1
00:00:00,000 --> 00:00:08,250
ဒီတော့ မြတ်စွာဘုရားက ခုဖိနပ်မစီးဖို့ တားမြစ်ထားတယ်။

2
00:00:08,250 --> 00:00:15,300
ရဟန်းတော်တွေ သစ်သားဖိနပ်မစီးရဘူး၊ ခုဖိနပ်မစီးရဘူးနော်။

3
00:00:15,300 --> 00:00:23,100
သစ်သားနဲ့လုပ်တဲ့ဖိနပ် ရဟန်းတွေ မစီးကောင်းဘူးပေါ့။

4
00:00:23,100 --> 00:00:31,200
အဲ့ဒီမှာ ဘာဖြစ်ကုန်လဲဆိုတော့ သစ်သားဖိနပ်မစီးရဆိုတော့ ယနေ့ခေတ် ရာဘာဖိနပ်တွေ ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာတက်လာပြန်တယ်။

5
00:00:31,200 --> 00:00:37,950
ရာဘာဆိုတာ သစ်ပင်ကနေ ထွက်လာတဲ့ ပစ္စည်းဆိုပြီးတော့လေ။

6
00:00:37,950 --> 00:00:46,050
အဲ့လို သံသယတွေဖြစ်ပြီးတော့ ရာဘာဖိနပ် မစီးကောင်းဘူးဆိုတဲ့ ဝါဒတစ်ခုလည်း မြန်မာနိုင်ငံမှာ ပေါ်လာခဲ့ဖူးသေးတယ်နော်။

7
00:00:46,050 --> 00:00:52,801
အဲ့ဒါကြောင့် အချို့ဆရာတော်ကြီးတွေ ညောင်တုန်းဆရာတော်လည်း ပါတယ် အဲ့ထဲမှာ။

8
00:00:52,801 --> 00:01:00,901
တကယ် ညောင်တုန်းတိုက် ဆရာတော်ကြီးတို့ဆိုရင်လည်း ရာဘာဖိနပ်တွေ မအပ်စပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။

9
00:01:00,901 --> 00:01:07,651
ရာဘာဖိနပ် မစီးရဘူး၊ ယနေ့ခေတ် မြန်မာနိုင်ငံ တော်တော်များများ ရာဘာခံဖိနပ်တွေ များတယ်နော်။

10
00:01:07,651 --> 00:01:15,751
အောက်က တာယာဖိနပ်တွေလေ၊ တာယာတို့ ရာဘာတို့ဆိုတာ မအပ်စပ်ဘူးပေါ့ သူက။

11
00:01:15,751 --> 00:01:23,851
အဲ့တော့ ဘာဖိနပ်မှ အပ်စပ်လဲဆိုတော့ သားရေစစ်စစ် သူက နွားသားရေတို့ ဘာတို့နဲ့လုပ်တဲ့ဖိနပ်ကိုပဲ အပ်တယ်ဆိုပြီး ဆရာတော်ကြီးက ဆုံးဖြတ်ကြတာ။

12
00:01:23,851 --> 00:01:30,601
သားရေစစ်စစ်ဖိနပ်ပေါ့၊ အဲ့လိုမျိုးပြောတာ။

13
00:01:30,601 --> 00:01:38,702
ဒါ ဆရာတော်ကြီးတချို့က အဲ့လို သစ်သားဖိနပ် မအပ်စပ်ဘူးဆိုတဲ့အတွက်ကြောင့် ရာဘာဖိနပ် မအပ်ဘူးလို့ ဆုံးဖြတ်ကြတယ်။

14
00:01:38,702 --> 00:01:45,452
အဲ့လိုလည်း ဗဟုသုတတစ်ခု မှတ်ထားပါနော် ဖိနပ်နဲ့ပတ်သက်လာရင်။

15
00:01:45,452 --> 00:01:53,552
အဲ့ဒါကြောင့် တချို့ ဝိနည်းတော် ဆရာတော်ကြီးက တချို့ အရမ်းထက်တာပေါ့နော်။

16
00:01:53,552 --> 00:01:57,002
ဒီလို နည်းနည်းမှ တိမ်းစောင်းမခံဘူးဆိုတဲ့ အချို့ ဆရာတော်ကြီးတချို့ကျတော့ ဒီခေတ်ဖိနပ်တွေ လုံးဝမစီးချင်ဘူး။

17
00:01:57,002 --> 00:02:00,002
အဲ့လိုမျိုး သားရေသား ဒီနွားသားရေတို့ ဘာတို့နဲ့ လုပ်ထားတဲ့ ဖိနပ်စစ်စစ်ကိုမှ စီးတယ် အချို့ဆရာတော်ကြီးတွေက။
