1
00:00:00,000 --> 00:00:04,210
နော် ဟို သိုးတို့ ကျွဲတို့ သမင်တို့ဆိုရင် ထိုင်ခင်းလုပ်လို့ရတယ်။

2
00:00:04,210 --> 00:00:08,502
တခြား နွားတို့ ကျွဲတို့ဆိုလို့ရှိရင် တခြားသားရေတွေဆိုရင် ထိုင်ခင်းလုပ်လို့မရဘူး။

3
00:00:08,502 --> 00:00:12,793
အဲ့တော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ရှိတယ်။

4
00:00:12,793 --> 00:00:17,328
ဆိုတော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ခွဲသော်လည်းပဲ ဖိနပ်မှာကျရင် မခွဲတော့ဘူး။

5
00:00:17,328 --> 00:00:21,619
ဖိနပ်သည် ဘယ်သားရေမဆို လုပ်ကောင်းတယ်ဆိုတာကို အဋ္ဌကထာဆရာက ဖွင့်တာ။

6
00:00:21,619 --> 00:00:25,263
ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိ။

7
00:00:25,263 --> 00:00:29,555
နွားသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ကျွဲသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ဘယ်သားရေမဆို ဖိနပ်လုပ်လို့ရတယ်။

8
00:00:29,555 --> 00:00:33,199
အဋ္ဌကထာဆရာ ဒီလိုဆိုလိုတာနော်။

9
00:00:33,199 --> 00:00:37,409
ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိပါဘူးလို့ ဆိုလိုတာ။

10
00:00:37,409 --> 00:00:41,944
အဲ့ဒါကို ဆရာတော်ကြီးတွေက နားလည်မှုလွဲပြီးတော့ ဪ ဖိနပ်မှန်ရင် သားရေနဲ့ပဲလုပ်ရမယ်လို့ အဓိပ္ပာယ်တစ်မျိုး ကောက်ယူသွားလိုက်တယ်။

11
00:00:41,944 --> 00:00:46,559
အဲ့ဒီမှာဆိုရင် ဖိနပ်မှန်ရင် သားရေနဲ့ဖြစ်ရမယ်၊ ကျန်တာမအပ်ဘူးဆိုပြီးတော့ ကတ္တီပါဖိနပ်တွေ မအပ်ဘူးဆို ပယ်လိုက်ကြတာပေါ့။

12
00:00:46,559 --> 00:00:50,851
တကယ်တော့ ကတ္တီပါဖိနပ်မအပ်တဲ့စာ မရှိပါဘူး။

13
00:00:50,851 --> 00:00:55,223
ဖိနပ်ကို သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း အဓိပ္ပာယ်မျိုး မရှိပါဘူး။

14
00:00:55,223 --> 00:00:59,515
ဆရာတော်တွေ ကြံဆ ကြံဆမှု နည်းနည်းလေး လိုသွားတဲ့သဘောပေါ့နော်။

15
00:00:59,515 --> 00:01:03,806
အဲ့ဒါကြောင့် ဦးဇင်းတို့ ယနေ့ခေတ်ပေါ်ဖိနပ်တွေ စီးကောင်းပါတယ်။

16
00:01:03,806 --> 00:01:08,179
ဒါပေမဲ့ လူစီးဖိနပ် မစီးသင့်ဘူးပေါ့နော်။

17
00:01:08,179 --> 00:01:12,471
လူစီးဖိနပ်မစီးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာပေထဲမှာ ဂိဟိပရိဘောဂလို့ခေါ်တယ်။

18
00:01:12,471 --> 00:01:16,762
လူ့အသုံးအဆောင်။ အဲ့တော့ လူ့အသုံးအဆောင်ဆိုလို့ရှိရင် သူက ရဟန်းတွေမသုံးကောင်းဘူး၊ ဂိဟိပရိဘောဂ။

19
00:01:16,762 --> 00:01:21,135
မြန်မာနိုင်ငံမှာက ဖိနပ်တွေကို သံဃာသုံးဖိနပ် လူစီးဖိနပ်လို့ ခွဲထားတယ်လေ။

20
00:01:21,135 --> 00:01:25,426
ခွဲထားတော့ ဒါ သံဃာစီးဖိနပ်ကို သံဃာပဲစီးသင့်တယ်၊ လူစီးဖိနပ်ကို သံဃာမစီးသင့်ဘူးပေါ့နော်။

21
00:01:25,426 --> 00:01:29,718
ဘုရားလက်ထက်မှာတော့ အဲ့လိုခွဲတာတော့ မရှိဘူးပေါ့။

22
00:01:29,718 --> 00:01:34,090
ဘုရားလက်ထက်မှာတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး၊ အတူတူပဲ။

23
00:01:34,090 --> 00:01:38,382
ဘာဖြစ်လို့ပြောရသလဲဆိုတော့ အရှင်သောဏဆိုတဲ့ ရဟန်းတော်တစ်ပါးက သူဌေးသားဘဝကလာတာ။

24
00:01:38,382 --> 00:01:42,674
သူ့ခြေထောက်က အင်မတန်နူးညံ့တယ်။ ဘယ်လောက်တောင်နူးညံ့သလဲဆိုတော့ သူ့ခြေထောက်မှာ အမွှေးတောင်ပေါက်တာလေ။

25
00:01:42,674 --> 00:01:47,046
နူးညံ့လွန်းအားကြီးလို့ ဖဝါးမှာတောင် အမွှေးတွေပေါက်တာ။

26
00:01:47,046 --> 00:01:51,338
အဲ့တော့ ဘုရားက ဖိနပ်စီးခွင့်မပေးထားတော့ သူကလည်း ဖိနပ်မစီးရဲဘူး။

27
00:01:51,338 --> 00:01:55,629
ဒီလိုပဲ ဖိနပ်မစီးဘဲသွားတော့ သူ့ခြေထောက်က သွေးခြေတွေဥ၊ သွေးတွေထွက်။

28
00:01:55,629 --> 00:01:57,129
ဒါလည်းသူက ဇွဲလုံ့လဝီရိယမလျှော့ဘူး။ ဒါကြောင့် ဝီရိယနဲ့ပတ်သက်လာရင် ဒါထိပ်ဆုံးပဲ သာသနာမှာသူက။

29
00:01:57,129 --> 00:02:00,002
ဖိနပ်မစီးဘဲ ဒီလိုပဲသွားတာ သွေးတွေထွက်လာ။ အဲ့တော့ မြတ်စွာဘုရားက သူ့ကို...
