ဟုတ်ကဲ့ပါခင်ဗျာ။ လူတွေဘာတွေ ထိုင်ထားတဲ့ဥစ္စာလည်း ဒါရင်ပဲ။ နည်းနည်းလေး ဝှီးချဲလ်တွေဘာတွေလည်း ရင်ထဲထည့် အကုန်ထည့်နော်။ အကုန်ထည့်မယ်။ ကျန်းမာလျက် ထိုရင်ပေါ်၌ နေကာ တရားမနာကောင်း။ တရားဟောပုဂ္ဂိုလ်က ရင်တစ်စီးပေါ်မှ ဟော၍ တရားနာသူကလည်း အခြားရင်တစ်စီးပေါ်မှ နာယူရာ၌ တရားနာသူရင်သည် တရားဟောပုဂ္ဂိုလ်၏ ရင်၏ နောက်မှ နေလျှင်လည်းကောင်း၊ တရားနာသူရင်က မြင့်နေလျှင်လည်းကောင်း တရားမဟောကောင်းချေ။ ကားနှစ်စီး ယှဉ်မောင်းရင်းနဲ့တော့ ရတယ်။ အဲ့မှာလည်း ကိုယ့်ကားက မြင့်နေရင် ရသေးတယ်။ ဟောတဲ့ပုဂ္ဂိုလ်ရဲ့ ကားက နိမ့်နေရင်လည်း အဆင်မပြေသေးဘူးနော်။ ကားချင်းတူပေမယ့်လည်း ဟို နာသူရဲ့ကားက မြင့် ဟောသူရဲ့ကားက နိမ့်ရင် တရားမဟောကောင်း။ နောက်တစ်ခါ ရှေ့ဆင့်နောက်ဆင့် ကိုယ့်ကားက ရှေ့က အော် ဆောရီး ဟောတဲ့ဘုန်းကြီးရဲ့ကားက နောက်က နာတဲ့ဘုန်းကြီးက နာတဲ့လူက ရှေ့ကဆိုလည်း မရဘူး။ ဘာလို့လဲဆိုတော့ နောက်ကမဟောကောင်း တရား။ နောက်မှာ လာလိမ့်မယ် သူက တရားဟောတဲ့အခါမှာ နောက်ကနေ ရှေ့ကို မဟောကောင်း။ အဲ့တော့ ကားတစ်စီးထဲမှာ အဲ့ဒါ သတိထားရမှာ။ ကားတစ်စီးထဲမှာ ဟို လူတွေက ရှေ့ကထိုင်တယ်။ ဘုန်းကြီးက နောက်ကထိုင်ပြီး တရားဟောတယ်။ မအပ်ဘူး အဲ့ဒါ။ အဲ့တော့ တရားဟောသူသည် ရှေ့ကထိုင်ရမှာနော်။ အဲ့ကြောင့် တစ်ခါတစ်လေ ကားပေါ်မှာ တရားစကားတွေ ပြောစရာရှိတယ်ဆိုရင် ဘုန်းကြီးက ရှေ့ကနေရမယ်။ အဲ့တော့ နောက်ကနေပြီး လူတွေကို ရှေ့ကို တရားဟောတာ မဖြစ်စေရဘူး။ ဒါလည်း သတိထားစရာနော်။ အဲ့တော့ တရားဟောတဲ့အခါမှာ ကားတစ်စီးထဲမှာတောင်မှ ရှေ့နဲ့နောက်နဲ့ သတိထားရမယ်။ နောက်ကနေကာ ရှေ့က ရှေ့ကသူကို မဟောကောင်း။ ဒါ မလေးမစားရောက်တယ်ပေါ့ တရားကိုနော်။ အဲ့ကြောင့် ဦးဇင်းတို့ ဝိနည်းမှာတောင်မှ တရားနာတဲ့ ဟို တရား ဒီစာဝါတွေ ချတဲ့အခါမှာလေ တစ်ခါတစ်လေ ဦးဇင်းတို့ စာချတဲ့အခါမှာ ကိုယ့်ထက် ဝါငယ်တဲ့ ဦးဇင်းတွေဘာတွေ ပါတတ်တယ် ဟို ဝါကြီးတဲ့ပုဂ္ဂိုလ်တွေ ပါတတ်တယ်လေ။ စာချတဲ့ဘုန်းကြီးက ဝါငယ်နေတယ်။ စာလိုက်တတ်တဲ့ပုဂ္ဂိုလ်က ဝါကြီးနေတယ်။ အဲ့ဆိုရင် ဘယ်လိုထိုင်ကြမလဲပေါ့နော်။ မြတ်စွာဘုရားလက်ထက်တော်တုန်းက အဲ့လိုကြုံဖူးတယ်လေ။ အရှင်ဥပါလိဆီမှာ မြတ်စွာဘုရားက ဝိနည်းတွေ သွားသင်ကြဖို့ တိုက်တွန်းတယ်။ ဝိနည်းဆိုတာ သာသနာမှာ အရေးကြီးတယ်ပေါ့နော်။ အဲ့ကြောင့် ဝိနည်းသွားသင်ကြပါဆိုပြီး မြတ်စွာဘုရား တိုက်တွန်းတယ်။ တိုက်တွန်းတော့ အကုန်လုံး ဝါကြီးတဲ့ပုဂ္ဂိုလ်တွေရော ဝါငယ်တဲ့ပုဂ္ဂိုလ်တွေရော အရှင်ဥပါလိဆီမှာ ဝိနည်းသွားသင်ကြတယ်။ သွားသင်တော့ အရှင်ဥပါလိက ဝါငယ်တော့ သူ စာသင်ရတာ တော်တော်ခက်နေတယ်။ အော် အပေါ်ကထိုင်ရမလား အောက်ကထိုင်ရမလား အဲ့လိုဖြစ်နေတယ် သူက။ အပေါ်ကထိုင်ပြန်ရင်လည်း မထေရ်ကြီးတွေကို မလေးမစားဖြစ်မယ်။ ဟို အောက်ကနေ သင်ပြန်ရင်လည်း တရားတော်ကို မလေးမစားဖြစ်မယ်။ တရားကို မလေးမစားဖြစ်မယ်။ အဲ့တော့ ဘယ်လိုထိုင်ရမလဲ မေးတော့ မြတ်စွာဘုရားက နှစ်မျိုးပြောတယ်။