[00:00.000] မအပ်ဘူးလို့ ပြောခဲ့တာကိုး။ [00:02.500] သစ်သားဖိနပ် မအပ်တာ ပစ္စည်းလည်း ပါတယ်ဆိုပြီးတော့ ယူဆတာပေါ့နော်။ [00:06.200] တကယ်တော့ သိပ်တော့ မဆိုင်တော့ မဆိုင်ဘူးပေါ့။ [00:08.500] ဘာလို့လဲဆိုတော့ ရည်ရွယ်ချက်က သစ်သားဖိနပ်က အသံမြည်တာကိုး။ [00:12.000] ခွပ်ခွပ်ခွပ်ခွပ်နဲ့ဆိုတော့ သွားရင်လေ အသံမြည်တော့ ရဟန်းတော်တွေနဲ့ အဆင်မပြေဘူး။ [00:16.500] ဒါကြောင့် ဘုရားက မအပ်ဘူးလို့ ပြောလိုက်တာ။ [00:19.200] ဒါပေမဲ့ အဲ့ဒါကို အကြောင်းပြုပြီးတော့ အသစ်ဆိုရင် ဘာမှမအပ်ဘူးဆိုတော့ အဲ့လို ဖြစ်ကုန်တာပေါ့နော်။ [00:24.500] အဲ့လို ဖြစ်သွားတာ။ [00:26.000] အဲ့တော့ ရှေးတုန်းက အဲ့ကြောင့် ဒီ သားရေဖိနပ်ကလွဲရင် ဘယ်ဖိနပ်မှ မအပ်ဘူးဆိုပြီးတော့ ဆုံးဖြတ်တဲ့ ဆရာတော်တွေ ရှိတယ်။ [00:32.500] အဲ့လိုမျိုး ရှိတာပေါ့။ [00:34.200] ဦးဇင်းတို့ မကြာခဏ မေးခံရတဲ့ ဖိနပ်ကတော့ ကတ္တီပါဖိနပ် ပြဿနာပဲ။ [00:38.500] ကတ္တီပါဖိနပ် အပ်လား မအပ်လား ဒီလိုမျိုး မေးကြတာပေါ့။ [00:41.800] ဦးဇင်းတို့ ငယ်ငယ်တုန်းကလည်း ကတ္တီပါဖိနပ် မအပ်ဘူးလို့ပဲ မှတ်ထားခဲ့တာပေါ့နော်။ [00:46.500] အဲ့ မစီးဘူးပေါ့။ ငယ်ငယ်တုန်းက မစီးဘူး။ [00:49.200] ဒါပေမဲ့ နောက်ပိုင်းကျတော့ စာတွေကို နောက်ပြန် လိုက်ဖတ်တော့ ကတ္တီပါဖိနပ်ကို မအပ်ဘူးလို့ ပြောတဲ့နေရာ မတွေ့မိဘူး။ [00:56.500] ဝိနည်းထဲမှာ ပါဠိတော်မှာလည်း မပါ၊ အဋ္ဌကထာထဲမှာ ဋီကာထဲမှာ ဘယ်နေရာမှာမှ ကတ္တီပါဖိနပ် မအပ်ဘူးဆိုတာ မပါဘူး။ [01:04.200] အဲ့တော့ နောက်ပိုင်း လိုက်ရှာရင်း လိုက်ရှာရင်းနဲ့ ဆရာတော်တွေရဲ့ ယူဆချက်ကို နည်းနည်း နားလည်လာတယ်။ [01:09.500] ဆရာတော်တွေက ကတ္တီပါဖိနပ်ကို ဘာကြောင့် မအပ်ဘူးလို့ ပြောသလဲဆိုတော့ သူတို့က [01:14.200] ဖိနပ်ဆိုရင် သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ မူဝါဒကို ကိုင်ထားတာ သူတို့က။ [01:18.500] ဖိနပ်ဆိုရင် ဘာနဲ့မှ မလုပ်ရဘူး၊ သားရေနဲ့ပဲ လုပ်ရမယ်။ [01:22.200] သားရေကလွဲရင် ကျန်တဲ့ဖိနပ် မအပ်ဘူး အဲ့လို ဖြစ်သွားတာ သူက။ [01:26.500] အဲ့ခါကျတော့ ယနေ့ခေတ် ဆင်ခြေ မြင်းခြေ ဖိနပ်တွေ မအပ်ဘူး ယူလိုက်တာ သူတို့က။ [01:31.200] နောက် ဖိနပ်က ကတ္တီပါသားတွေ လုပ်တာ မအပ်ဘူး ဖြစ်သွားတာ။ [01:34.500] သူတို့က ဘာပဲဖြစ်ဖြစ် တစ်ခုပဲ၊ သားရေနဲ့ လုပ်ရမယ် ဒါပဲ သူတို့က။ [01:38.200] အဲ့လို ဆရာတော်တွေက ယူဆလိုက်တာ သူက။ အဲ့ဒီမှာ လွဲကုန်ကြတာပေါ့။ [01:42.500] ဖိနပ်ဆိုရင် သားရေနဲ့ လုပ်ရမယ်၊ တခြားဟာနဲ့ မလုပ်ရဘူး ဒီလို ယူဆလိုက်တာ။ [01:47.200] သားရေဖိနပ် မဟုတ်ရင် မအပ်စပ်ဘူးပေါ့ အဲ့လို ပြောတာ။ [01:50.500] အဲ့ခါကျတော့ သားရေနဲ့ လုပ်တဲ့ဖိနပ်ကလွဲလို့ ကျန်တဲ့ဖိနပ် ဘယ်ဖိနပ်မှ မအပ်တော့ ဖြစ်သွားတာ။ [01:55.200] တကယ်တော့ အဲ့ဒါဟာလည်း စာယူဆပုံ ယူဆနည်း နည်းနည်းလေးတော့ လွဲတယ်လို့ ဦးဇင်းကတော့ ထင်တယ်ပေါ့။ [02:01.500] အဲ့တော့ ဆရာတော်တွေ ကျမ်းကိုးတဲ့ဥစ္စာ ဦးဇင်း လိုက်ရှာတယ်။ [02:04.800] ဒီဆရာတော်တွေ ဘာအထောက်အထားနဲ့ ဒီလိုပြောသလဲပေါ့နော်။ [02:08.200] ဘာအထောက်အထား ရှိသလဲလို့ လိုက်ရှာတဲ့အခါကျတော့ ပါဠိစာပေထဲမှာ [02:12.500] "ယေန ကေနစိ စမ္မေနေဝ ကာတုံ ဝဋ္ဋတိ" ဆိုတာ ပါတာကိုး။ [02:16.500] သူက ရဟန်းတော်တွေမှာ သားရေနဲ့ ပတ်သက်လာရင် အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေတော့ ခွဲသေးတယ်။ [02:22.200] ဟိုနေ့က ဦးဇင်း ပြောတယ်၊ စိတ်သားရေတို့ နော်...