နော် ဟို သိုးတို့ ကျွဲတို့ သမင်တို့ဆိုရင် ထိုင်ခင်းလုပ်လို့ရတယ်။ တခြား နွားတို့ ကျွဲတို့ဆိုလို့ရှိရင် တခြားသားရေတွေဆိုရင် ထိုင်ခင်းလုပ်လို့မရဘူး။ အဲ့တော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ရှိတယ်။ ဆိုတော့ ထိုင်ခင်းလုပ်တဲ့နေရာမှာ အပ်စပ်တဲ့သားရေ မအပ်စပ်တဲ့သားရေ ခွဲသော်လည်းပဲ ဖိနပ်မှာကျရင် မခွဲတော့ဘူး။ ဖိနပ်သည် ဘယ်သားရေမဆို လုပ်ကောင်းတယ်ဆိုတာကို အဋ္ဌကထာဆရာက ဖွင့်တာ။ ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိ။ နွားသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ကျွဲသားရေလည်း ဖိနပ်လုပ်လို့ရတယ်၊ ဘယ်သားရေမဆို ဖိနပ်လုပ်လို့ရတယ်။ အဋ္ဌကထာဆရာ ဒီလိုဆိုလိုတာနော်။ ဖိနပ်နဲ့ပတ်သက်လာရင် မအပ်စပ်တဲ့သားရေမရှိပါဘူးလို့ ဆိုလိုတာ။ အဲ့ဒါကို ဆရာတော်ကြီးတွေက နားလည်မှုလွဲပြီးတော့ ဪ ဖိနပ်မှန်ရင် သားရေနဲ့ပဲလုပ်ရမယ်လို့ အဓိပ္ပာယ်တစ်မျိုး ကောက်ယူသွားလိုက်တယ်။ အဲ့ဒီမှာဆိုရင် ဖိနပ်မှန်ရင် သားရေနဲ့ဖြစ်ရမယ်၊ ကျန်တာမအပ်ဘူးဆိုပြီးတော့ ကတ္တီပါဖိနပ်တွေ မအပ်ဘူးဆို ပယ်လိုက်ကြတာပေါ့။ တကယ်တော့ ကတ္တီပါဖိနပ်မအပ်တဲ့စာ မရှိပါဘူး။ ဖိနပ်ကို သားရေနဲ့ပဲ လုပ်ရမယ်ဆိုတဲ့ဟာမျိုးလည်း အဓိပ္ပာယ်မျိုး မရှိပါဘူး။ ဆရာတော်တွေ ကြံဆ ကြံဆမှု နည်းနည်းလေး လိုသွားတဲ့သဘောပေါ့နော်။ အဲ့ဒါကြောင့် ဦးဇင်းတို့ ယနေ့ခေတ်ပေါ်ဖိနပ်တွေ စီးကောင်းပါတယ်။ ဒါပေမဲ့ လူစီးဖိနပ် မစီးသင့်ဘူးပေါ့နော်။ လူစီးဖိနပ်မစီးသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာပေထဲမှာ ဂိဟိပရိဘောဂလို့ခေါ်တယ်။ လူ့အသုံးအဆောင်။ အဲ့တော့ လူ့အသုံးအဆောင်ဆိုလို့ရှိရင် သူက ရဟန်းတွေမသုံးကောင်းဘူး၊ ဂိဟိပရိဘောဂ။ မြန်မာနိုင်ငံမှာက ဖိနပ်တွေကို သံဃာသုံးဖိနပ် လူစီးဖိနပ်လို့ ခွဲထားတယ်လေ။ ခွဲထားတော့ ဒါ သံဃာစီးဖိနပ်ကို သံဃာပဲစီးသင့်တယ်၊ လူစီးဖိနပ်ကို သံဃာမစီးသင့်ဘူးပေါ့နော်။ ဘုရားလက်ထက်မှာတော့ အဲ့လိုခွဲတာတော့ မရှိဘူးပေါ့။ ဘုရားလက်ထက်မှာတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး၊ အတူတူပဲ။ ဘာဖြစ်လို့ပြောရသလဲဆိုတော့ အရှင်သောဏဆိုတဲ့ ရဟန်းတော်တစ်ပါးက သူဌေးသားဘဝကလာတာ။ သူ့ခြေထောက်က အင်မတန်နူးညံ့တယ်။ ဘယ်လောက်တောင်နူးညံ့သလဲဆိုတော့ သူ့ခြေထောက်မှာ အမွှေးတောင်ပေါက်တာလေ။ နူးညံ့လွန်းအားကြီးလို့ ဖဝါးမှာတောင် အမွှေးတွေပေါက်တာ။ အဲ့တော့ ဘုရားက ဖိနပ်စီးခွင့်မပေးထားတော့ သူကလည်း ဖိနပ်မစီးရဲဘူး။ ဒီလိုပဲ ဖိနပ်မစီးဘဲသွားတော့ သူ့ခြေထောက်က သွေးခြေတွေဥ၊ သွေးတွေထွက်။ ဒါလည်းသူက ဇွဲလုံ့လဝီရိယမလျှော့ဘူး။ ဒါကြောင့် ဝီရိယနဲ့ပတ်သက်လာရင် ဒါထိပ်ဆုံးပဲ သာသနာမှာသူက။ ဖိနပ်မစီးဘဲ ဒီလိုပဲသွားတာ သွေးတွေထွက်လာ။ အဲ့တော့ မြတ်စွာဘုရားက သူ့ကို...