ဒီနေ့တော့ ဗုဒ္ဓဘာသာ စကားမဟုတ်တဲ့အတွက်ကြောင့် အဲ့လိုမျိုးပေါ့နော်။ အဲ့ဒါ ဦးဇင်းတို့ တရားနာတဲ့အခါမှာ လက်ထဲမှာ မရှိရမယ့် ပစ္စည်းတွေနော်။ ထီးရယ်၊ တောင်ဝှေးရယ်၊ လက်နက်အမျိုးမျိုးပေါ့နော်။ အဲ့ဒါ လက်ထဲမှာ မရှိစေရဘူး တရားနာတဲ့အခါမှာ။ ဒါကတော့ မြို့သူမြို့သားတွေမှာတော့ ရှားပါတယ်။ တောသူတောသားတွေမှာတော့ ဒါလေးရှိတတ်တယ်ပေါ့။ မြို့သားတွေမှာတော့ ဘာရှိမလဲဆိုတော့ ထီးတို့ တောင်ဝှေးတို့တော့ ရှိတတ်တယ်ပေါ့။ တောသူတောသားတွေမှာကျတော့ ဓားတို့ဘာတို့နော်၊ တူစင်းတို့ဘာတို့ ရှိတာပေါ့ လက်ထဲမှာကို။ နောက်ပြီး စာမျက်နှာ ၇၄ ပေါ့နော်။ တရားမနာကောင်းတဲ့ဟာ။ ယာဉ်ပေါ်မှ နောက်တစ်ခါ အိပ်ရာပေါ်မှာ နေပြီး တရားမနာကောင်းတဲ့ဥစ္စာ။ တရားဟောပုဂ္ဂိုလ်က ယာဉ်ထက်နိမ့်သော နေရာမှာ နေ၍ တရားဟောသည်ကို တရားနာယူသူက ကျန်းမာလျက် ယာဉ်ပေါ်မှာ နေထိုင်ကာ တရားမနာယူကောင်း။ ယာဉ်ပေါ်မှ ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ ဆိုတာ ဟောသူက အောက်ကပေါ့နော်။ နာသူက ကားပေါ်က အဲ့လိုဖြစ်နေတယ်ဆိုတော့ မြင့်နေတာပေါ့ သူက။ အဲ့လိုမရဘူးလေနော်။ အဲ့တော့ တရားဟောသူနဲ့ တရားနာသူမှာ ဟောသူက အပေါ်ကပဲ ဖြစ်ရမယ်။ တရားနာသူက အောက်ကဖြစ်ရမယ်။ ဒီလိုဖြစ်ရမယ်။ အဲ့တော့ တရားနာသူက အပေါ်က ယာဉ်ကားပေါ်က ဖြစ်နေတယ်။ ဟောသူက အောက်ကနေ ဟောမယ်။ မရဘူးပေါ့နော်။ တစ်ခါတလေ ဒကာဒကာမတွေက ကားပေါ်က ဘုန်းကြီးက အောက်ကနေပြီးတော့ မတ်တပ်ရပ်ပြီး ဟောတယ်။ မရဘူးပေါ့နော်။ အဲ့ဒါမရဘူး။ အဲ့တော့ အကယ်၍ ဘုန်းကြီးကလည်း ကားပေါ်က လူလည်း ကားပေါ်ကဆိုရင်တော့ ဟောလို့ရတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ် level တူတယ်။ level တူရင် ဟောလို့ရတယ်။ အဲ့လိုမျိုးပေါ့။ အဲ့တော့ ယာဉ်ပေါ်က ဆင်းသက်ပြီးမှသာ တရားတော်ကို နာယူကောင်း၏။ အမှန်တကယ် ရောဂါဖြစ်နေ၍ ထိုင်မရ ထမရ လမ်းလျှောက်၍ မရခဲ့လျှင် ယာဉ်ပေါ်မှသာ နေရသူဖြစ်လျှင် ယာဉ်ပေါ်မှာပင် တရားနာယူကောင်း၏နော်။ တစ်ခါတလေ ဟိုမသွားနိုင်မလာနိုင်တဲ့လူတွေက ကားပေါ်မှာပဲ ထိုင် ထလို့အဆင်မပြေဘူး။ အဲ့ဒါဆိုရင်တော့ ရတယ် ဂိလာနလို့ခေါ်တယ်နော်။ သို့မဟုတ် တရားဟောပုဂ္ဂိုလ်ကလည်း တရားနာယူသူနှင့် ယာဉ်တစ်ခုတည်း၌ပင် နေ၍ တရားဟောကြားရာမျိုး၌ ယာဉ်ပေါ်မှာပင် တရားကို နာယူကောင်း၏နော်။ Level တူသွားတယ်။ သူလည်း ကားပေါ် ကိုယ်လည်း ကားပေါ်က။ သူလည်း လှေပေါ်မှာ ကိုယ်လည်း လှေပေါ်မှာ ရတယ်။ ယခုကာလ လှည်း၊ လှေ၊ သင်္ဘော၊ ရထား၊ ကား အမျိုးမျိုး၊ အဝတ်ထမ်းစင်များနှင့်တကွ လူနှစ်ယောက် လက်ချင်းယှက်၍ မချီယူအပ်သော လက်ယှက်မှုများကိုပါ ယာဉ်ဟုခေါ်ပါသည်နော်။