အဲ့ဒါ သူကို မထကာ တစ်ယောက်ကနေပြီးတော့ သူစီးထားတဲ့ ဖိနပ်ကို ချွတ်ပေးတာ။ အရှင်ဘုရား ဒီဖိနပ်စီးပါ ဖိနပ်ချွတ်ပေးတာ။ အဲ့တော့ သူက မစီးဘူး။ မြတ်စွာဘုရားက ငါတို့ကို ဖိနပ်စီးခွင့်မပေးထားဘူး။ ဒါကြောင့် ငါမစီးဘူးလို့ သူက ငြင်းတယ်။ အဲ့ဒါ မြတ်စွာဘုရား သိတော့ စီးလိုက်ပါ၊ အခွင့်ပြုပါတယ်၊ ဖိနပ်စီးခွင့်ပြုပါတယ်ပေါ့ ဆိုပြီးတော့ ဘုရားက ဖိနပ်စီးခွင့်ပြုလိုက်တာ။ အဲ့ဒီတော့ အဲ့ဒီမှာ လူစီးဖိနပ်ကို ဘုရားခွင့်ပြုထားတယ်။ ဆိုတော့ အဲ့ဒါကို ထောက်ဆသောအားဖြင့် ဘုရားလက်ထက်တုန်းကတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး။ စီးလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ ယနေ့ခေတ်မှာကျတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ် ခွဲထားတာ။ ခွဲထားတော့ အဲ့ဒီလို ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးတို့က လူစီးဖိနပ်စီးတာ မကြိုက်ဘူး။ လူစီးဖိနပ်ဟာ ဒါ လူ့အသုံးအဆောင်ပစ္စည်းဖြစ်တယ်။ ဝိနည်းတော်ထဲမှာ ဂိဟိပရိဘောဂေါ နဝဋ္ဋတိ လူ့အသုံးအဆောင်သည် မအပ်စပ်ဘူးဆိုတဲ့ အဋ္ဌကထာစကား ရှိနေတယ်။ ဒါကြောင့် လူစီးဖိနပ်ကို ရဟန်းတွေ မစီးသင့်ဘူးဆိုပြီးတော့ ဦးဇင်းတို့ ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ဆုံးဖြတ်တော်မူတယ်။ အဲ့ဒါ မြန်မာနိုင်ငံမှာကျတော့ လူစီးဖိနပ်တွေ ဘုန်းကြီးမစီးသင့်ဘူးပေါ့။ အဲ့တော့ ဟို ဘွတ်ဖိနပ်လိုဟာမျိုးကတော့ လုံးဝမအပ်စပ်ဘူး ရဟန်းတော်တွေ ဒါကတော့ ဘယ်လိုမစီးကောင်းဘူး။ သူက ရှေ့ဖုံးဖိနပ် စီးတဲ့အခါမှာ ဟို ဖနောင့်ဖုံးတဲ့ဖိနပ်လိုမျိုး ရှိတယ်လေ။ ဖနောင့်ဖုံးတဲ့ဖိနပ်တို့ ဘွတ်ဖိနပ်အခြေတို့ဘာတို့လေ။ ဟို လယ်တောသွားတဲ့အခါမှာ စီးတဲ့အခြေတို့၊ အဲ့တော့ ရှူးဖိနပ်တို့ ဘုန်းကြီးတွေ မစီးရဘူးနော်။ ရှူးဖိနပ်လည်း မစီးရဘူး၊ ဘွတ်ဖိနပ်လည်း မစီးရဘူး၊ ဖနောင့်ဖုံးတဲ့ဖိနပ်လည်း မစီးရဘူး။ ဘုန်းကြီးတွေ မစီးကောင်းတဲ့ ဖိနပ်တွေနော်။ ခုနက ဒီ သစ်သားတို့ ထန်းလက်တို့ဆိုတာနဲ့ လုပ်တာနဲ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖိနပ်နဲ့ပတ်သက်လို့ ပြောဖြစ်တာနော်။ အဲ့တော့ ရဟန်းတွေ မစီးကောင်းတဲ့ ဖိနပ်က အဲ့ဒါတွေရှိတယ်။ အဲ့တော့ လူစီးဖိနပ်မှန်ရင် ရဟန်းတွေ မစီးကောင်းတော့ ရဟန်းတွေကို မလှူနဲ့ပေါ့ လူစီးဖိနပ်ကို။ သံဃာစီးဖိနပ်ပဲ လှူပေါ့။ ကတ္တီပါဖိနပ်ကတော့ မအပ်စပ်ဘူးလို့ ပြောလို့မရပါဘူးနော်။ ဒါပေမဲ့ တချို့တချို့ ကျောင်းတိုက်တွေမှာတော့ ကတ္တီပါဖိနပ် မစီးခိုင်းပါဘူး။ ဦးဇင်းတို့ကျောင်းတိုက်လည်း မစီးခိုင်းပါဘူး။ ဟို မအပ်ဘူးလို့တော့ ဦးဇင်းမပြောပါဘူးနော်။ ဒါပေမဲ့ မသင့်တော်ဘူးပေါ့နော်၊ နည်းနည်း အရမ်းကို လှပသာယာလွန်းအားကြီးတယ်ပေါ့။ အဲ့တော့ အောက်မှာ နည်းနည်းလေး ဖတ်ကြည့်မယ်ဆိုရင် ဖိနပ်ကို စီးနင်းထားလျက်နော် အောက်ဆုံးပိုဒ်လေး၊ တရားတော်ကို မနာယူကောင်းတဲ့။ ဖိနပ်စီးနင်းလျက် တရားတော်ကို နာယူခြင်းကြောင့် မိမိလည်း တရားတော်ကို မရိုသေရာရောက်၍ ဆိုးကျိုးရနိုင်သည့်အပြင် ဖိနပ်စီးထားသူကို တရားဟောမိခြင်းကြောင့် တရားဟောပုဂ္ဂိုလ်...