မသင့်တော်ဘူးပေါ့နော်။ အဲ့တော့ ဟောတဲ့သူကတော့ သူက အိပ်ပြီးဟောလို့ရတယ် ဘာမှမဖြစ်ဘူးနော်။ ဟောတဲ့သူက အိပ်နေမယ်၊ နာတဲ့သူက ထိုင်နေမယ် ဒါကရတယ် ပြဿနာမရှိဘူးနော်။ အဲ့တော့ အဓိကက ဘာလဲဆိုတော့ ခုနက ဟိုအိပ်နေတဲ့သူကို မဟောမိဖို့နော် အဲ့လိုမျိုး အဲ့ဒါ သတိထားဖို့ပဲ။ အဲ့တော့ ဟိုနာတဲ့ ဟိုဒီ နာတဲ့သူနဲ့ ဟောတဲ့သူမှာ ထိုင်ခြင်း ရပ်ခြင်းဆိုတာလည်း ရှိသေးတာကိုနော်။ အဲ့တော့ နာတဲ့သူက မတ်တပ်ရပ်နေမယ်၊ ဟောတဲ့သူက ထိုင်နေမယ် ဒါရတယ် ဘာမှမဖြစ်ဘူး သဘောပေါက်လားမသိဘူး။ အဲ့တော့ ထိုင်ပြီးတော့ မတ်တပ်ရပ်တဲ့သူကို ဟောလို့ရတယ် ဟုတ်လား။ အဲ့တော့ ရပ်ပြီးတော့ ထိုင်တဲ့သူကို မဟောကောင်းဘူး သူက အဲ့ဒါသတိထားမယ်နော်။ အဲ့ဒါ သတိထားရမယ် ဦးဇင်းတို့ စာချတဲ့အခါ တရားဟောတဲ့အခါ မတ်တပ်မဟောရဘူး အဲ့ဒါသတိထားရမယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်ပေါ့ ဟောတဲ့ဆရာတော်က ကျန်းမာရေးအရ မကောင်းလို့ ထိုင်လို့အဆင်မပြေလို့ မတ်တပ်ဟောတာ ဒါရတယ်။ ဟောတဲ့ဆရာတော် အဲ့ဒါကြောင့် ဦးဇင်းတို့ စာချဘုန်းကြီးတွေဆိုတာ သတိထားရတယ် မတ်တပ်ရပ်ပြီး စာမချမိအောင် သတိထားရတယ်နော်။ မြန်မာနိုင်ငံမှာဆိုတော့ ဒါကိုတော့ ဂရုစိုက်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ မတ်တပ်ရပ်တာက ဒါဘာမှမဖြစ်ဘူး ထင်မှာလေ။ အဲ့တော့ ဒါပေမဲ့ ဟောတဲ့ပုဂ္ဂိုလ်က မတ်တပ်မရပ်ရဘူး ဟောတဲ့ပုဂ္ဂိုလ်က ထိုင်ရမှာ။ နာတဲ့ပုဂ္ဂိုလ်က ရပ်နေလို့ရတယ် သူက မတ်တပ်နာလို့ရတယ်နော်။ အဲ့တော့ ဟောသူက ထိုင်မယ် နာတဲ့သူက မတ်တပ်ရပ်မယ် ဒါရတယ်။ အဲ့တော့ ဟောသူက မတ်တပ်ရပ်နေရင် မရဘူး အဲ့လိုရှိတယ်နော်။ အဲ့ဒါ တစ်ခါတုန်းက ဦးဇင်းတို့ အစည်းအဝေးတစ်ခုမှာလေ ရွှေကျင်ဂိုဏ်း အစည်းအဝေးမှာ မြောင်းမြဆရာတော်ကြီးက တရားဟောဖို့ တာဝန်ကျတယ်ထင်တယ်။ မြောင်းမြဆရာတော်ကြီးကို ဆရာတော်ကြီးတွေက ကဲ ဦးဇင်းတရားဟောစမ်းပါဦး တာဝန်ပေးတယ်ပေါ့ ဩဝါဒပေးခိုင်းတာလား တရားဟောခိုင်းတာလားမသိဘူး တာဝန်ကျတယ်။ ကျတော့ ဆရာတော်ကြီးက ဟို ဂါရဝတရားတဲ့အနေအားဖြင့်လည်း ပါတယ် နောက်တစ်ခု ခုနက ဆရာတော်ကြီးတွေလည်း ရှိနေတော့ သူက မတ်တပ်ရပ်လိုက်တယ်။ အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားဟောရမှာဆိုတော့ ဝိနည်းတော်အရ မအပ်စပ်ဘူးနော်။ အဲ့တော့ တခြားသံဃာတွေက ထိုင်နေတယ်လေ ဆရာတော်က မတ်တပ်ရပ်နေတယ်။ အဲ့တော့ မတ်တပ်ရပ်ပြီးတော့ တရားမဟောကောင်းဘူး စာမချကောင်းဘူး ဒီတော့ ဆရာတော်ဘာလုပ်ရလဲဆိုတော့ တစ်ပါးကို မတ်တပ်ရပ်ခိုင်း တပည့်တစ်ပါးကို ကဲ ဦးဇင်းမတ်တပ်ရပ်ဆို ဦးဇင်းတစ်ပါးကို မတ်တပ်ရပ်ခိုင်းလိုက်တယ်။ အဲ့တော့ အဲ့ဒီဦးဇင်းကို ပြောတဲ့ပုံစံမျိုးနဲ့ တရားဟောတာ လယ်ဗယ်တူသွားတယ် သူလည်းမတ်တပ်ရပ် ကိုယ်လည်းမတ်တပ်ရပ်။