အဲတော့ ဝိနည်းက နောက်ပိုင်း အုပ်စရတွေက လေးနဲ့ထက် ဝိနည်းတွေ မပါတော့ ကိုယ့်ဘာကိုယ် ဖတ်လို့ရတယ် ပေါ့နော်။ အဲတော့ ဦးဇင်း ဖြည့်စွက် သင်ကြားစရာလေးတွေတော့ ရှိတယ်။ အခု ဒီနေ့ စာရွက်ကလေးတွေတော့ ယူလာတယ်။ လောက်မလာတော့ မသိဘူး နည်းနည်း ဝေပေးလိုက်ပါနော် တစ်ခါတည်း။ အဲတော့ ဒီ ကပ္ပိယကာရက သင်တန်းတက် ဖြည့်စွက် သင်ခန်းစာ ဆိုတာ ဦးဇင်းအနေနဲ့ နည်းနည်းလေး မပါတာလေးတွေ စုထားတာ ပေါ့နော်။ တချို့ဟာလေးလည်း ပြန်ထပ်ကောင်း ထပ်နိုင်တာလေးတွေ ပါမယ်။ ဒါမပြောခင် ခုနက ဟို စာအုပ်ထဲမှာ ဟို ဖိနပ်တွေ ထိတယ် ဆိုတာနဲ့ ပတ်သက်ပြီး ခေါင်းထဲ နည်းနည်းလေး ဝင်တာလေး နည်းနည်း ပြောလိုက်ဦးမယ်။ ဟို ဖိနပ်ကိစ္စတော့ နည်းနည်းတော့ ရှင်းသွားပါပြီနော်။ အပ်စပ်တဲ့ ဖိနပ်၊ မအပ်စပ်တဲ့ ဖိနပ် အကြမ်းဖျင်းတော့ နည်းနည်းတော့ သဘောပေါက်သွားတာ ပေါ့။ ထီးမှာလည်းပဲ အပ်စပ်တဲ့ ထီး၊ မအပ်စပ်တဲ့ ထီး ရှိတယ် ပေါ့နော်။ အဲဒါလေး နည်းနည်း ပြောလိုက်မယ်။ ဒီထဲမှာလည်း အဲဒါတော့ မရေးထားလိုက်တော့ဘူး။ ခေါင်းထဲမှာ နည်းနည်းလေး ပေါ်လာလို့ပါ။ ထီးနဲ့ ပတ်သက်ပြီးတော့ ရဟန်းတော်တွေ မဆောင်းကောင်းတဲ့ ထီးဆိုတာ ရှိတယ်။ နော် ဘယ်လို ထီးမျိုး မအပ်စပ်လဲ ဆိုတော့ ဟို ထီးလှူတဲ့ ဒကာ ဒကာမတွေလည်း သိရအောင် ပေါ့လေ။ ရှေးတုန်းကတော့ ဦးဇင်းတို့ ပုသိမ်ထီးတွေ လှူကြတယ် မြန်မာနိုင်ငံမှာ ပေါ့။ အခုခေတ်တော့ ပုသိမ်ထီး သိပ်မဆောင်းကြတော့ဘူး။ အကြမ်းမခံတာလည်း ပါတာပေါ့။ အဲတော့ ပုသိမ်ထီး ဆိုလို့ရှိရင် ပေါ့ ဦးဇင်းတို့ ဝိနည်းတော်မှာက ဒါ ချည်နဲ့ ချုပ်ထားတဲ့ ထီး ပေါ့ ဒါ ပုသိမ်ထီးဆို ချည်နဲ့ ချုပ်ထားတာ။ အဲတော့ အဲဒီ ပုသိမ်ထီး ဆိုလို့ရှိရင် ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ အဲဒါ ဗဟုသုတ တစ်ခုနော် နည်းနည်း မှတ်ထားနော်။ အဲ ပုသိမ်ထီးမှာ ဦးဇင်းတို့ ချည်ရောင် မျိုးစုံနဲ့ ချုပ်ထားတယ် ဆိုရင် အဲဒီ ထီးသည် မအပ်စပ်ဘူး။ ချည်ရောင် တစ်ရောင်တည်း ဖြစ်ရမယ်။ အနီဆို အနီတစ်ရောင်တည်း၊ အဝါဆို အဝါတစ်ရောင်၊ အမည်းဆို အမည်းတစ်ရောင် တစ်ရောင်တည်း ဖြစ်တဲ့ ထီးမှ အပ်စပ်တယ်။ ရောင်စုံထီး ဗြောင် အဲဒီ ပေါ့ အထဲမှာ ဟို ဒုတ်ချောင်းတွေကို ချုပ်ထားတဲ့ ချည်တွေ ရှိတယ်။ ပုသိမ်ထီး မြင်ဖူးကြမှာပါနော်။ အဲ ပုသိမ်ထီးတွေမှာ ရောင်စုံနဲ့ တချို့ အလှလုပ်ထားတာ ရှိတယ်လေ။ အဲလို ရောင်စုံချည်ဆိုရင် မအပ်စပ်ဘူး။ တစ်ရောင်တည်းနဲ့ ချုပ်တဲ့ ပုသိမ်ထီးက အပ်စပ်တယ်။ ဒါတစ်ခုနော်။ နောက်တစ်ခုက လက်ကိုင်ရိုးတွေမှာ အရစ်တွေ ပါရင် မအပ်စပ်ဘူး ဗြောင်ဖြစ်ရမယ်။ နော် အဲတော့ လက်ကိုင်ရိုးသည် ဗြောင်ဖြစ်နေမှ အပ်စပ်တယ်။ အဲတော့ ဦးဇင်းတို့ တချို့ ဝိနည်းလေးစားတဲ့ ဆရာတော်ကြီးတွေဆိုရင် ပုသိမ်ထီး လာလှူလို့ရှိရင် အဲဒီ ထီးအရိုးကို ဓားနဲ့ ရှစ်ပစ်လိုက်တယ် သူက။ ဓားနဲ့ ခုတ်ပစ်လိုက်တယ် အဲဒီ ဟာကို အထစ်တွေကိုလေ။ အဲတော့ အဲဒီ လက်ကိုင်ရစ်မှာ ဖြစ်စေ ဟို ထိပ်ဖူးမှာ ထိပ်ဖူးမှာဆိုလည်း အထစ်အထစ်တွေ ပါတယ်လေ။ အဲတော့ ပုသိမ်ထီးရဲ့ ထိပ်ဖူးမှာလည်း အရစ်တွေ အရစ်တွေ ပါတယ်၊ လက်ကိုင်မှာလည်း အရစ်တွေ အရစ်တွေ ပါတယ်။ အဲဒီ လက်ကိုင်ရစ်တွေ ထိပ်ဖူးတွေကို ဖျက်ပစ်လိုက်ရတယ်။