[00:00.000] အဲ့ဒါ သူကို မထကာ တစ်ယောက်ကနေပြီးတော့ [00:05.000] သူစီးထားတဲ့ ဖိနပ်ကို ချွတ်ပေးတာ။ [00:07.500] အရှင်ဘုရား ဒီဖိနပ်စီးပါ ဖိနပ်ချွတ်ပေးတာ။ [00:10.000] အဲ့တော့ သူက မစီးဘူး။ မြတ်စွာဘုရားက ငါတို့ကို ဖိနပ်စီးခွင့်မပေးထားဘူး။ [00:15.000] ဒါကြောင့် ငါမစီးဘူးလို့ သူက ငြင်းတယ်။ [00:17.500] အဲ့ဒါ မြတ်စွာဘုရား သိတော့ စီးလိုက်ပါ၊ အခွင့်ပြုပါတယ်၊ ဖိနပ်စီးခွင့်ပြုပါတယ်ပေါ့ ဆိုပြီးတော့ ဘုရားက ဖိနပ်စီးခွင့်ပြုလိုက်တာ။ [00:25.000] အဲ့ဒီတော့ အဲ့ဒီမှာ လူစီးဖိနပ်ကို ဘုရားခွင့်ပြုထားတယ်။ [00:28.500] ဆိုတော့ အဲ့ဒါကို ထောက်ဆသောအားဖြင့် ဘုရားလက်ထက်တုန်းကတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ်လို့ မခွဲထားဘူး။ [00:33.500] စီးလို့ရတယ်ပေါ့နော်။ [00:35.500] ဒါပေမဲ့ ယနေ့ခေတ်မှာကျတော့ လူစီးဖိနပ် ဘုန်းကြီးစီးဖိနပ် ခွဲထားတာ။ [00:40.000] ခွဲထားတော့ အဲ့ဒီလို ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးတို့က လူစီးဖိနပ်စီးတာ မကြိုက်ဘူး။ [00:47.500] လူစီးဖိနပ်ဟာ ဒါ လူ့အသုံးအဆောင်ပစ္စည်းဖြစ်တယ်။ [00:50.500] ဝိနည်းတော်ထဲမှာ ဂိဟိပရိဘောဂေါ နဝဋ္ဋတိ လူ့အသုံးအဆောင်သည် မအပ်စပ်ဘူးဆိုတဲ့ အဋ္ဌကထာစကား ရှိနေတယ်။ [00:57.500] ဒါကြောင့် လူစီးဖိနပ်ကို ရဟန်းတွေ မစီးသင့်ဘူးဆိုပြီးတော့ ဦးဇင်းတို့ ပျံလွန်တော်မူသွားတဲ့ သာသနာ့ဝန်ဆောင် ဆရာတော်ကြီးက ဆုံးဖြတ်တော်မူတယ်။ [01:05.500] အဲ့ဒါ မြန်မာနိုင်ငံမှာကျတော့ လူစီးဖိနပ်တွေ ဘုန်းကြီးမစီးသင့်ဘူးပေါ့။ [01:10.000] အဲ့တော့ ဟို ဘွတ်ဖိနပ်လိုဟာမျိုးကတော့ လုံးဝမအပ်စပ်ဘူး ရဟန်းတော်တွေ ဒါကတော့ ဘယ်လိုမစီးကောင်းဘူး။ [01:16.500] သူက ရှေ့ဖုံးဖိနပ် စီးတဲ့အခါမှာ ဟို ဖနောင့်ဖုံးတဲ့ဖိနပ်လိုမျိုး ရှိတယ်လေ။ [01:22.500] ဖနောင့်ဖုံးတဲ့ဖိနပ်တို့ ဘွတ်ဖိနပ်အခြေတို့ဘာတို့လေ။ [01:26.500] ဟို လယ်တောသွားတဲ့အခါမှာ စီးတဲ့အခြေတို့၊ အဲ့တော့ ရှူးဖိနပ်တို့ ဘုန်းကြီးတွေ မစီးရဘူးနော်။ [01:32.500] ရှူးဖိနပ်လည်း မစီးရဘူး၊ ဘွတ်ဖိနပ်လည်း မစီးရဘူး၊ ဖနောင့်ဖုံးတဲ့ဖိနပ်လည်း မစီးရဘူး။ [01:37.500] ဘုန်းကြီးတွေ မစီးကောင်းတဲ့ ဖိနပ်တွေနော်။ [01:40.000] ခုနက ဒီ သစ်သားတို့ ထန်းလက်တို့ဆိုတာနဲ့ လုပ်တာနဲ့ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဖိနပ်နဲ့ပတ်သက်လို့ ပြောဖြစ်တာနော်။ [01:47.500] အဲ့တော့ ရဟန်းတွေ မစီးကောင်းတဲ့ ဖိနပ်က အဲ့ဒါတွေရှိတယ်။ [01:51.500] အဲ့တော့ လူစီးဖိနပ်မှန်ရင် ရဟန်းတွေ မစီးကောင်းတော့ ရဟန်းတွေကို မလှူနဲ့ပေါ့ လူစီးဖိနပ်ကို။ [01:56.500] သံဃာစီးဖိနပ်ပဲ လှူပေါ့။ [01:58.500] ကတ္တီပါဖိနပ်ကတော့ မအပ်စပ်ဘူးလို့ ပြောလို့မရပါဘူးနော်။ [02:02.500] ဒါပေမဲ့ တချို့တချို့ ကျောင်းတိုက်တွေမှာတော့ ကတ္တီပါဖိနပ် မစီးခိုင်းပါဘူး။ [02:06.500] ဦးဇင်းတို့ကျောင်းတိုက်လည်း မစီးခိုင်းပါဘူး။ ဟို မအပ်ဘူးလို့တော့ ဦးဇင်းမပြောပါဘူးနော်။ [02:11.500] ဒါပေမဲ့ မသင့်တော်ဘူးပေါ့နော်၊ နည်းနည်း အရမ်းကို လှပသာယာလွန်းအားကြီးတယ်ပေါ့။ [02:16.500] အဲ့တော့ အောက်မှာ နည်းနည်းလေး ဖတ်ကြည့်မယ်ဆိုရင် [02:19.500] ဖိနပ်ကို စီးနင်းထားလျက်နော် အောက်ဆုံးပိုဒ်လေး၊ တရားတော်ကို မနာယူကောင်းတဲ့။ [02:25.500] ဖိနပ်စီးနင်းလျက် တရားတော်ကို နာယူခြင်းကြောင့် မိမိလည်း တရားတော်ကို မရိုသေရာရောက်၍ ဆိုးကျိုးရနိုင်သည့်အပြင် [02:32.500] ဖိနပ်စီးထားသူကို တရားဟောမိခြင်းကြောင့် တရားဟောပုဂ္ဂိုလ်...