1
00:00:00,000 --> 00:00:03,032
ထိုင်တဲ့ပုဂ္ဂိုလ်ကို မရည်ရွယ်ဘူး၊ မတ်တပ်ရပ်တဲ့ပုဂ္ဂိုလ်ကို ရည်ရွယ်တယ်။

2
00:00:03,032 --> 00:00:05,371
ဒါပေမဲ့ အကုန်လုံးကြားရတယ်၊ အကုန်လုံးနာရတယ်၊ အဲ့သဘော။

3
00:00:05,371 --> 00:00:09,964
ဝိနည်းက အဲ့လိုလေးတွေရှိတယ်။ အဲ့တော့ ထိုင်ပြီးတော့ဟောရင် ဘယ်သူ့ကိုမဆို ဟောလို့ရတယ်။

4
00:00:09,964 --> 00:00:11,956
ဟို အိပ်နေတဲ့သူတော့ ဟောလို့မရဘူးပေါ့။

5
00:00:11,956 --> 00:00:15,162
အဲ့တော့ မတ်တပ်ရပ်ပြီးဆိုရင်တော့ ဦးဇင်းတို့ ထိုင်တဲ့ပုဂ္ဂိုလ်ကို ဟောလို့မရဘူး။

6
00:00:15,162 --> 00:00:17,502
အဲ့တော့ မတ်တပ်ရပ်တဲ့သူအချင်းချင်း ဟောလို့ရတယ်။

7
00:00:17,502 --> 00:00:20,794
ဒါကြောင့် ကိုယ်က မတ်တပ်ရပ်ပြီး တရားဟောတော့မယ်၊ မတ်တပ်ရပ်ပြီး စာချတော့မယ်ဆိုရင်

8
00:00:20,794 --> 00:00:23,567
တစ်ပါးပါးကို မတ်တပ်ရပ်ခိုင်းလိုက်၊ တစ်ယောက်ယောက်ကို မတ်တပ်ရပ်ခိုင်းလိုက်။

9
00:00:23,567 --> 00:00:26,426
အဲ့ဒါဆိုရင် သူ့ကိုပြောတဲ့အနေနဲ့ ပြောလို့ရတယ်၊ ဟောလို့ရတယ်။

10
00:00:26,426 --> 00:00:27,899
အဲ့ဒါ သတိထားရတယ်နော်။

11
00:00:27,899 --> 00:00:33,358
တရားဟောတဲ့အခါ မတ်တပ်ရပ်တရားဟောတာ၊ စာချတဲ့အခါ မတ်တပ်ရပ်စာချတာ သတိထားစရာပေါ့နော်။

12
00:00:33,358 --> 00:00:38,296
နောက်တစ်ခု ဦးထုပ် ခေါင်းပေါင်း စသည်တို့ဖြင့် တရားမနာကောင်းပုံတဲ့။

13
00:00:38,296 --> 00:00:42,888
တရားနာယူသောအခါ မိမိတို့၏ ဦးခေါင်း၌ ဆံစမပေါ်အောင် ဦးထုပ်ဆောင်းခြင်း၊

14
00:00:42,888 --> 00:00:49,560
ခေါင်းပေါင်းခြင်း၊ မကိုဋ်ဆောင်းတားခြင်း၊ အဝတ်ပုဆိုးတို့ဖြင့် ရစ်ပတ်ခြုံထားခြင်းတို့ဖြင့် တရားကို မနာယူကောင်း။

15
00:00:49,560 --> 00:00:54,152
ရှေးတောတောင်သူတောင်သားတွေက ခေါင်းပေါင်းနေပါသေးတယ်နော်၊ ပုဆိုးနဲ့ပေါင်းထားတဲ့အခါမျိုး။

16
00:00:54,152 --> 00:00:58,225
စာပေထဲမှာတော့ တိတိကျကျပြောရင်တော့ ဆံပင်မပေါ်အောင် ဖုံးထားတာ သူက။

17
00:00:58,225 --> 00:01:02,817
ခေါင်းပေါင်းနေပါသေးတယ်။ အဲ့တော့ ဆံပင်ပေါ်ရင်တော့ ရတယ်လို့ ဒီလိုဆိုတယ် သူကတော့။

18
00:01:02,817 --> 00:01:06,889
ဦးထုပ်ဆောင်းထားပေမဲ့ ခေါင်းပေါင်းထားပေမဲ့ ဆံစကလေး ထွက်နေတယ်ဆိုရင် ရတယ်။

19
00:01:06,889 --> 00:01:10,615
အဲ့တော့ ဆံစမပေါ်အောင် လုံလုံခြုံခြုံပေါင်းထားတာပေါ့။

20
00:01:10,615 --> 00:01:14,687
တချို့ ဦးဇင်းတို့ ပအိုဝ်းတိုင်းရင်းသားတွေဘာဆို သူတို့ အလုံးပေါင်း အလုံးပေါင်းထားတာနော်။

21
00:01:14,687 --> 00:01:17,286
ပအိုဝ်းတိုင်းရင်းသားတွေဆို ဆံစလုံးဝမပေါ်ဘူး။

22
00:01:17,286 --> 00:01:20,146
အဲ့လိုမျိုးဆိုရင်တော့ တရားဟောလို့မရဘူး၊ ဖြည်ခိုင်းမှရမယ်။

23
00:01:20,146 --> 00:01:23,351
အဲ့လို ခေါင်းပေါင်းပေါင်းထားရင်တော့ တရားဟောလို့မရဘူးနော်။

24
00:01:23,351 --> 00:01:25,344
အဲ့ဒါ သတိထားစရာလေးပေါ့ ဒါလည်း။

25
00:01:25,344 --> 00:01:29,936
ဒါကြောင့် တရားနာတဲ့ ဒကာ ဒကာမတွေအနေနဲ့ ဘုန်းကြီးတွေဆီ ရောက်ပြီဆိုရင် ဦးထုပ်ကို ချွတ်လိုက်ပါ။

26
00:01:29,936 --> 00:01:32,882
ခေါင်းပေါင်းတွေကို ဖြည်လိုက်ပါနော်၊ အဲ့ဒါရှိတယ်။

27
00:01:32,882 --> 00:01:35,742
ဟို မင်္ဂလာဆောင် သတို့သားတွေ သတိထားရမယ့်ကိစ္စပဲနော်။

28
00:01:35,742 --> 00:01:38,947
သတို့သားတွေ ခေါင်းတွေဘာတွေ ပေါင်းထားတဲ့အခါကျရင် တရားဟောတဲ့အခါလေ။

29
00:01:38,947 --> 00:01:42,673
ခေါင်းပေါင်းချွတ်ပေးပါဦးနော်၊ အေး ခေါင်းပေါင်းချွတ်ပေးပါဦးနော်။

30
00:01:42,673 --> 00:01:46,745
အဲ့တော့ ခေါင်းပေါင်းပေါင်းထားရင် တရားဟောလို့မရဘူးနော်၊ ဦးထုပ်ဆောင်းထားရင် တရားဟောလို့မရဘူး။

31
00:01:46,745 --> 00:01:52,204
တရားနာသောအခါ ဦးထုပ်စသည်တို့ကို ဆောင်းထားလျှင် ဆံစကို ဖော်ထားမှသာ တရားနာယူကောင်း၏။

32
00:01:52,204 --> 00:01:56,276
ဝိနည်းမှာ တိတိကျကျပဲ သူက ဆံပင်မပေါ်အောင် ဦးထုပ်ဆောင်းထားတာကို ဆိုလိုတာတဲ့။

33
00:01:56,276 --> 00:01:57,776
ဒါကြောင့် ဦးထုပ်ဆောင်းထားပေမဲ့လည်း ဆံပင်ပေါ်နေတယ်ဆိုရင် ရပါတယ်ဆိုပြီးတော့ ဒီလိုလာတယ်။

34
00:01:57,776 --> 00:02:00,002
ဒါကြောင့် တချို့ မဖြစ်မနေ ဦးထုပ်ဆောင်းရမယ်ဆို ဆံပင်ကလေးတော့ နည်းနည်းဖော်ထားပေးပေါ့။
