[00:00.000] ကျောမှာပဲ ချိတ်ချိတ် လက်ထဲမှာ သေနတ်မကိုင်ထားရင် ပြီးရော။ [00:03.500] အဲ့လိုပြောတာပါနော်။ အဲ့တော့ တချို့က [00:06.000] ဟာ အတူတူပဲလေ လက်ထဲမှာ ကိုင်ထားတာနဲ့ ခါးမှာ ချိတ်ထားတာ ဘာထူးသေးလို့လဲပေါ့။ [00:10.500] ထူးပါတယ်နော်။ ဘုရားက နည်းနည်းလေး လက်ထဲမှာ ကိုင်ထားတာက မရိုမသေ သဘောသက်ရောက်စေတယ်။ [00:15.500] ခါးမှာ ချိတ်ထားတာက သူ့ဟာသူ ချိတ်ထားတာ ဘာမှ မရိုမသေ သဘောမသက်ရောက်ဘူး။ [00:19.500] သူက uniform သဘောအတိုင်းပဲပေါ့နော်။ [00:22.000] ဒါကြောင့်မို့လို့ ဘုရားရဲ့ ဥပဒေကို ဟိုလိုလေး ဒီလိုလေး သွားပြင်လို့မရဘူး။ [00:26.000] သူ့အတိုင်းပဲ သွားရမှာပေါ့နော်။ [00:28.500] အဲ့တော့ ခုနက အဲ့တော့ ဓားတို့၊ သံလျက်တို့၊ လှံ၊ တင်းပုတ်၊ သေနတ်နော် ဒါတွေကို ဦးဇင်းတို့ [00:34.000] လက်ထဲမှာ မရှိရင် ဟောလို့ရတယ်။ လက်ထဲမှာ ရှိရင် မဟောကောင်းဘူး။ [00:37.500] ဒကာကြီး သေနတ်ကို ခဏ ဘေးဖယ်ထားပေးပါ၊ ဒါမှမဟုတ် ခါးမှာ ချိတ်ထားပေးပါလို့ ပြောရတယ်နော်။ [00:43.000] ထို့ပြင် တရားနာယူလိုသူသည် တရားတော်ကို နာယူသောအခါ ကျန်းမာလျက် [00:48.000] လေးကို လက်ဖြင့် ကိုင်ဆောင်ကာ တရားမနာယူကောင်း။ [00:52.000] ဒူးလေးတို့၊ လေးတို့ဘာတို့ ပြောတာ။ မြားတို့ဘာတို့ ပြောတာ။ [00:56.000] ဤ၌ လေးသက်သက်ပင်ဖြစ်စေ၊ မြားနှင့် လေးနွှဲလျက်ဖြစ်စေ၊ ညွှတ်တင်ထားသည်ဖြစ်စေ၊ ညွှတ်မတင်ထားသည်ဖြစ်စေ [01:04.000] လေးနှင့်ဆိုင်ရာ လေးကိုင်း၊ လေးကြိုး၊ မြားတို့သည် လေးစာရင်း၌ အကျုံးဝင်သည်။ [01:10.000] ဘာမှမကိုင်ထားရဘူး လေးနဲ့ပတ်သက်တဲ့ ပစ္စည်းပေါ့နော်။ လေး၊ မြား ဘာတစ်ခုမှ မကိုင်ရဘူး။ [01:15.500] ကြိုးတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ မကိုင်ရဘူးပေါ့။ [01:19.000] မြားတို့ကို ပုခုံး၌ လွယ်ထားလျှင်သော်လည်းကောင်း၊ အောက်၌ ချထားလျှင်သော်လည်းကောင်း [01:23.500] လက်ဖြင့် မထိမကိုင်ထားလျှင်သော်လည်းကောင်း တရားနာယူကောင်းသည်။ [01:27.500] လိုရင်းကတော့ လက်ထဲမှာ မရှိဖို့ပဲ။ [01:30.000] အဲ့ဒီ ထီးရယ်၊ တောင်ဝှေးရယ်၊ ဓား စတဲ့ လက်နက်အမျိုးမျိုး [01:34.500] အဲ့ဒါ လက်ထဲမှာ မရှိရင် တရားဟောလို့ရတယ်။ ရှိရင် မဟောကောင်းဘူး ဆိုတာ။ [01:39.500] အဲ့ဒီမှာလည်းပဲ တိတိကျကျ ပြောရမယ်ဆိုရင် တရားဆိုတဲ့ နေရာမှာလည်း ပါဠိစာကို ပြောတာပဲ သူက။ [01:45.500] မြန်မာလို ဟောလို့ရတယ်ဆိုတဲ့ အခွင့်အရေးကလည်း လာပြန်တယ် သူက။ [01:49.500] ဒီခုနက ပါဠိအဋ္ဌကထာပေါ့နော်။ ပါဠိစကားနဲ့ အဋ္ဌကထာစကား၊ [01:54.000] ပါဠိစကား၊ အဋ္ဌကထာစကားတွေကို ပါဠိဘာသာနဲ့ ဟောတာ။ [01:57.500] အဲ့တော့ မြန်မာလို၊ အင်္ဂလိပ်လိုကတော့ အခွင့်အရေးရှိ ဟောလို့ရတယ်ဆိုပြီးတော့ [02:02.000] အဋ္ဌကထာဆရာများက ဆက်လက်ပြီးတော့ ဖွင့်ဆိုရေးသားတာ ရှိတယ်။ [02:05.500] အဲ့ဒါကြောင့် လက်ထဲမှာ ဓားကိုင်ထားတဲ့လူ၊ တုတ်ကိုင်ထားတဲ့လူ၊ ထီးကိုင်ထားတဲ့လူတွေကို [02:11.000] မြန်မာဘာသာနဲ့ ဟောရင် ရတယ်နော်။ [02:14.000] တရားစကားတော့ ပါဠိဘာသာကျတော့ လေးနက်တယ်ပေါ့။ အလေးထားရမယ့် စာပေဖြစ်နေတယ်။ [02:18.500] အလေးထားရမယ့် ပါဠိစာပေဖြစ်တဲ့အတွက်ကြောင့် လေးစားထိုက်တဲ့ ပါဠိစာပေကို ဟောတဲ့အခါကျတော့ လက်ထဲမှာ ဓားတွေ မရှိစေနဲ့။ [02:25.000] မြန်မာလိုကတော့ ကြိုက်တဲ့ဘာသာနဲ့ ဟော ဒါကတော့ လေးစားမှု...