1
00:00:00,000 --> 00:00:04,239
ဟုတ်ကဲ့ပါခင်ဗျာ။ လူတွေဘာတွေ ထိုင်ထားတဲ့ဥစ္စာလည်း ဒါရင်ပဲ။ နည်းနည်းလေး ဝှီးချဲလ်တွေဘာတွေလည်း ရင်ထဲထည့် အကုန်ထည့်နော်။ အကုန်ထည့်မယ်။

2
00:00:04,239 --> 00:00:07,861
ကျန်းမာလျက် ထိုရင်ပေါ်၌ နေကာ တရားမနာကောင်း။

3
00:00:07,861 --> 00:00:12,177
တရားဟောပုဂ္ဂိုလ်က ရင်တစ်စီးပေါ်မှ ဟော၍ တရားနာသူကလည်း အခြားရင်တစ်စီးပေါ်မှ နာယူရာ၌

4
00:00:12,177 --> 00:00:15,722
တရားနာသူရင်သည် တရားဟောပုဂ္ဂိုလ်၏ ရင်၏ နောက်မှ နေလျှင်လည်းကောင်း၊

5
00:00:15,722 --> 00:00:19,345
တရားနာသူရင်က မြင့်နေလျှင်လည်းကောင်း တရားမဟောကောင်းချေ။

6
00:00:19,345 --> 00:00:23,584
ကားနှစ်စီး ယှဉ်မောင်းရင်းနဲ့တော့ ရတယ်။ အဲ့မှာလည်း ကိုယ့်ကားက မြင့်နေရင် ရသေးတယ်။

7
00:00:23,584 --> 00:00:27,129
ဟောတဲ့ပုဂ္ဂိုလ်ရဲ့ ကားက နိမ့်နေရင်လည်း အဆင်မပြေသေးဘူးနော်။

8
00:00:27,129 --> 00:00:31,445
ကားချင်းတူပေမယ့်လည်း ဟို နာသူရဲ့ကားက မြင့် ဟောသူရဲ့ကားက နိမ့်ရင် တရားမဟောကောင်း။

9
00:00:31,445 --> 00:00:34,991
နောက်တစ်ခါ ရှေ့ဆင့်နောက်ဆင့် ကိုယ့်ကားက ရှေ့က အော် ဆောရီး ဟောတဲ့ဘုန်းကြီးရဲ့ကားက နောက်က

10
00:00:34,991 --> 00:00:38,613
နာတဲ့ဘုန်းကြီးက နာတဲ့လူက ရှေ့ကဆိုလည်း မရဘူး။ ဘာလို့လဲဆိုတော့ နောက်ကမဟောကောင်း တရား။

11
00:00:38,613 --> 00:00:42,929
နောက်မှာ လာလိမ့်မယ် သူက တရားဟောတဲ့အခါမှာ နောက်ကနေ ရှေ့ကို မဟောကောင်း။

12
00:00:42,929 --> 00:00:46,474
အဲ့တော့ ကားတစ်စီးထဲမှာ အဲ့ဒါ သတိထားရမှာ။

13
00:00:46,474 --> 00:00:50,791
ကားတစ်စီးထဲမှာ ဟို လူတွေက ရှေ့ကထိုင်တယ်။ ဘုန်းကြီးက နောက်ကထိုင်ပြီး တရားဟောတယ်။ မအပ်ဘူး အဲ့ဒါ။

14
00:00:50,791 --> 00:00:54,336
အဲ့တော့ တရားဟောသူသည် ရှေ့ကထိုင်ရမှာနော်။

15
00:00:54,336 --> 00:00:57,881
အဲ့ကြောင့် တစ်ခါတစ်လေ ကားပေါ်မှာ တရားစကားတွေ ပြောစရာရှိတယ်ဆိုရင် ဘုန်းကြီးက ရှေ့ကနေရမယ်။

16
00:00:57,881 --> 00:01:02,197
အဲ့တော့ နောက်ကနေပြီး လူတွေကို ရှေ့ကို တရားဟောတာ မဖြစ်စေရဘူး။ ဒါလည်း သတိထားစရာနော်။

17
00:01:02,197 --> 00:01:05,743
အဲ့တော့ တရားဟောတဲ့အခါမှာ ကားတစ်စီးထဲမှာတောင်မှ ရှေ့နဲ့နောက်နဲ့ သတိထားရမယ်။

18
00:01:05,743 --> 00:01:10,059
နောက်ကနေကာ ရှေ့က ရှေ့ကသူကို မဟောကောင်း။ ဒါ မလေးမစားရောက်တယ်ပေါ့ တရားကိုနော်။

19
00:01:10,059 --> 00:01:13,604
အဲ့ကြောင့် ဦးဇင်းတို့ ဝိနည်းမှာတောင်မှ တရားနာတဲ့ ဟို တရား ဒီစာဝါတွေ ချတဲ့အခါမှာလေ

20
00:01:13,604 --> 00:01:17,149
တစ်ခါတစ်လေ ဦးဇင်းတို့ စာချတဲ့အခါမှာ ကိုယ့်ထက် ဝါငယ်တဲ့ ဦးဇင်းတွေဘာတွေ ပါတတ်တယ် ဟို ဝါကြီးတဲ့ပုဂ္ဂိုလ်တွေ ပါတတ်တယ်လေ။

21
00:01:17,149 --> 00:01:21,466
စာချတဲ့ဘုန်းကြီးက ဝါငယ်နေတယ်။ စာလိုက်တတ်တဲ့ပုဂ္ဂိုလ်က ဝါကြီးနေတယ်။

22
00:01:21,466 --> 00:01:25,011
အဲ့ဆိုရင် ဘယ်လိုထိုင်ကြမလဲပေါ့နော်။

23
00:01:25,011 --> 00:01:29,327
မြတ်စွာဘုရားလက်ထက်တော်တုန်းက အဲ့လိုကြုံဖူးတယ်လေ။

24
00:01:29,327 --> 00:01:32,872
အရှင်ဥပါလိဆီမှာ မြတ်စွာဘုရားက ဝိနည်းတွေ သွားသင်ကြဖို့ တိုက်တွန်းတယ်။

25
00:01:32,872 --> 00:01:36,418
ဝိနည်းဆိုတာ သာသနာမှာ အရေးကြီးတယ်ပေါ့နော်။

26
00:01:36,418 --> 00:01:40,734
အဲ့ကြောင့် ဝိနည်းသွားသင်ကြပါဆိုပြီး မြတ်စွာဘုရား တိုက်တွန်းတယ်။ တိုက်တွန်းတော့

27
00:01:40,734 --> 00:01:44,279
အကုန်လုံး ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရော ဝါငယ်တဲ့ပုဂ္ဂိုလ်တွေရော အရှင်ဥပါလိဆီမှာ ဝိနည်းသွားသင်ကြတယ်။

28
00:01:44,279 --> 00:01:48,595
သွားသင်တော့ အရှင်ဥပါလိက ဝါငယ်တော့ သူ စာသင်ရတာ တော်တော်ခက်နေတယ်။

29
00:01:48,595 --> 00:01:52,141
အော် အပေါ်ကထိုင်ရမလား အောက်ကထိုင်ရမလား အဲ့လိုဖြစ်နေတယ် သူက။

30
00:01:52,141 --> 00:01:55,686
အပေါ်ကထိုင်ပြန်ရင်လည်း မထေရ်ကြီးတွေကို မလေးမစားဖြစ်မယ်။

31
00:01:55,686 --> 00:01:57,186
ဟို အောက်ကနေ သင်ပြန်ရင်လည်း တရားတော်ကို မလေးမစားဖြစ်မယ်။ တရားကို မလေးမစားဖြစ်မယ်။

32
00:01:57,186 --> 00:02:00,002
အဲ့တော့ ဘယ်လိုထိုင်ရမလဲ မေးတော့ မြတ်စွာဘုရားက နှစ်မျိုးပြောတယ်။
