စာဝါလိုက်တဲ့ မထေရ်ကြီးများကလည်းပဲ တဲ့ ဓမ္မကို ဂါရဝထားတဲ့ အနေဖြင့် အောက်က ထိုင်ပေးပါ အရှင်ဘုရား နော်။ ပုဂ္ဂိုလ်ကို မဟုတ်ဘူး စာချပေးတဲ့ ဆရာတော်ကို လေးစားတာ မဟုတ်ဘူး သူပို့ချတဲ့ ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ စာချတဲ့ ပုဂ္ဂိုလ်ကလည်း ဝါငယ်တယ် ဆိုပေမယ့်လည်း ဓမ္မကို လေးစားသောအားဖြင့် အပေါ်က ထိုင်ပေးပါ အရှင်ဘုရားက နော်။ အဲ့တော့ ဓမ္မကို လေးစားသောအားဖြင့် ဝါငယ်သော်လည်း အပေါ်ကနေ ထိုင်။ လိုက်တဲ့ ပုဂ္ဂိုလ်တွေကလည်း ဓမ္မကို လေးစားသောအားဖြင့် အောက်ကနေ ထိုင်ပေးပါ။ ဒါမှမဟုတ်ရင်လည်း တန်းတူထိုင်ပါ နှစ်ခုပေးတယ် နော်။ အဲ့တော့ တရားဟောတဲ့ ပုဂ္ဂိုလ်သည် အပေါ်က ထိုင်လည်းထိုင် မဟုတ် တန်းတူထိုင်။ အောက်ကတော့ မထိုင်စေရဘူး ဝါနဲ့မဆိုင်တော့ဘူး။ တခြားနေရာမှာဆိုရင်တော့ ဝါနဲ့ဆိုင်တယ် ဝါငယ်လို့ရှိရင် အောက်ကပဲ ထိုင်ရတယ် အပေါ်မထိုင်ရဘူး နော်။ ဒါပေမယ့် ဒီနေရာမှာကျတော့ သူက တရားတော်ကို လေးစားသောအားဖြင့် ဟောသူက အပေါ်ကထိုင် နာသူက အောက်ကထိုင်။ အဲ့ဒါကြောင့် ခုနက ရှေ့နဲ့နောက်မှာဆိုရင်လည်း ဟောသူက ရှေ့ကနေ နာသူက နောက်ကနေ နော်။ အဲ့လို သတိထားရမှာပေါ့နော်။ ထို့ပြင်လည်း တရားဟောပုဂ္ဂိုလ်က နော် ထိုင်လျက်ဖြစ်စေ ရပ်လျက်ဖြစ်စေ တရားနာဟောနေသည်ကို တရားနာသူက ကျန်းမာရေးနဲ့ ပြည့်စုံနေ အိပ်လျက်မနာကောင်း။ ဒါ နေမကောင်းရင်တော့ ရတယ်နော် လူမမာက နေမကောင်းလို့ အိပ်ရာမှာ လဲနေတာကို တရားသွားဟောတာ ရတယ်။ ကျန်းမာရေး ကောင်းပါလျက်နဲ့ အပျင်းထူပြီးတော့ အိပ်ရာက မထဘူး ဘုန်းကြီးက တရားသွားဟော မရဘူးနော်။ အဲ့လို အိပ်နေတဲ့ တရားကြောင့် တရားနာလို့ရှိရင် အိပ်ပြီး မနာနဲ့။ တချို့က အိပ်ပြီး တရားနာတတ်ကြတယ် နားကြပ်တပ်ပြီးတော့ထားတာ သူက အေးအေးဆေးဆေးပဲ နာတယ်နော် အဲ့လိုမျိုး။ အဲ့တော့ ရိုရိုသေသေနာဖို့ပေါ့ တရားနာရင်။ အဲ့တော့ တရားဟောတဲ့ ကက်ဆက်တို့ ဘာတို့ဆိုရင်လည်း ခုံပေါ်မှာ အမြင့်မှာ ထားပြီးတော့ ဖွင့်သင့်တာပေါ့နော်။ တရားကို လေးစားသောအားဖြင့်ပေါ့ ဟုတ်လား သူကနော်။ ရိုရိုသေသေလေး တကယ် ဆရာတော်တစ်ပါးက တရားဟောနေသလိုမျိုး နာရင် ပိုကောင်းတာပေါ့နော် ပိုကောင်းပါတယ်။ တရားနာတဲ့အခါမှာ အဲ့ကက်ဆက်တို့ ဘာတို့ကို အပေါ်မှာ ထားပြီးတော့ နာတာကောင်းတယ်။ ရိုရိုသေသေနာ ကိုယ်မနာချင်တော့ဘူးဆိုရင်လည်း ပိတ်ပြီးတော့ အိပ်လိုက်ရုံရှိတာပေါ့နော်။ အခုခေတ်ကတော့ လွယ်လွယ်ကူကူပဲလေ နားကြပ်ကလေး တပ်ပြီးတော့ နာလိုက်ကြတာပေါ့နော်။ ပြီးရင် တရားနာရင်းနဲ့ပဲ အိပ်ပျော်သွားတာပေါ့ ဖွင့်ထား အိပ်ပျော်။ မသင့်ရင်ပဲ ကိုယ်အိပ် ဟိုဟာ သိပ်ပေးသလို ဖြစ်နေတာနော် အိပ်ဆေးဖြစ်နေတယ် တရားတော်က။ တရားတော်က အိပ်ဆေးဖြစ်နေတာနော်။ အဲ့ဒါ အတတ်နိုင်ဆုံး ဂါရဝတရားထားပြီးတော့ နာသင့်ပါတယ် တရားတော်ကိုနော်။ ဆရာတော်တစ်ပါး လာပြီးတော့ ဟောနေသလိုမျိုးပေါ့။