1
00:00:00,000 --> 00:00:04,444
ဒီနေ့တော့ ဗုဒ္ဓဘာသာ စကားမဟုတ်တဲ့အတွက်ကြောင့် အဲ့လိုမျိုးပေါ့နော်။

2
00:00:04,444 --> 00:00:09,858
အဲ့ဒါ ဦးဇင်းတို့ တရားနာတဲ့အခါမှာ လက်ထဲမှာ မရှိရမယ့် ပစ္စည်းတွေနော်။ ထီးရယ်၊ တောင်ဝှေးရယ်၊ လက်နက်အမျိုးမျိုးပေါ့နော်။

3
00:00:09,858 --> 00:00:13,576
အဲ့ဒါ လက်ထဲမှာ မရှိစေရဘူး တရားနာတဲ့အခါမှာ။

4
00:00:13,576 --> 00:00:18,182
ဒါကတော့ မြို့သူမြို့သားတွေမှာတော့ ရှားပါတယ်။ တောသူတောသားတွေမှာတော့ ဒါလေးရှိတတ်တယ်ပေါ့။

5
00:00:18,182 --> 00:00:21,980
မြို့သားတွေမှာတော့ ဘာရှိမလဲဆိုတော့ ထီးတို့ တောင်ဝှေးတို့တော့ ရှိတတ်တယ်ပေါ့။

6
00:00:21,980 --> 00:00:27,071
တောသူတောသားတွေမှာကျတော့ ဓားတို့ဘာတို့နော်၊ တူစင်းတို့ဘာတို့ ရှိတာပေါ့ လက်ထဲမှာကို။

7
00:00:27,071 --> 00:00:34,586
နောက်ပြီး စာမျက်နှာ ၇၄ ပေါ့နော်။ တရားမနာကောင်းတဲ့ဟာ။ ယာဉ်ပေါ်မှ နောက်တစ်ခါ အိပ်ရာပေါ်မှာ နေပြီး တရားမနာကောင်းတဲ့ဥစ္စာ။

8
00:00:34,586 --> 00:00:44,606
တရားဟောပုဂ္ဂိုလ်က ယာဉ်ထက်နိမ့်သော နေရာမှာ နေ၍ တရားဟောသည်ကို တရားနာယူသူက ကျန်းမာလျက် ယာဉ်ပေါ်မှာ နေထိုင်ကာ တရားမနာယူကောင်း။

9
00:00:44,606 --> 00:00:50,506
ယာဉ်ပေါ်မှ ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ ဆိုတာ ဟောသူက အောက်ကပေါ့နော်။

10
00:00:50,506 --> 00:00:56,405
နာသူက ကားပေါ်က အဲ့လိုဖြစ်နေတယ်ဆိုတော့ မြင့်နေတာပေါ့ သူက။ အဲ့လိုမရဘူးလေနော်။

11
00:00:56,405 --> 00:01:00,768
အဲ့တော့ တရားဟောသူနဲ့ တရားနာသူမှာ ဟောသူက အပေါ်ကပဲ ဖြစ်ရမယ်။

12
00:01:00,768 --> 00:01:06,668
တရားနာသူက အောက်ကဖြစ်ရမယ်။ ဒီလိုဖြစ်ရမယ်။ အဲ့တော့ တရားနာသူက အပေါ်က ယာဉ်ကားပေါ်က ဖြစ်နေတယ်။

13
00:01:06,668 --> 00:01:17,415
ဟောသူက အောက်ကနေ ဟောမယ်။ မရဘူးပေါ့နော်။ တစ်ခါတလေ ဒကာဒကာမတွေက ကားပေါ်က ဘုန်းကြီးက အောက်ကနေပြီးတော့ မတ်တပ်ရပ်ပြီး ဟောတယ်။ မရဘူးပေါ့နော်။ အဲ့ဒါမရဘူး။

14
00:01:17,415 --> 00:01:27,436
အဲ့တော့ အကယ်၍ ဘုန်းကြီးကလည်း ကားပေါ်က လူလည်း ကားပေါ်ကဆိုရင်တော့ ဟောလို့ရတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ် level တူတယ်။ level တူရင် ဟောလို့ရတယ်။ အဲ့လိုမျိုးပေါ့။

15
00:01:27,436 --> 00:01:31,719
အဲ့တော့ ယာဉ်ပေါ်က ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။

16
00:01:31,719 --> 00:01:39,234
အမှန်တကယ် ရောဂါဖြစ်နေ၍ ထိုင်မရ ထမရ လမ်းလျှောက်၍ မရခဲ့လျှင် ယာဉ်ပေါ်မှသာ နေရသူဖြစ်လျှင် ယာဉ်ပေါ်မှာပင် တရားနာယူကောင်း၏နော်။

17
00:01:39,234 --> 00:01:46,264
တစ်ခါတလေ ဟိုမသွားနိုင်မလာနိုင်တဲ့လူတွေက ကားပေါ်မှာပဲ ထိုင် ထလို့အဆင်မပြေဘူး။ အဲ့ဒါဆိုရင်တော့ ရတယ် ဂိလာနလို့ခေါ်တယ်နော်။

18
00:01:46,264 --> 00:01:54,911
သို့မဟုတ် တရားဟောပုဂ္ဂိုလ်ကလည်း တရားနာယူသူနှင့် ယာဉ်တစ်ခုတည်း၌ပင် နေ၍ တရားဟောကြားရာမျိုး၌ ယာဉ်ပေါ်မှာပင် တရားကို နာယူကောင်း၏နော်။

19
00:01:54,911 --> 00:01:57,002
Level တူသွားတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ်က။ သူလည်း လှေပေါ်မှာ ကိုယ်လည်း လှေပေါ်မှာ ရတယ်။

20
00:01:57,002 --> 00:02:00,002
ယခုကာလ လှည်း၊ လှေ၊ သင်္ဘော၊ ရထား၊ ကား အမျိုးမျိုး၊ အဝတ်ထမ်းစင်များနှင့်တကွ လူနှစ်ယောက် လက်ချင်းယှက်၍ မချီယူအပ်သော လက်ယှက်မှုများကိုပါ ယာဉ်ဟုခေါ်ပါသည်နော်။
