1
00:00:00,000 --> 00:00:05,631
မကျန်းမာခြင်းကြောင့် ကာဆန်းစမဖော်ဘဲ ဦးခေါင်းတစ်လုံးကို ရစ်ပတ်ဆောင်းအုပ်ထားပြီး တရားကို နာယူနိုင်ပါ၏။

2
00:00:05,631 --> 00:00:10,570
လုံးဝနေမကောင်းဘူး နေအထိမခံနိုင်ဘူးပေါ့နော် ခေါင်းကနေအထိလို့မရဘူးဆိုရင်တော့ ဒါဆောင်းထားလို့ရပါတယ်။

3
00:00:10,570 --> 00:00:17,762
ထို့ပြင် တရားနာယူသောအခါမှာ ကျန်းမာလျက် ခြေနင်းစီးထားလျက်ဖြစ်စေ ဖိနပ်စီးထားလျက်ဖြစ်စေ တရားကိုမနာယူကောင်း ဖိနပ်စီးပြီး တရားမနာရဘူးပေါ့နော်။

4
00:00:17,762 --> 00:00:19,754
ဒါမရိုမသေရောက်တယ်ပေါ့။

5
00:00:19,754 --> 00:00:28,159
ဤ၌ ခြေနင်းဟူသည် တည်းကြိုးမပါသော ခုံ၏အဖျား၌ ကြေးဖူးတပ်၍ ထိုကြေးဖူးကို ခြေမခြေညှိုးတို့ဖြင့် ညှပ်၍စီးရသော ပါဠိလို ပါဒုကလို့ခေါ်တယ်။

6
00:00:28,159 --> 00:00:32,231
ဖိနပ်မျိုးဖြစ်သည် ဒါမြန်မာနိုင်ငံမှာတော့မစီးတော့ဘူး အိန္ဒိယမှာတော့ ယနေ့အချိန်ထိစီးသေးတာပဲ။

7
00:00:32,231 --> 00:00:35,957
သူက ကြိုးမပါဘူးလေ ထိပ်ဖျားလေးမှာ ဖူးသီးလေးတစ်ဖူးပဲပါတယ်။

8
00:00:35,957 --> 00:00:38,296
အဲ့ဖူးသီးလေးကို ခြေမလေးနဲ့ညှပ်ပြီးစီးရတာ။

9
00:00:38,296 --> 00:00:40,549
အကျင့်မပါတဲ့လူဆိုရင်တော့ သိပ်မမြဲလောက်ဘူး။

10
00:00:40,549 --> 00:00:43,495
အကျင့်ပါတဲ့လူကျတော့ မြဲတယ် သူက ခုံဖိနပ်လိုပဲလေ။

11
00:00:43,495 --> 00:00:46,354
ခုံဖိနပ် မြန်မာနိုင်ငံခုံဖိနပ်ကျတော့ ဝိုင်းထိုးရတာကိုး။

12
00:00:46,354 --> 00:00:53,026
သူတို့ခုံဖိနပ်က အဲ့လိုမဟုတ်ဘူး သူက ညှပ်ရတာ ကြိုးမပါဘူး အဲ့တော့ ကြိုးမပါတဲ့အဲ့ညှပ်ရတဲ့စီးဖိနပ်ကို သူက ခြေနင်းလို့ခေါ်တယ်။

13
00:00:53,026 --> 00:00:56,752
မြန်မာတွေကတော့ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒီ မန္တလေးနန်းတော်ကိုရောက်တယ်။

14
00:00:56,752 --> 00:01:04,290
မန္တလေးနန်းတော်မှာ ခြေနင်းဆိုတာကြည့်တော့ သူက ရှေးခေတ်က ဘွတ်ဖိနပ်လိုဟာမျိုးပေါ့နော် ခြေနင်းကျတော့ ဒီ မင်းသားမင်းကြီး မင်းညီမင်းသားတွေစီးတဲ့ဖိနပ်ကို ခြေနင်းဆိုပြီးရေးထားတာ။

15
00:01:04,290 --> 00:01:07,149
တကယ်တော့ စာပေထဲမှာ ခြေနင်းဆိုတာ အဲ့လိုမဟုတ်ဘူး။

16
00:01:07,149 --> 00:01:12,954
အိန္ဒိယနိုင်ငံမှာစီးတဲ့ခြေနင်းက ကြိုးမပါဘူး ဖူးသီးလေးကိုပဲ ခြေထောက်နဲ့ညှပ်ရတာ အဲ့ခြေနင်းခေါ်တယ်။

17
00:01:12,954 --> 00:01:16,680
ဦးဇင်းတို့ ရဟန်းတော်တွေမှာ အဲ့ဒီခြေနင်းက သူက တခြားနေရာမှာမစီးရဘူး။

18
00:01:16,680 --> 00:01:19,019
ကုဋီ ကုဋီထဲမှာပဲစီးလို့ရတယ်။

19
00:01:19,019 --> 00:01:22,745
တခြားနေရာမှာ အဲ့ဒီဖိနပ်တွေစီးခွင့်မပေးဘူး ခြေနင်းမစီးရဘူး။

20
00:01:22,745 --> 00:01:24,738
အသံဗလံတို့နဲ့တူတယ်ကြည့်ရတာ။

21
00:01:24,738 --> 00:01:28,550
အသံဗလံဆိုတော့ ဘုရားက အဲ့ဒါစီးခွင့်မပေးဘူး ဖိနပ်ပဲစီးလို့ရတာ။

22
00:01:28,550 --> 00:01:33,142
ခြေနင်းကို တခြားနေရာ ကျောင်းထဲမှာတောင်စီးလို့မရဘူး ကုဋီထဲမှာပဲစီးခွင့်ရှိတယ် အဲ့ခြေနင်းက။

23
00:01:33,142 --> 00:01:36,348
ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာတော့ ခြေနင်းမစီးကြတော့ပါဘူးနော်။

24
00:01:36,348 --> 00:01:40,074
မြန်မာလူမျိုးလည်းမစီးတော့ဘူး ဘုန်းကြီးတွေလည်းမစီးတော့ဘူး ခြေနင်းမစီးတော့ဘူး။

25
00:01:40,074 --> 00:01:43,280
အဲ့တော့ အဲ့ဒီခြေနင်းစီးထားရင်လည်း မအပ်စပ်ဘူးပေါ့နော်။

26
00:01:43,280 --> 00:01:47,872
ထိုခြေနင်းကို သစ်သား ထန်းလက် ဝါး မြက် သစ်ရွက်တို့ဖြင့် ပြုလုပ်လေ့ရှိကြ၏။

27
00:01:47,872 --> 00:01:50,211
အများအားဖြင့် သစ်သားနဲ့လုပ်ကြတာများတယ်။

28
00:01:50,211 --> 00:01:54,803
အဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကလေ အဲ့ဒီခြေနင်းသစ်သားဖိနပ်တွေစီးပြီးတော့ သွားလမ်းလျှောက်ပြီးစကားများနေကြတာ။

29
00:01:54,803 --> 00:01:57,143
ခွက်ခွက်ခွက်ခွက်နဲ့သွား အသံဗလံကလည်းများရော သူက။

30
00:01:57,143 --> 00:01:58,643
အဲ့အခါကျတော့ ဘေးက တရားအားထုတ်တဲ့ဦးဇင်းတွေ အနှောင့်အယှက်အရမ်းဖြစ်တာ။

31
00:01:58,643 --> 00:02:00,002
သူက အသံဆိုတာ သမာဓိရဲ့အနှောင့်အယှက်ပဲ။
