1
00:00:00,000 --> 00:00:04,714
အဲတော့ ဝိနည်းက နောက်ပိုင်း အုပ်စရတွေက လေးနဲ့ထက် ဝိနည်းတွေ မပါတော့ ကိုယ့်ဘာကိုယ် ဖတ်လို့ရတယ် ပေါ့နော်။

2
00:00:04,714 --> 00:00:08,743
အဲတော့ ဦးဇင်း ဖြည့်စွက် သင်ကြားစရာလေးတွေတော့ ရှိတယ်။ အခု ဒီနေ့ စာရွက်ကလေးတွေတော့ ယူလာတယ်။

3
00:00:08,743 --> 00:00:13,543
လောက်မလာတော့ မသိဘူး နည်းနည်း ဝေပေးလိုက်ပါနော် တစ်ခါတည်း။

4
00:00:13,543 --> 00:00:19,200
အဲတော့ ဒီ ကပ္ပိယကာရက သင်တန်းတက် ဖြည့်စွက် သင်ခန်းစာ ဆိုတာ ဦးဇင်းအနေနဲ့ နည်းနည်းလေး မပါတာလေးတွေ စုထားတာ ပေါ့နော်။

5
00:00:19,200 --> 00:00:22,714
တချို့ဟာလေးလည်း ပြန်ထပ်ကောင်း ထပ်နိုင်တာလေးတွေ ပါမယ်။

6
00:00:22,714 --> 00:00:28,457
ဒါမပြောခင် ခုနက ဟို စာအုပ်ထဲမှာ ဟို ဖိနပ်တွေ ထိတယ် ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲ နည်းနည်းလေး ဝင်တာလေး နည်းနည်း ပြောလိုက်ဦးမယ်။

7
00:00:28,457 --> 00:00:34,714
ဟို ဖိနပ်ကိစ္စတော့ နည်းနည်းတော့ ရှင်းသွားပါပြီနော်။ အပ်စပ်တဲ့ ဖိနပ်၊ မအပ်စပ်တဲ့ ဖိနပ် အကြမ်းဖျင်းတော့ နည်းနည်းတော့ သဘောပေါက်သွားတာ ပေါ့။

8
00:00:34,714 --> 00:00:38,743
ထီးမှာလည်းပဲ အပ်စပ်တဲ့ ထီး၊ မအပ်စပ်တဲ့ ထီး ရှိတယ် ပေါ့နော်။

9
00:00:38,743 --> 00:00:43,543
အဲဒါလေး နည်းနည်း ပြောလိုက်မယ်။ ဒီထဲမှာလည်း အဲဒါတော့ မရေးထားလိုက်တော့ဘူး။

10
00:00:43,543 --> 00:00:50,143
ခေါင်းထဲမှာ နည်းနည်းလေး ပေါ်လာလို့ပါ။ ထီးနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တွေ မဆောင်းကောင်းတဲ့ ထီးဆိုတာ ရှိတယ်။

11
00:00:50,143 --> 00:00:55,886
နော် ဘယ်လို ထီးမျိုး မအပ်စပ်လဲ ဆိုတော့ ဟို ထီးလှူတဲ့ ဒကာ ဒကာမတွေလည်း သိရအောင် ပေါ့လေ။

12
00:00:55,886 --> 00:01:02,401
ရှေးတုန်းကတော့ ဦးဇင်းတို့ ပုသိမ်ထီးတွေ လှူကြတယ် မြန်မာနိုင်ငံမှာ ပေါ့။ အခုခေတ်တော့ ပုသိမ်ထီး သိပ်မဆောင်းကြတော့ဘူး။ အကြမ်းမခံတာလည်း ပါတာပေါ့။

13
00:01:02,401 --> 00:01:09,001
အဲတော့ ပုသိမ်ထီး ဆိုလို့ရှိရင် ပေါ့ ဦးဇင်းတို့ ဝိနည်းတော်မှာက ဒါ ချည်နဲ့ ချုပ်ထားတဲ့ ထီး ပေါ့ ဒါ ပုသိမ်ထီးဆို ချည်နဲ့ ချုပ်ထားတာ။

14
00:01:09,001 --> 00:01:15,601
အဲတော့ အဲဒီ ပုသိမ်ထီး ဆိုလို့ရှိရင် ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ အဲဒါ ဗဟုသုတ တစ်ခုနော် နည်းနည်း မှတ်ထားနော်။

15
00:01:15,601 --> 00:01:21,858
အဲ ပုသိမ်ထီးမှာ ဦးဇင်းတို့ ချည်ရောင် မျိုးစုံနဲ့ ချုပ်ထားတယ် ဆိုရင် အဲဒီ ထီးသည် မအပ်စပ်ဘူး။

16
00:01:21,858 --> 00:01:28,116
ချည်ရောင် တစ်ရောင်တည်း ဖြစ်ရမယ်။ အနီဆို အနီတစ်ရောင်တည်း၊ အဝါဆို အဝါတစ်ရောင်၊ အမည်းဆို အမည်းတစ်ရောင် တစ်ရောင်တည်း ဖြစ်တဲ့ ထီးမှ အပ်စပ်တယ်။

17
00:01:28,116 --> 00:01:34,459
ရောင်စုံထီး ဗြောင် အဲဒီ ပေါ့ အထဲမှာ ဟို ဒုတ်ချောင်းတွေကို ချုပ်ထားတဲ့ ချည်တွေ ရှိတယ်။ ပုသိမ်ထီး မြင်ဖူးကြမှာပါနော်။

18
00:01:34,459 --> 00:01:39,002
အဲ ပုသိမ်ထီးတွေမှာ ရောင်စုံနဲ့ တချို့ အလှလုပ်ထားတာ ရှိတယ်လေ။ အဲလို ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။

19
00:01:39,002 --> 00:01:43,030
တစ်ရောင်တည်းနဲ့ ချုပ်တဲ့ ပုသိမ်ထီးက အပ်စပ်တယ်။ ဒါတစ်ခုနော်။

20
00:01:43,030 --> 00:01:47,830
နောက်တစ်ခုက လက်ကိုင်ရိုးတွေမှာ အရစ်တွေ ပါရင် မအပ်စပ်ဘူး ဗြောင်ဖြစ်ရမယ်။

21
00:01:47,830 --> 00:01:53,573
နော် အဲတော့ လက်ကိုင်ရိုးသည် ဗြောင်ဖြစ်နေမှ အပ်စပ်တယ်။ အဲတော့ ဦးဇင်းတို့ တချို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေဆိုရင် ပုသိမ်ထီး လာလှူလို့ရှိရင် အဲဒီ ထီးအရိုးကို ဓားနဲ့ ရှစ်ပစ်လိုက်တယ် သူက။

22
00:01:53,573 --> 00:01:56,745
ဓားနဲ့ ခုတ်ပစ်လိုက်တယ် အဲဒီ ဟာကို အထစ်တွေကိုလေ။

23
00:01:56,745 --> 00:01:58,245
အဲတော့ အဲဒီ လက်ကိုင်ရစ်မှာ ဖြစ်စေ ဟို ထိပ်ဖူးမှာ ထိပ်ဖူးမှာဆိုလည်း အထစ်အထစ်တွေ ပါတယ်လေ။

24
00:01:58,245 --> 00:02:00,002
အဲတော့ ပုသိမ်ထီးရဲ့ ထိပ်ဖူးမှာလည်း အရစ်တွေ အရစ်တွေ ပါတယ်၊ လက်ကိုင်မှာလည်း အရစ်တွေ အရစ်တွေ ပါတယ်။ အဲဒီ လက်ကိုင်ရစ်တွေ ထိပ်ဖူးတွေကို ဖျက်ပစ်လိုက်ရတယ်။
