1
00:00:00,000 --> 00:00:05,000
မသင့်တော်ဘူးပေါ့နော်။

2
00:00:05,000 --> 00:00:10,000
အဲ့တော့ ဟောတဲ့သူကတော့ သူက အိပ်ပြီးဟောလို့ရတယ် ဘာမှမဖြစ်ဘူးနော်။

3
00:00:10,000 --> 00:00:15,000
ဟောတဲ့သူက အိပ်နေမယ်၊ နာတဲ့သူက ထိုင်နေမယ် ဒါကရတယ် ပြဿနာမရှိဘူးနော်။

4
00:00:15,000 --> 00:00:20,000
အဲ့တော့ အဓိကက ဘာလဲဆိုတော့ ခုနက ဟိုအိပ်နေတဲ့သူကို မဟောမိဖို့နော် အဲ့လိုမျိုး အဲ့ဒါ သတိထားဖို့ပဲ။

5
00:00:20,000 --> 00:00:25,000
အဲ့တော့ ဟိုနာတဲ့ ဟိုဒီ နာတဲ့သူနဲ့ ဟောတဲ့သူမှာ ထိုင်ခြင်း ရပ်ခြင်းဆိုတာလည်း ရှိသေးတာကိုနော်။

6
00:00:25,000 --> 00:00:30,000
အဲ့တော့ နာတဲ့သူက မတ်တပ်ရပ်နေမယ်၊ ဟောတဲ့သူက ထိုင်နေမယ် ဒါရတယ် ဘာမှမဖြစ်ဘူး သဘောပေါက်လားမသိဘူး။

7
00:00:30,000 --> 00:00:35,000
အဲ့တော့ ထိုင်ပြီးတော့ မတ်တပ်ရပ်တဲ့သူကို ဟောလို့ရတယ် ဟုတ်လား။

8
00:00:35,000 --> 00:00:40,000
အဲ့တော့ ရပ်ပြီးတော့ ထိုင်တဲ့သူကို မဟောကောင်းဘူး သူက အဲ့ဒါသတိထားမယ်နော်။

9
00:00:40,000 --> 00:00:45,000
အဲ့ဒါ သတိထားရမယ် ဦးဇင်းတို့ စာချတဲ့အခါ တရားဟောတဲ့အခါ မတ်တပ်မဟောရဘူး အဲ့ဒါသတိထားရမယ်။

10
00:00:45,000 --> 00:00:50,000
ဒါပေမဲ့ တစ်ခုတော့ရှိတယ်ပေါ့ ဟောတဲ့ဆရာတော်က ကျန်းမာရေးအရ မကောင်းလို့ ထိုင်လို့အဆင်မပြေလို့ မတ်တပ်ဟောတာ ဒါရတယ်။

11
00:00:50,000 --> 00:00:55,000
ဟောတဲ့ဆရာတော် အဲ့ဒါကြောင့် ဦးဇင်းတို့ စာချဘုန်းကြီးတွေဆိုတာ သတိထားရတယ် မတ်တပ်ရပ်ပြီး စာမချမိအောင် သတိထားရတယ်နော်။

12
00:00:55,000 --> 00:01:00,000
မြန်မာနိုင်ငံမှာဆိုတော့ ဒါကိုတော့ ဂရုစိုက်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ မတ်တပ်ရပ်တာက ဒါဘာမှမဖြစ်ဘူး ထင်မှာလေ။

13
00:01:00,000 --> 00:01:05,000
အဲ့တော့ ဒါပေမဲ့ ဟောတဲ့ပုဂ္ဂိုလ်က မတ်တပ်မရပ်ရဘူး ဟောတဲ့ပုဂ္ဂိုလ်က ထိုင်ရမှာ။

14
00:01:05,000 --> 00:01:10,000
နာတဲ့ပုဂ္ဂိုလ်က ရပ်နေလို့ရတယ် သူက မတ်တပ်နာလို့ရတယ်နော်။

15
00:01:10,000 --> 00:01:15,000
အဲ့တော့ ဟောသူက ထိုင်မယ် နာတဲ့သူက မတ်တပ်ရပ်မယ် ဒါရတယ်။

16
00:01:15,000 --> 00:01:20,000
အဲ့တော့ ဟောသူက မတ်တပ်ရပ်နေရင် မရဘူး အဲ့လိုရှိတယ်နော်။

17
00:01:20,000 --> 00:01:25,000
အဲ့ဒါ တစ်ခါတုန်းက ဦးဇင်းတို့ အစည်းအဝေးတစ်ခုမှာလေ ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ မြောင်းမြဆရာတော်ကြီးက တရားဟောဖို့ တာဝန်ကျတယ်ထင်တယ်။

18
00:01:25,000 --> 00:01:30,000
မြောင်းမြဆရာတော်ကြီးကို ဆရာတော်ကြီးတွေက ကဲ ဦးဇင်းတရားဟောစမ်းပါဦး တာဝန်ပေးတယ်ပေါ့ ဩဝါဒပေးခိုင်းတာလား တရားဟောခိုင်းတာလားမသိဘူး တာဝန်ကျတယ်။

19
00:01:30,000 --> 00:01:35,000
ကျတော့ ဆရာတော်ကြီးက ဟို ဂါရဝတရားတဲ့အနေအားဖြင့်လည်း ပါတယ် နောက်တစ်ခု ခုနက ဆရာတော်ကြီးတွေလည်း ရှိနေတော့ သူက မတ်တပ်ရပ်လိုက်တယ်။

20
00:01:35,000 --> 00:01:40,000
အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားဟောရမှာဆိုတော့ ဝိနည်းတော်အရ မအပ်စပ်ဘူးနော်။

21
00:01:40,000 --> 00:01:45,000
အဲ့တော့ တခြားသံဃာတွေက ထိုင်နေတယ်လေ ဆရာတော်က မတ်တပ်ရပ်နေတယ်။

22
00:01:45,000 --> 00:01:50,000
အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားမဟောကောင်းဘူး စာမချကောင်းဘူး ဒီတော့ ဆရာတော်ဘာလုပ်ရလဲဆိုတော့ တစ်ပါးကို မတ်တပ်ရပ်ခိုင်း တပည့်တစ်ပါးကို ကဲ ဦးဇင်းမတ်တပ်ရပ်ဆို ဦးဇင်းတစ်ပါးကို မတ်တပ်ရပ်ခိုင်းလိုက်တယ်။

23
00:01:50,000 --> 00:02:00,002
အဲ့တော့ အဲ့ဒီဦးဇင်းကို ပြောတဲ့ပုံစံမျိုးနဲ့ တရားဟောတာ လယ်ဗယ်တူသွားတယ် သူလည်းမတ်တပ်ရပ် ကိုယ်လည်းမတ်တပ်ရပ်။
