ကျောမှာပဲ ချိတ်ချိတ် လက်ထဲမှာ သေနတ်မကိုင်ထားရင် ပြီးရော။ အဲ့လိုပြောတာပါနော်။ အဲ့တော့ တချို့က ဟာ အတူတူပဲလေ လက်ထဲမှာ ကိုင်ထားတာနဲ့ ခါးမှာ ချိတ်ထားတာ ဘာထူးသေးလို့လဲပေါ့။ ထူးပါတယ်နော်။ ဘုရားက နည်းနည်းလေး လက်ထဲမှာ ကိုင်ထားတာက မရိုမသေ သဘောသက်ရောက်စေတယ်။ ခါးမှာ ချိတ်ထားတာက သူ့ဟာသူ ချိတ်ထားတာ ဘာမှ မရိုမသေ သဘောမသက်ရောက်ဘူး။ သူက uniform သဘောအတိုင်းပဲပေါ့နော်။ ဒါကြောင့်မို့လို့ ဘုရားရဲ့ ဥပဒေကို ဟိုလိုလေး ဒီလိုလေး သွားပြင်လို့မရဘူး။ သူ့အတိုင်းပဲ သွားရမှာပေါ့နော်။ အဲ့တော့ ခုနက အဲ့တော့ ဓားတို့၊ သံလျက်တို့၊ လှံ၊ တင်းပုတ်၊ သေနတ်နော် ဒါတွေကို ဦးဇင်းတို့ လက်ထဲမှာ မရှိရင် ဟောလို့ရတယ်။ လက်ထဲမှာ ရှိရင် မဟောကောင်းဘူး။ ဒကာကြီး သေနတ်ကို ခဏ ဘေးဖယ်ထားပေးပါ၊ ဒါမှမဟုတ် ခါးမှာ ချိတ်ထားပေးပါလို့ ပြောရတယ်နော်။ ထို့ပြင် တရားနာယူလိုသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် လေးကို လက်ဖြင့် ကိုင်ဆောင်ကာ တရားမနာယူကောင်း။ ဒူးလေးတို့၊ လေးတို့ဘာတို့ ပြောတာ။ မြားတို့ဘာတို့ ပြောတာ။ ဤ၌ လေးသက်သက်ပင်ဖြစ်စေ၊ မြားနှင့် လေးနွှဲလျက်ဖြစ်စေ၊ ညွှတ်တင်ထားသည်ဖြစ်စေ၊ ညွှတ်မတင်ထားသည်ဖြစ်စေ လေးနှင့်ဆိုင်ရာ လေးကိုင်း၊ လေးကြိုး၊ မြားတို့သည် လေးစာရင်း၌ အကျုံးဝင်သည်။ ဘာမှမကိုင်ထားရဘူး လေးနဲ့ပတ်သက်တဲ့ ပစ္စည်းပေါ့နော်။ လေး၊ မြား ဘာတစ်ခုမှ မကိုင်ရဘူး။ ကြိုးတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ မကိုင်ရဘူးပေါ့။ မြားတို့ကို ပုခုံး၌ လွယ်ထားလျှင်သော်လည်းကောင်း၊ အောက်၌ ချထားလျှင်သော်လည်းကောင်း လက်ဖြင့် မထိမကိုင်ထားလျှင်သော်လည်းကောင်း တရားနာယူကောင်းသည်။ လိုရင်းကတော့ လက်ထဲမှာ မရှိဖို့ပဲ။ အဲ့ဒီ ထီးရယ်၊ တောင်ဝှေးရယ်၊ ဓား စတဲ့ လက်နက်အမျိုးမျိုး အဲ့ဒါ လက်ထဲမှာ မရှိရင် တရားဟောလို့ရတယ်။ ရှိရင် မဟောကောင်းဘူး ဆိုတာ။ အဲ့ဒီမှာလည်းပဲ တိတိကျကျ ပြောရမယ်ဆိုရင် တရားဆိုတဲ့ နေရာမှာလည်း ပါဠိစာကို ပြောတာပဲ သူက။ မြန်မာလို ဟောလို့ရတယ်ဆိုတဲ့ အခွင့်အရေးကလည်း လာပြန်တယ် သူက။ ဒီခုနက ပါဠိအဋ္ဌကထာပေါ့နော်။ ပါဠိစကားနဲ့ အဋ္ဌကထာစကား၊ ပါဠိစကား၊ အဋ္ဌကထာစကားတွေကို ပါဠိဘာသာနဲ့ ဟောတာ။ အဲ့တော့ မြန်မာလို၊ အင်္ဂလိပ်လိုကတော့ အခွင့်အရေးရှိ ဟောလို့ရတယ်ဆိုပြီးတော့ အဋ္ဌကထာဆရာများက ဆက်လက်ပြီးတော့ ဖွင့်ဆိုရေးသားတာ ရှိတယ်။ အဲ့ဒါကြောင့် လက်ထဲမှာ ဓားကိုင်ထားတဲ့လူ၊ တုတ်ကိုင်ထားတဲ့လူ၊ ထီးကိုင်ထားတဲ့လူတွေကို မြန်မာဘာသာနဲ့ ဟောရင် ရတယ်နော်။ တရားစကားတော့ ပါဠိဘာသာကျတော့ လေးနက်တယ်ပေါ့။ အလေးထားရမယ့် စာပေဖြစ်နေတယ်။ အလေးထားရမယ့် ပါဠိစာပေဖြစ်တဲ့အတွက်ကြောင့် လေးစားထိုက်တဲ့ ပါဠိစာပေကို ဟောတဲ့အခါကျတော့ လက်ထဲမှာ ဓားတွေ မရှိစေနဲ့။ မြန်မာလိုကတော့ ကြိုက်တဲ့ဘာသာနဲ့ ဟော ဒါကတော့ လေးစားမှု...