1
00:00:00,000 --> 00:00:02,109
မအပ်ဘူးလို့ ပြောခဲ့တာကိုး။

2
00:00:02,109 --> 00:00:05,232
သစ်သားဖိနပ် မအပ်တာ ပစ္စည်းလည်း ပါတယ်ဆိုပြီးတော့ ယူဆတာပေါ့နော်။

3
00:00:05,232 --> 00:00:07,173
တကယ်တော့ သိပ်တော့ မဆိုင်တော့ မဆိုင်ဘူးပေါ့။

4
00:00:07,173 --> 00:00:10,126
ဘာလို့လဲဆိုတော့ ရည်ရွယ်ချက်က သစ်သားဖိနပ်က အသံမြည်တာကိုး။

5
00:00:10,126 --> 00:00:13,924
ခွပ်ခွပ်ခွပ်ခွပ်နဲ့ဆိုတော့ သွားရင်လေ အသံမြည်တော့ ရဟန်းတော်တွေနဲ့ အဆင်မပြေဘူး။

6
00:00:13,924 --> 00:00:16,202
ဒါကြောင့် ဘုရားက မအပ်ဘူးလို့ ပြောလိုက်တာ။

7
00:00:16,202 --> 00:00:20,675
ဒါပေမဲ့ အဲ့ဒါကို အကြောင်းပြုပြီးတော့ အသစ်ဆိုရင် ဘာမှမအပ်ဘူးဆိုတော့ အဲ့လို ဖြစ်ကုန်တာပေါ့နော်။

8
00:00:20,675 --> 00:00:21,941
အဲ့လို ဖြစ်သွားတာ။

9
00:00:21,941 --> 00:00:27,426
အဲ့တော့ ရှေးတုန်းက အဲ့ကြောင့် ဒီ သားရေဖိနပ်ကလွဲရင် ဘယ်ဖိနပ်မှ မအပ်ဘူးဆိုပြီးတော့ ဆုံးဖြတ်တဲ့ ဆရာတော်တွေ ရှိတယ်။

10
00:00:27,426 --> 00:00:28,861
အဲ့လိုမျိုး ရှိတာပေါ့။

11
00:00:28,861 --> 00:00:32,490
ဦးဇင်းတို့ မကြာခဏ မေးခံရတဲ့ ဖိနပ်ကတော့ ကတ္တီပါဖိနပ် ပြဿနာပဲ။

12
00:00:32,490 --> 00:00:35,274
ကတ္တီပါဖိနပ် အပ်လား မအပ်လား ဒီလိုမျိုး မေးကြတာပေါ့။

13
00:00:35,274 --> 00:00:39,241
ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း ကတ္တီပါဖိနပ် မအပ်ဘူးလို့ပဲ မှတ်ထားခဲ့တာပေါ့နော်။

14
00:00:39,241 --> 00:00:41,519
အဲ့ မစီးဘူးပေါ့။ ငယ်ငယ်တုန်းက မစီးဘူး။

15
00:00:41,519 --> 00:00:47,680
ဒါပေမဲ့ နောက်ပိုင်းကျတော့ စာတွေကို နောက်ပြန် လိုက်ဖတ်တော့ ကတ္တီပါဖိနပ်ကို မအပ်ဘူးလို့ ပြောတဲ့နေရာ မတွေ့မိဘူး။

16
00:00:47,680 --> 00:00:54,178
ဝိနည်းထဲမှာ ပါဠိတော်မှာလည်း မပါ၊ အဋ္ဌကထာထဲမှာ ဋီကာထဲမှာ ဘယ်နေရာမှာမှ ကတ္တီပါဖိနပ် မအပ်ဘူးဆိုတာ မပါဘူး။

17
00:00:54,178 --> 00:00:58,650
အဲ့တော့ နောက်ပိုင်း လိုက်ရှာရင်း လိုက်ရှာရင်းနဲ့ ဆရာတော်တွေရဲ့ ယူဆချက်ကို နည်းနည်း နားလည်လာတယ်။

18
00:00:58,650 --> 00:01:02,617
ဆရာတော်တွေက ကတ္တီပါဖိနပ်ကို ဘာကြောင့် မအပ်ဘူးလို့ ပြောသလဲဆိုတော့ သူတို့က

19
00:01:02,617 --> 00:01:06,246
ဖိနပ်ဆိုရင် သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားတာ သူတို့က။

20
00:01:06,246 --> 00:01:09,368
ဖိနပ်ဆိုရင် ဘာနဲ့မှ မလုပ်ရဘူး၊ သားရေနဲ့ပဲ လုပ်ရမယ်။

21
00:01:09,368 --> 00:01:12,997
သားရေကလွဲရင် ကျန်တဲ့ဖိနပ် မအပ်ဘူး အဲ့လို ဖြစ်သွားတာ သူက။

22
00:01:12,997 --> 00:01:16,963
အဲ့ခါကျတော့ ယနေ့ခေတ် ဆင်ခြေ မြင်းခြေ ဖိနပ်တွေ မအပ်ဘူး ယူလိုက်တာ သူတို့က။

23
00:01:16,963 --> 00:01:19,748
နောက် ဖိနပ်က ကတ္တီပါသားတွေ လုပ်တာ မအပ်ဘူး ဖြစ်သွားတာ။

24
00:01:19,748 --> 00:01:22,870
သူတို့က ဘာပဲဖြစ်ဖြစ် တစ်ခုပဲ၊ သားရေနဲ့ လုပ်ရမယ် ဒါပဲ သူတို့က။

25
00:01:22,870 --> 00:01:26,499
အဲ့လို ဆရာတော်တွေက ယူဆလိုက်တာ သူက။ အဲ့ဒီမှာ လွဲကုန်ကြတာပေါ့။

26
00:01:26,499 --> 00:01:30,465
ဖိနပ်ဆိုရင် သားရေနဲ့ လုပ်ရမယ်၊ တခြားဟာနဲ့ မလုပ်ရဘူး ဒီလို ယူဆလိုက်တာ။

27
00:01:30,465 --> 00:01:33,250
သားရေဖိနပ် မဟုတ်ရင် မအပ်စပ်ဘူးပေါ့ အဲ့လို ပြောတာ။

28
00:01:33,250 --> 00:01:37,217
အဲ့ခါကျတော့ သားရေနဲ့ လုပ်တဲ့ဖိနပ်ကလွဲလို့ ကျန်တဲ့ဖိနပ် ဘယ်ဖိနပ်မှ မအပ်တော့ ဖြစ်သွားတာ။

29
00:01:37,217 --> 00:01:42,533
တကယ်တော့ အဲ့ဒါဟာလည်း စာယူဆပုံ ယူဆနည်း နည်းနည်းလေးတော့ လွဲတယ်လို့ ဦးဇင်းကတော့ ထင်တယ်ပေါ့။

30
00:01:42,533 --> 00:01:45,318
အဲ့တော့ ဆရာတော်တွေ ကျမ်းကိုးတဲ့ဥစ္စာ ဦးဇင်း လိုက်ရှာတယ်။

31
00:01:45,318 --> 00:01:48,187
ဒီဆရာတော်တွေ ဘာအထောက်အထားနဲ့ ဒီလိုပြောသလဲပေါ့နော်။

32
00:01:48,187 --> 00:01:51,816
ဘာအထောက်အထား ရှိသလဲလို့ လိုက်ရှာတဲ့အခါကျတော့ ပါဠိစာပေထဲမှာ

33
00:01:51,816 --> 00:01:55,192
"ယေန ကေနစိ စမ္မေနေဝ ကာတုံ ဝဋ္ဋတိ" ဆိုတာ ပါတာကိုး။

34
00:01:55,192 --> 00:01:57,002
သူက ရဟန်းတော်တွေမှာ သားရေနဲ့ ပတ်သက်လာရင် အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေတော့ ခွဲသေးတယ်။

35
00:01:57,002 --> 00:02:00,002
ဟိုနေ့က ဦးဇင်း ပြောတယ်၊ စိတ်သားရေတို့ နော်...
