1
00:00:00,000 --> 00:00:08,500
အာပတ်သင့်ရောက်၏။ ထို့ကြောင့် တရားနာယူသူသည် ကျန်းမာလျက် ဖိနပ်စီး၍ တရားနာခြင်း စသည်တို့ကို မပြုလုပ်မိကြစေရန် အထူးသတိထားသင့်သည် တဲ့။

2
00:00:08,500 --> 00:00:18,199
တတ်နိုင်ဆုံးတော့ ဦးဇင်းတို့ ရိုသေပြဖို့ ပေါ့နော်။ ဦးဇင်းတို့ သုတ္တန်ဒေသနာတွေထဲမှာ ဓမ္မဂါရဝဆိုတာ ရှိတယ်။ ဝိနည်းနဲ့တော့ မဆိုင်တော့ဘူး အဲ့ဒီအပိုင်းတွေကျတော့လေ။

3
00:00:18,199 --> 00:00:28,500
ဘာပြောလဲဆိုတော့ တရားနာနေတဲ့အချိန်မှာ အိပ်ငိုက်နေတယ်။ အဲ့ဒါ အဂါရဝဖြစ်တာကြောင့်ပေါ့။ နောက် တရားနာနေတဲ့အချိန်မှာ စကားပြောနေတယ်။ ဒါ အဂါရဝပဲပေါ့။

4
00:00:28,500 --> 00:00:39,200
ဒါကြောင့် ဦးဇင်းတို့ ကျောင်းမှာဆို ပြောရတယ်။ ဖုန်းတွေကို silent လုပ်ထား၊ ဖုန်းတွေပိတ်ထားဖို့ပေါ့။ တချို့က တရား ဆရာတော်ရှေ့က ဟော၊ ဖုန်းဖွင့်ထားတော့ တရား အာရုံ အရမ်းနောက်တာပဲ။

5
00:00:39,200 --> 00:00:48,500
ဟောတဲ့သူကလည်း သမာဓိနဲ့ အာရုံပြုပြီး ဟောနေရတာလေ။ နားထောင်တဲ့သူကလည်း စိတ်စိုက်ပြီး နားနေတာ။ အဲ့အချိန် ဖုန်းထမြည်တော့ အရမ်းစိတ်တိုဖို့ကောင်းတာပဲ။

6
00:00:48,500 --> 00:00:59,200
အဲ့တော့ စာပေထဲမှာလည်း အဲ့ကြောင့် တရားဟောနေတဲ့အချိန်မှာ စကားပြောခြင်း၊ ငေးနေခြင်း၊ ငိုက်နေခြင်း မပြုရဘူးပေါ့။ ဒါတွေက အဂါရဝဖြစ်တယ်လို့ စာထဲမှာ ဆိုထားတယ်။

7
00:00:59,200 --> 00:01:09,500
ဝိနည်းနဲ့တော့ မဆိုင်ဘူးပေါ့နော်။ သုတ္တန်သဘောတရား၊ သုတ္တန်ကျင့်ဝတ်တွေပေါ့။ အဂါရဝသဘောတရားတွေနော်။ အဲ့ဒါမျိုးတွေတော့ ရှိတယ်။ အဲ့ဒါ ဝိနည်းမှာတော့ မပါဘူး အဲ့ဒါတွေကတော့။

8
00:01:09,500 --> 00:01:21,200
ဒါဆိုလို့ရှိရင် ဦးဇင်းတို့ အခန်း ၉ ပြီးသွားပြီလား။ အခန်း ၉ ပြီးသွားပြီပေါ့နော်။ အခန်း ၉ ပြီးသွားတော့ အခန်း ၁၀ တို့ကျတော့လေ သူက ဒီ ယဉ်ကျေးမှုပိုင်းဆိုင်ရာကို ပြောထားတာပေါ့နော်။

9
00:01:21,200 --> 00:01:31,500
အဲ့ဒါတော့ ကိုယ့်ဘာသာဖတ်လိုက်ရင်လည်း အဆင်ပြေပါတယ်။ ဟို ဝိနည်းနဲ့တော့ မဆိုင်တော့ အရမ်းကြီး လေးလေးနက်နက်လည်း မပါဘူးပေါ့။ အဲ့တော့ ကိုယ့်ဘာသာဖတ်လိုက်ရင်တော့ ရတယ်ပေါ့နော်။

10
00:01:31,500 --> 00:01:42,200
ဟို သွားတဲ့အခါမှာ အသံမမြည်အောင်သွားတာတို့၊ လက်အုပ်ချီတာတို့၊ နောက်ကို ဆုတ်သွားတာတို့ အဲ့ဒါလေးတွေကို သူ ပြောထားတာပေါ့နော်။ အဲ့တော့ ဒီမှာ အဲ့ဒါတွေတော့ မပါတော့ဘူး။

11
00:01:42,200 --> 00:01:53,500
အဲ့ဒါ ဝိနည်းတွေ မပါတော့ဘူးပေါ့။ နောက်ခဏ အခန်း ၁၁ ကို သွားလိုက်ပါ။ အခန်း ၁၁ မှာလည်း သူက ဝိနည်းရဲ့ အထွေထွေသိမှတ်ဖွယ်ရာဆိုပြီးတော့ သူက ဟိုလိုမျိုး သီးသန့်ကြီးတော့ မပါတော့ဘူး။

12
00:01:53,500 --> 00:01:57,002
အဲ့တော့ ဝစီရိုင်းပြ ဇာတ်နိမ့်ကျဆိုပြီးတော့ စာမျက်နှာ ၈၃ လုံးမှာ သူ ပြောထားတာကို ရိုင်းရိုင်းစိုင်းစိုင်း မပြောမိကြဖို့ပေါ့နော်။ အဲ့ဒါလေးတွေ သူ ရဟန်းတော်တွေကို မဆဲမိအောင် မဆဲမိအောင် ဂရုစိုက်ဖို့ ဒါလေးတွေ ပြောထားတာပါ။

13
00:01:57,002 --> 00:02:00,002
အဲ့တော့ ဒါတွေ ကိုယ့်ဘာသာဖတ်လည်း သိတယ်ပေါ့နော်။ ရဟန်းတော်တွေကို မဆဲမိစေဖို့ပေါ့။ အဲ့တော့ တော်တော်များများ...
