မကျန်းမာခြင်းကြောင့် ကာဆန်းစမဖော်ဘဲ ဦးခေါင်းတစ်လုံးကို ရစ်ပတ်ဆောင်းအုပ်ထားပြီး တရားကို နာယူနိုင်ပါ၏။ လုံးဝနေမကောင်းဘူး နေအထိမခံနိုင်ဘူးပေါ့နော် ခေါင်းကနေအထိလို့မရဘူးဆိုရင်တော့ ဒါဆောင်းထားလို့ရပါတယ်။ ထို့ပြင် တရားနာယူသောအခါမှာ ကျန်းမာလျက် ခြေနင်းစီးထားလျက်ဖြစ်စေ ဖိနပ်စီးထားလျက်ဖြစ်စေ တရားကိုမနာယူကောင်း ဖိနပ်စီးပြီး တရားမနာရဘူးပေါ့နော်။ ဒါမရိုမသေရောက်တယ်ပေါ့။ ဤ၌ ခြေနင်းဟူသည် တည်းကြိုးမပါသော ခုံ၏အဖျား၌ ကြေးဖူးတပ်၍ ထိုကြေးဖူးကို ခြေမခြေညှိုးတို့ဖြင့် ညှပ်၍စီးရသော ပါဠိလို ပါဒုကလို့ခေါ်တယ်။ ဖိနပ်မျိုးဖြစ်သည် ဒါမြန်မာနိုင်ငံမှာတော့မစီးတော့ဘူး အိန္ဒိယမှာတော့ ယနေ့အချိန်ထိစီးသေးတာပဲ။ သူက ကြိုးမပါဘူးလေ ထိပ်ဖျားလေးမှာ ဖူးသီးလေးတစ်ဖူးပဲပါတယ်။ အဲ့ဖူးသီးလေးကို ခြေမလေးနဲ့ညှပ်ပြီးစီးရတာ။ အကျင့်မပါတဲ့လူဆိုရင်တော့ သိပ်မမြဲလောက်ဘူး။ အကျင့်ပါတဲ့လူကျတော့ မြဲတယ် သူက ခုံဖိနပ်လိုပဲလေ။ ခုံဖိနပ် မြန်မာနိုင်ငံခုံဖိနပ်ကျတော့ ဝိုင်းထိုးရတာကိုး။ သူတို့ခုံဖိနပ်က အဲ့လိုမဟုတ်ဘူး သူက ညှပ်ရတာ ကြိုးမပါဘူး အဲ့တော့ ကြိုးမပါတဲ့အဲ့ညှပ်ရတဲ့စီးဖိနပ်ကို သူက ခြေနင်းလို့ခေါ်တယ်။ မြန်မာတွေကတော့ ဦးဇင်းတို့ ငယ်ငယ်တုန်းက အဲ့ဒီ မန္တလေးနန်းတော်ကိုရောက်တယ်။ မန္တလေးနန်းတော်မှာ ခြေနင်းဆိုတာကြည့်တော့ သူက ရှေးခေတ်က ဘွတ်ဖိနပ်လိုဟာမျိုးပေါ့နော် ခြေနင်းကျတော့ ဒီ မင်းသားမင်းကြီး မင်းညီမင်းသားတွေစီးတဲ့ဖိနပ်ကို ခြေနင်းဆိုပြီးရေးထားတာ။ တကယ်တော့ စာပေထဲမှာ ခြေနင်းဆိုတာ အဲ့လိုမဟုတ်ဘူး။ အိန္ဒိယနိုင်ငံမှာစီးတဲ့ခြေနင်းက ကြိုးမပါဘူး ဖူးသီးလေးကိုပဲ ခြေထောက်နဲ့ညှပ်ရတာ အဲ့ခြေနင်းခေါ်တယ်။ ဦးဇင်းတို့ ရဟန်းတော်တွေမှာ အဲ့ဒီခြေနင်းက သူက တခြားနေရာမှာမစီးရဘူး။ ကုဋီ ကုဋီထဲမှာပဲစီးလို့ရတယ်။ တခြားနေရာမှာ အဲ့ဒီဖိနပ်တွေစီးခွင့်မပေးဘူး ခြေနင်းမစီးရဘူး။ အသံဗလံတို့နဲ့တူတယ်ကြည့်ရတာ။ အသံဗလံဆိုတော့ ဘုရားက အဲ့ဒါစီးခွင့်မပေးဘူး ဖိနပ်ပဲစီးလို့ရတာ။ ခြေနင်းကို တခြားနေရာ ကျောင်းထဲမှာတောင်စီးလို့မရဘူး ကုဋီထဲမှာပဲစီးခွင့်ရှိတယ် အဲ့ခြေနင်းက။ ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံမှာတော့ ခြေနင်းမစီးကြတော့ပါဘူးနော်။ မြန်မာလူမျိုးလည်းမစီးတော့ဘူး ဘုန်းကြီးတွေလည်းမစီးတော့ဘူး ခြေနင်းမစီးတော့ဘူး။ အဲ့တော့ အဲ့ဒီခြေနင်းစီးထားရင်လည်း မအပ်စပ်ဘူးပေါ့နော်။ ထိုခြေနင်းကို သစ်သား ထန်းလက် ဝါး မြက် သစ်ရွက်တို့ဖြင့် ပြုလုပ်လေ့ရှိကြ၏။ အများအားဖြင့် သစ်သားနဲ့လုပ်ကြတာများတယ်။ အဲ့ ဆဗ္ဗဂ္ဂီရဟန်းတွေကလေ အဲ့ဒီခြေနင်းသစ်သားဖိနပ်တွေစီးပြီးတော့ သွားလမ်းလျှောက်ပြီးစကားများနေကြတာ။ ခွက်ခွက်ခွက်ခွက်နဲ့သွား အသံဗလံကလည်းများရော သူက။ အဲ့အခါကျတော့ ဘေးက တရားအားထုတ်တဲ့ဦးဇင်းတွေ အနှောင့်အယှက်အရမ်းဖြစ်တာ။ သူက အသံဆိုတာ သမာဓိရဲ့အနှောင့်အယှက်ပဲ။