1
00:00:00,000 --> 00:00:02,772
စာဝါလိုက်တဲ့ မထေရ်ကြီးများကလည်းပဲ တဲ့

2
00:00:02,772 --> 00:00:06,495
ဓမ္မကို ဂါရဝထားတဲ့ အနေဖြင့် အောက်က ထိုင်ပေးပါ အရှင်ဘုရား နော်။

3
00:00:06,495 --> 00:00:09,901
ပုဂ္ဂိုလ်ကို မဟုတ်ဘူး စာချပေးတဲ့ ဆရာတော်ကို လေးစားတာ မဟုတ်ဘူး

4
00:00:09,901 --> 00:00:13,465
သူပို့ချတဲ့ ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။

5
00:00:13,465 --> 00:00:16,237
စာချတဲ့ ပုဂ္ဂိုလ်ကလည်း ဝါငယ်တယ် ဆိုပေမယ့်လည်း

6
00:00:16,237 --> 00:00:19,960
ဓမ္မကို လေးစားသောအားဖြင့် အပေါ်က ထိုင်ပေးပါ အရှင်ဘုရားက နော်။

7
00:00:19,960 --> 00:00:24,158
အဲ့တော့ ဓမ္မကို လေးစားသောအားဖြင့် ဝါငယ်သော်လည်း အပေါ်ကနေ ထိုင်။

8
00:00:24,158 --> 00:00:27,881
လိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။

9
00:00:27,881 --> 00:00:31,287
ဒါမှမဟုတ်ရင်လည်း တန်းတူထိုင်ပါ နှစ်ခုပေးတယ် နော်။

10
00:00:31,287 --> 00:00:35,010
အဲ့တော့ တရားဟောတဲ့ ပုဂ္ဂိုလ်သည် အပေါ်က ထိုင်လည်းထိုင် မဟုတ် တန်းတူထိုင်။

11
00:00:35,010 --> 00:00:38,416
အောက်ကတော့ မထိုင်စေရဘူး ဝါနဲ့မဆိုင်တော့ဘူး။

12
00:00:38,416 --> 00:00:42,931
တခြားနေရာမှာဆိုရင်တော့ ဝါနဲ့ဆိုင်တယ် ဝါငယ်လို့ရှိရင် အောက်ကပဲ ထိုင်ရတယ် အပေါ်မထိုင်ရဘူး နော်။

13
00:00:42,931 --> 00:00:46,337
ဒါပေမယ့် ဒီနေရာမှာကျတော့ သူက တရားတော်ကို လေးစားသောအားဖြင့်

14
00:00:46,337 --> 00:00:49,268
ဟောသူက အပေါ်ကထိုင် နာသူက အောက်ကထိုင်။

15
00:00:49,268 --> 00:00:54,258
အဲ့ဒါကြောင့် ခုနက ရှေ့နဲ့နောက်မှာဆိုရင်လည်း ဟောသူက ရှေ့ကနေ နာသူက နောက်ကနေ နော်။

16
00:00:54,258 --> 00:00:56,397
အဲ့လို သတိထားရမှာပေါ့နော်။

17
00:00:56,397 --> 00:01:01,387
ထို့ပြင်လည်း တရားဟောပုဂ္ဂိုလ်က နော် ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ တရားနာဟောနေသည်ကို

18
00:01:01,387 --> 00:01:05,110
တရားနာသူက ကျန်းမာရေးနဲ့ ပြည့်စုံနေ အိပ်လျက်မနာကောင်း။

19
00:01:05,110 --> 00:01:10,100
ဒါ နေမကောင်းရင်တော့ ရတယ်နော် လူမမာက နေမကောင်းလို့ အိပ်ရာမှာ လဲနေတာကို တရားသွားဟောတာ ရတယ်။

20
00:01:10,100 --> 00:01:14,615
ကျန်းမာရေး ကောင်းပါလျက်နဲ့ အပျင်းထူပြီးတော့ အိပ်ရာက မထဘူး ဘုန်းကြီးက တရားသွားဟော မရဘူးနော်။

21
00:01:14,615 --> 00:01:18,021
အဲ့လို အိပ်နေတဲ့ တရားကြောင့် တရားနာလို့ရှိရင် အိပ်ပြီး မနာနဲ့။

22
00:01:18,021 --> 00:01:22,536
တချို့က အိပ်ပြီး တရားနာတတ်ကြတယ် နားကြပ်တပ်ပြီးတော့ထားတာ သူက အေးအေးဆေးဆေးပဲ နာတယ်နော် အဲ့လိုမျိုး။

23
00:01:22,536 --> 00:01:25,150
အဲ့တော့ ရိုရိုသေသေနာဖို့ပေါ့ တရားနာရင်။

24
00:01:25,150 --> 00:01:29,665
အဲ့တော့ တရားဟောတဲ့ ကက်ဆက်တို့ ဘာတို့ဆိုရင်လည်း ခုံပေါ်မှာ အမြင့်မှာ ထားပြီးတော့ ဖွင့်သင့်တာပေါ့နော်။

25
00:01:29,665 --> 00:01:32,279
တရားကို လေးစားသောအားဖြင့်ပေါ့ ဟုတ်လား သူကနော်။

26
00:01:32,279 --> 00:01:36,794
ရိုရိုသေသေလေး တကယ် ဆရာတော်တစ်ပါးက တရားဟောနေသလိုမျိုး နာရင် ပိုကောင်းတာပေါ့နော် ပိုကောင်းပါတယ်။

27
00:01:36,794 --> 00:01:40,200
တရားနာတဲ့အခါမှာ အဲ့ကက်ဆက်တို့ ဘာတို့ကို အပေါ်မှာ ထားပြီးတော့ နာတာကောင်းတယ်။

28
00:01:40,200 --> 00:01:43,922
ရိုရိုသေသေနာ ကိုယ်မနာချင်တော့ဘူးဆိုရင်လည်း ပိတ်ပြီးတော့ အိပ်လိုက်ရုံရှိတာပေါ့နော်။

29
00:01:43,922 --> 00:01:47,328
အခုခေတ်ကတော့ လွယ်လွယ်ကူကူပဲလေ နားကြပ်ကလေး တပ်ပြီးတော့ နာလိုက်ကြတာပေါ့နော်။

30
00:01:47,328 --> 00:01:50,259
ပြီးရင် တရားနာရင်းနဲ့ပဲ အိပ်ပျော်သွားတာပေါ့ ဖွင့်ထား အိပ်ပျော်။

31
00:01:50,259 --> 00:01:54,457
မသင့်ရင်ပဲ ကိုယ်အိပ် ဟိုဟာ သိပ်ပေးသလို ဖြစ်နေတာနော် အိပ်ဆေးဖြစ်နေတယ် တရားတော်က။

32
00:01:54,457 --> 00:01:56,596
တရားတော်က အိပ်ဆေးဖြစ်နေတာနော်။

33
00:01:56,596 --> 00:01:58,096
အဲ့ဒါ အတတ်နိုင်ဆုံး ဂါရဝတရားထားပြီးတော့ နာသင့်ပါတယ် တရားတော်ကိုနော်။

34
00:01:58,096 --> 00:02:00,002
ဆရာတော်တစ်ပါး လာပြီးတော့ ဟောနေသလိုမျိုးပေါ့။
