သွားလာပြီး ဟောနေသလိုမျိုး ကက်ဆက်ဖွင့်ရင်လည်း ရိုရိုသေသေ နာကြပေါ့ နော်။ အဲ့တော့ ခုန ကျန်းမာရေးကောင်းရဲ့သားနဲ့ အိပ်ရာထဲက မနာရဘူးတဲ့ နော်။ ကျန်းမာရေးမကောင်းဘူးဆိုရင်တော့ အိပ်ရာထဲမှာ နာလို့ရပါတယ်နော်။ တရားဟောပုဂ္ဂိုလ်နှင့် တရားနာသူ နှစ်ယောက်လုံးသည် အိပ်လျက် ဟောပြောနာယူရာ၌လည်း တရားနာသူက နိမ့်ရာအရပ်၌ အိပ်လျက်သာလျှင် တရားနာယူအပ်၏။ အဲ့တော့ သူလည်း ကုတင်ပေါ်မှာ အိပ်နေ ကိုယ်လည်း ကုတင်ပေါ်မှာ အိပ်ပြီးတော့ ဟို တရားဟောမယ်ဆိုရင် အိပ်ပြီးဟောလို့ရတယ်။ သူက ဣရိယာပုဒ်ထဲမှာ သူက အိပ်တဲ့ပုဒ်က ဇိမ်ကျတယ်လေ သူက။ အဲ့တော့ အိပ်တဲ့ပုဒ်က သူက မြင့်မြတ်တယ်လို့ ယူဆတယ်။ အဲ့တော့ ဣရိယာပုဒ် သုံးခုပေါ့နော် လေးခုပေါ့ သွား ရပ် ထိုင် လျောင်းမှာ လျောင်းစက်ဣရိယာပုဒ်က ပိုပြီးတော့ သာတယ်ပေါ့လေ။ အဲ့တော့ ကိုယ်က ရပ်ပြီးဟောတယ်ဆိုရင် ဒါ နည်းနည်း အောက်တယ်ပေါ့လေ သူက အဲ့သဘောဖြစ်သွားတယ်။ အဲ့ဒါကြောင့် ကိုယ်လည်း အိပ်ဟော အဲ့ဆိုရင် သူအိပ် ကိုယ်လည်း အိပ်ဟော အဲ့ဒါဆို တူသွားတယ် အဲ့ဒါဆို ရတယ်နော်။ အဲ့လို အိပ်ဟောတဲ့အခါမှာလည်း သူ့ကုတင်နဲ့ ကိုယ့်ကုတင်က ဟိုဟာ လယ်ဗယ်တူရင်လည်းတူ သို့မဟုတ် ကိုယ်က မြင့်ရမယ်။ အဲ့တော့ ဟောတဲ့သူရဲ့ ကုတင်က မြင့်နေရမယ်။ ဟောတဲ့သူက ကုတင်က နိမ့်မနေရဘူး။ ကုတင်လယ်ဗယ်လည်း ကြည့်ရဦးမှာပေါ့နော်။ အဲ့ဒါကြောင့် သို့သော်တဲ့နော် လျောင်းခြင်း ထိုင်ခြင်း ရပ်ခြင်း သွားခြင်းဟူသော ဣရိယာပုဒ် လေးပါးတို့တွင် ရပ်ခြင်း ထိုင်ခြင်း နှစ်မျိုးတို့ဖြင့် နာယူခြင်းသည်သာ တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်သည်နော်။ မြန်မာနိုင်ငံမှာ ထူးဆန်းတာက မတ်တပ်ရပ်တာကို မရိုသေဘူးလို့ တချို့က သတ်မှတ်တယ်နော်။ ဒီမှာ အဲ့လိုမဟုတ်ဘူး သူက စာပေထဲမှာက အဲ့လိုမဟုတ်ဘူး သူက။ ဒါ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ဒီ ရပ်ခြင်းဣရိယာပုဒ်က သူက သူ့ကို respect ပေးတာပဲနော်။ လေးစားပေးတာ လေးစားတာ ဒါက။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဆရာတော်ကြီးတွေလာရင် မတ်တပ်ရပ်ပေးတယ်လေ။ ဒါ လေးစားတာပဲ ဒါနော်။ အဲ့ဒါကြောင့် ဒါ မတ်တပ်ရပ်နာယူတယ်ဆိုတာ ဒါ လေးစားတာပဲ ဒါ။ အဲ့လိုရတယ်။ အဲ့ဒါကြောင့် ဦးဇင်းတို့ ဒီ ရပ်ပြီးတော့ နာတာ ထိုင်ပြီးတော့ နာတာဟာ သင့်ပါတယ်နော်။ တချို့က ဟာ မရပ်နဲ့ ထိုင် တချို့ပြောကြတယ်။ မဟုတ်ဘူး သူက ရပ်တာဟာ respect ပေးတာပဲ တကယ်တော့။ လူကြီးတွေလာတဲ့အချိန် နေရာထပေးတာဘာညာဆိုတာ လေးစားတာပဲနော် အဲ့ဒါကြောင့်။ အဲ့ဒါကြောင့် တရားဟောပုဂ္ဂိုလ်နှင့် တရားတော်တို့ကို လေးစားရာရောက်ပါသည်တဲ့ ထိုင်ခြင်းဣရိယာပုဒ်နဲ့ ရပ်ခြင်းဣရိယာပုဒ်။ အဲ့ဒါကြောင့် လျောင်းခြင်း သွားခြင်း ဣရိယာပုဒ်တို့ဖြင့် တရားနာယူမှုသည် ရိုသေလေးစားမှု နည်းပါးရာရောက်၍ ထိုလျောင်းခြင်း သွားခြင်းတို့ဖြင့် မနာယူမိအောင် သတိထားသင့်သည်တဲ့နော်။ အဲ့ဒါကြောင့် အိပ်ပြီးနာတာတို့ လမ်းလျှောက်ပြီးနာတာတို့က မရိုသေရာရောက်တယ်ပေါ့နော်။