1
00:00:00,000 --> 00:00:04,860
သွားလာပြီး ဟောနေသလိုမျိုး ကက်ဆက်ဖွင့်ရင်လည်း ရိုရိုသေသေ နာကြပေါ့ နော်။

2
00:00:04,860 --> 00:00:09,013
အဲ့တော့ ခုန ကျန်းမာရေးကောင်းရဲ့သားနဲ့ အိပ်ရာထဲက မနာရဘူးတဲ့ နော်။

3
00:00:09,013 --> 00:00:13,961
ကျန်းမာရေးမကောင်းဘူးဆိုရင်တော့ အိပ်ရာထဲမှာ နာလို့ရပါတယ်နော်။

4
00:00:13,961 --> 00:00:18,115
တရားဟောပုဂ္ဂိုလ်နှင့် တရားနာသူ နှစ်ယောက်လုံးသည် အိပ်လျက် ဟောပြောနာယူရာ၌လည်း

5
00:00:18,115 --> 00:00:22,268
တရားနာသူက နိမ့်ရာအရပ်၌ အိပ်လျက်သာလျှင် တရားနာယူအပ်၏။

6
00:00:22,268 --> 00:00:27,217
အဲ့တော့ သူလည်း ကုတင်ပေါ်မှာ အိပ်နေ ကိုယ်လည်း ကုတင်ပေါ်မှာ အိပ်ပြီးတော့ ဟို တရားဟောမယ်ဆိုရင် အိပ်ပြီးဟောလို့ရတယ်။

7
00:00:27,217 --> 00:00:31,370
သူက ဣရိယာပုဒ်ထဲမှာ သူက အိပ်တဲ့ပုဒ်က ဇိမ်ကျတယ်လေ သူက။

8
00:00:31,370 --> 00:00:35,523
အဲ့တော့ အိပ်တဲ့ပုဒ်က သူက မြင့်မြတ်တယ်လို့ ယူဆတယ်။

9
00:00:35,523 --> 00:00:40,472
အဲ့တော့ ဣရိယာပုဒ် သုံးခုပေါ့နော် လေးခုပေါ့ သွား ရပ် ထိုင် လျောင်းမှာ လျောင်းစက်ဣရိယာပုဒ်က ပိုပြီးတော့ သာတယ်ပေါ့လေ။

10
00:00:40,472 --> 00:00:44,625
အဲ့တော့ ကိုယ်က ရပ်ပြီးဟောတယ်ဆိုရင် ဒါ နည်းနည်း အောက်တယ်ပေါ့လေ သူက အဲ့သဘောဖြစ်သွားတယ်။

11
00:00:44,625 --> 00:00:48,778
အဲ့ဒါကြောင့် ကိုယ်လည်း အိပ်ဟော အဲ့ဆိုရင် သူအိပ် ကိုယ်လည်း အိပ်ဟော အဲ့ဒါဆို တူသွားတယ် အဲ့ဒါဆို ရတယ်နော်။

12
00:00:48,778 --> 00:00:53,727
အဲ့လို အိပ်ဟောတဲ့အခါမှာလည်း သူ့ကုတင်နဲ့ ကိုယ့်ကုတင်က ဟိုဟာ လယ်ဗယ်တူရင်လည်းတူ သို့မဟုတ် ကိုယ်က မြင့်ရမယ်။

13
00:00:53,727 --> 00:00:57,880
အဲ့တော့ ဟောတဲ့သူရဲ့ ကုတင်က မြင့်နေရမယ်။ ဟောတဲ့သူက ကုတင်က နိမ့်မနေရဘူး။

14
00:00:57,880 --> 00:01:02,033
ကုတင်လယ်ဗယ်လည်း ကြည့်ရဦးမှာပေါ့နော်။

15
00:01:02,033 --> 00:01:06,982
အဲ့ဒါကြောင့် သို့သော်တဲ့နော် လျောင်းခြင်း ထိုင်ခြင်း ရပ်ခြင်း သွားခြင်းဟူသော ဣရိယာပုဒ် လေးပါးတို့တွင်

16
00:01:06,982 --> 00:01:11,135
ရပ်ခြင်း ထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နာယူခြင်းသည်သာ တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်သည်နော်။

17
00:01:11,135 --> 00:01:15,288
မြန်မာနိုင်ငံမှာ ထူးဆန်းတာက မတ်တပ်ရပ်တာကို မရိုသေဘူးလို့ တချို့က သတ်မှတ်တယ်နော်။

18
00:01:15,288 --> 00:01:20,237
ဒီမှာ အဲ့လိုမဟုတ်ဘူး သူက စာပေထဲမှာက အဲ့လိုမဟုတ်ဘူး သူက။

19
00:01:20,237 --> 00:01:24,390
ဒါ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ဒီ ရပ်ခြင်းဣရိယာပုဒ်က သူက သူ့ကို respect ပေးတာပဲနော်။

20
00:01:24,390 --> 00:01:28,543
လေးစားပေးတာ လေးစားတာ ဒါက။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဆရာတော်ကြီးတွေလာရင် မတ်တပ်ရပ်ပေးတယ်လေ။

21
00:01:28,543 --> 00:01:33,492
ဒါ လေးစားတာပဲ ဒါနော်။ အဲ့ဒါကြောင့် ဒါ မတ်တပ်ရပ်နာယူတယ်ဆိုတာ ဒါ လေးစားတာပဲ ဒါ။ အဲ့လိုရတယ်။

22
00:01:33,492 --> 00:01:37,645
အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ရပ်ပြီးတော့ နာတာ ထိုင်ပြီးတော့ နာတာဟာ သင့်ပါတယ်နော်။

23
00:01:37,645 --> 00:01:41,798
တချို့က ဟာ မရပ်နဲ့ ထိုင် တချို့ပြောကြတယ်။ မဟုတ်ဘူး သူက ရပ်တာဟာ respect ပေးတာပဲ တကယ်တော့။

24
00:01:41,798 --> 00:01:46,040
လူကြီးတွေလာတဲ့အချိန် နေရာထပေးတာဘာညာဆိုတာ လေးစားတာပဲနော် အဲ့ဒါကြောင့်။

25
00:01:46,040 --> 00:01:50,900
အဲ့ဒါကြောင့် တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်ပါသည်တဲ့ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ရပ်ခြင်းဣရိယာပုဒ်။

26
00:01:50,900 --> 00:01:55,053
အဲ့ဒါကြောင့် လျောင်းခြင်း သွားခြင်း ဣရိယာပုဒ်တို့ဖြင့် တရားနာယူမှုသည် ရိုသေလေးစားမှု နည်းပါးရာရောက်၍

27
00:01:55,053 --> 00:01:57,002
ထိုလျောင်းခြင်း သွားခြင်းတို့ဖြင့် မနာယူမိအောင် သတိထားသင့်သည်တဲ့နော်။

28
00:01:57,002 --> 00:02:00,002
အဲ့ဒါကြောင့် အိပ်ပြီးနာတာတို့ လမ်းလျှောက်ပြီးနာတာတို့က မရိုသေရာရောက်တယ်ပေါ့နော်။
