,138
အဲ့တော့ ခုနက အဲ့တော့ ဓားတို့၊ သံလျက်တို့၊ လှံ၊ တင်းပုတ်၊ သေနတ်နော် ဒါတွေကို ဦးဇင်းတို့

10
00:00:28,138 --> 00:00:31,035
လက်ထဲမှာ မရှိရင် ဟောလို့ရတယ်။ လက်ထဲမှာ ရှိရင် မဟောကောင်းဘူး။

11
00:00:31,035 --> 00:00:35,586
ဒကာကြီး သေနတ်ကို ခဏ ဘေးဖယ်ထားပေးပါ၊ ဒါမှမဟုတ် ခါးမှာ ချိတ်ထားပေးပါလို့ ပြောရတယ်နော်။

12
00:00:35,586 --> 00:00:39,724
ထို့ပြင် တရားနာယူလိုသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက်

13
00:00:39,724 --> 00:00:43,035
လေးကို လက်ဖြင့် ကိုင်ဆောင်ကာ တရားမနာယူကောင်း။

14
00:00:43,035 --> 00:00:46,345
ဒူးလေးတို့၊ လေးတို့ဘာတို့ ပြောတာ။ မြားတို့ဘာတို့ ပြောတာ။

15
00:00:46,345 --> 00:00:52,966
ဤ၌ လေးသက်သက်ပင်ဖြစ်စေ၊ မြားနှင့် လေးနွှဲလျက်ဖြစ်စေ၊ ညွှတ်တင်ထားသည်ဖြစ်စေ၊ ညွှတ်မတင်ထားသည်ဖြစ်စေ

16
00:00:52,966 --> 00:00:57,932
လေးနှင့်ဆိုင်ရာ လေးကိုင်း၊ လေးကြိုး၊ မြားတို့သည် လေးစာရင်း၌ အကျုံးဝင်သည်။

17
00:00:57,932 --> 00:01:02,484
ဘာမှမကိုင်ထားရဘူး လေးနဲ့ပတ်သက်တဲ့ ပစ္စည်းပေါ့နော်။ လေး၊ မြား ဘာတစ်ခုမှ မကိုင်ရဘူး။

18
00:01:02,484 --> 00:01:05,380
ကြိုးတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ မကိုင်ရဘူးပေါ့။

19
00:01:05,380 --> 00:01:09,104
မြားတို့ကို ပုခုံး၌ လွယ်ထားလျှင်သော်လည်းကောင်း၊ အောက်၌ ချထားလျှင်သော်လည်းကောင်း

20
00:01:09,104 --> 00:01:12,415
လက်ဖြင့် မထိမကိုင်ထားလျှင်သော်လည်းကောင်း တရားနာယူကောင်းသည်။

21
00:01:12,415 --> 00:01:14,484
လိုရင်းကတော့ လက်ထဲမှာ မရှိဖို့ပဲ။

22
00:01:14,484 --> 00:01:18,208
အဲ့ဒီ ထီးရယ်၊ တောင်ဝှေးရယ်၊ ဓား စတဲ့ လက်နက်အမျိုးမျိုး

23
00:01:18,208 --> 00:01:22,346
အဲ့ဒါ လက်ထဲမှာ မရှိရင် တရားဟောလို့ရတယ်။ ရှိရင် မဟောကောင်းဘူး ဆိုတာ။

24
00:01:22,346 --> 00:01:27,312
အဲ့ဒီမှာလည်းပဲ တိတိကျကျ ပြောရမယ်ဆိုရင် တရားဆိုတဲ့ နေရာမှာလည်း ပါဠိစာကို ပြောတာပဲ သူက။

25
00:01:27,312 --> 00:01:30,622
မြန်မာလို ဟောလို့ရတယ်ဆိုတဲ့ အခွင့်အရေးကလည်း လာပြန်တယ် သူက။

26
00:01:30,622 --> 00:01:34,346
ဒီခုနက ပါဠိအဋ္ဌကထာပေါ့နော်။ ပါဠိစကားနဲ့ အဋ္ဌကထာစကား၊

27
00:01:34,346 --> 00:01:37,243
ပါဠိစကား၊ အဋ္ဌကထာစကားတွေကို ပါဠိဘာသာနဲ့ ဟောတာ။

28
00:01:37,243 --> 00:01:40,967
အဲ့တော့ မြန်မာလို၊ အင်္ဂလိပ်လိုကတော့ အခွင့်အရေးရှိ ဟောလို့ရတယ်ဆိုပြီးတော့

29
00:01:40,967 --> 00:01:43,864
အဋ္ဌကထာဆရာများက ဆက်လက်ပြီးတော့ ဖွင့်ဆိုရေးသားတာ ရှိတယ်။

30
00:01:43,864 --> 00:01:48,415
အဲ့ဒါကြောင့် လက်ထဲမှာ ဓားကိုင်ထားတဲ့လူ၊ တုတ်ကိုင်ထားတဲ့လူ၊ ထီးကိုင်ထားတဲ့လူတွေကို

31
00:01:48,415 --> 00:01:50,898
မြန်မာဘာသာနဲ့ ဟောရင် ရတယ်နော်။

32
00:01:50,898 --> 00:01:54,623
တရားစကားတော့ ပါဠိဘာသာကျတော့ လေးနက်တယ်ပေါ့။ အလေးထားရမယ့် စာပေဖြစ်နေတယ်။

33
00:01:54,623 --> 00:01:57,002
အလေးထားရမယ့် ပါဠိစာပေဖြစ်တဲ့အတွက်ကြောင့် လေးစားထိုက်တဲ့ ပါဠိစာပေကို ဟောတဲ့အခါကျတော့ လက်ထဲမှာ ဓားတွေ မရှိစေနဲ့။

34
00:01:57,002 --> 00:02:00,002
မြန်မာလိုကတော့ ကြိုက်တဲ့ဘာသာနဲ့ ဟော ဒါကတော့ လေးစားမှု...
