1
00:00:00,000 --> 00:00:01,263
မအပ်စပ်ဘူး။

2
00:00:01,263 --> 00:00:05,473
အဲ့တော့ ဦးဇင်းတို့ အော်ဒါမှာတဲ့အခါမှာ သေချာမှာရတယ်။ သံဃာတော်များ သုံးတဲ့ထီး မှာမယ်ဆိုလို့ရှိရင်

3
00:00:05,473 --> 00:00:09,684
တို့ သံဃာတော်တွေက ဒီလိုထီးမျိုး ဆောင်တယ်။ အဲ့တော့ ခြေကို တစ်မျိုးတည်းနဲ့ ချုပ်ပေးပါ။

4
00:00:09,684 --> 00:00:12,210
ပြီးတော့ လက်ကိုင်မှာလည်း အရစ်တွေ မပါပါစေနဲ့။

5
00:00:12,210 --> 00:00:14,737
ထိပ်ဖူးမှာလည်း ဟို အရစ်တွေ မပါပါစေနဲ့။

6
00:00:14,737 --> 00:00:17,263
အဲ့လိုမျိုး ပြောပေးရတယ်။ အဲ့သုံးချက်ကို သတိထားရမယ်။

7
00:00:17,263 --> 00:00:20,631
နောက်တစ်ချက် သတိထားစရာ ရှိသေးတယ်။ ထီးရဲ့ အဝိုင်းဟာ

8
00:00:20,631 --> 00:00:25,684
ဟို ထီးအရွက်ပေါ့နော်၊ ထီးရွက်အဝိုင်း။ အဝိုင်းမှာ ဦးဇင်းတို့က ဒီ လခြမ်းပုံသဏ္ဌာန် မဖြစ်ရဘူး။

9
00:00:25,684 --> 00:00:29,895
လခြမ်းကွေးလေးဆိုတာ အနားမှာ လခြမ်းလေး အကွေးလေး ဖြစ်ဖြစ်နေတာ အနားမှာလေ။

10
00:00:29,895 --> 00:00:33,263
အဲ့လို ကွေးကွေးလေး မဖြစ်ရဘူး။ ညီအညီ ဖြစ်ရမယ်။

11
00:00:33,263 --> 00:00:37,474
သဘောပေါက်လား မသိဘူး။ ဟို အစွန်း ဟို ဘယ်လိုပြောမလဲ၊ အချွန်တစ်ခုနဲ့တစ်ခု ဆက်တဲ့အခါလေ။

12
00:00:37,474 --> 00:00:40,842
ကြားမှာ ကွေးကွေးလေး ဖြစ်နေတာမျိုးတွေ လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။

13
00:00:40,842 --> 00:00:44,211
သတိထားမိလား ထီးတွေဘာတွေလေ။ အဲ့လို ကွေးကွေးလေး။

14
00:00:44,211 --> 00:00:47,579
မဟုတ်ဘူး မဟုတ်ဘူး ထီးကိုင်း ဟိုဟာ ပြောတာလေ။ ဘာခေါ်လဲ။

15
00:00:47,579 --> 00:00:50,106
ထီးရိုးလား။ ထီးရိုးက အကွေး။

16
00:00:50,106 --> 00:00:55,159
ထီးပါရင် နမူနာပြစမ်းပါ။ အေး ပြစမ်းပါဦး ခဏ။ အေး ဟုတ်ပြီ။ နည်းနည်း အဲ့ဒါ နမူနာ သရုပ်ပြစမ်းပါဦး။

17
00:00:55,159 --> 00:00:56,843
ဖွင့်လိုက်။ အေး ဟုတ်ပြီ။

18
00:00:56,843 --> 00:00:58,527
ဟုတ်ပြီ။ အဲ့မှာလေ။

19
00:00:58,527 --> 00:01:02,738
ဟိုမှာ သူက လခြမ်းပုံသဏ္ဌာန် မဖြစ်ဘူး အဲ့မှာ။ ဟိုမှာ အဲ့ဒါ မဟုတ်ဘူး။ အဲ့မှာ ဒီအနားကို ပြောတာ။ အေး အနား ဟုတ်တယ်။ အေး အဲ့ဒါ။

20
00:01:02,738 --> 00:01:05,264
အဲ့ဒီ အနားသည် ကွေးကွေးလေးဆိုရင် မအပ်စပ်ဘူး။

21
00:01:05,264 --> 00:01:11,159
သဘောပေါက်လား။ အဲ့ဒီ အနားသည် ဝိုင်းဝိုင်း ထီးဆိုတော့ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အရင်တုန်းက တချို့ ထီးတွေ လူထုဆောင်တဲ့ ထီးတချို့မှာလည်း ပါပါတယ်။

22
00:01:11,159 --> 00:01:15,369
ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အဲ့လို ဝိုင်းဝိုင်းလေး ဖြစ်နေရင် မအပ်စပ်ဘူး သူက။ ညီရမယ် အနားညီရမယ်။

23
00:01:15,369 --> 00:01:17,896
အညီဖြစ်ရမယ် ဟုတ်။ အဲ့လိုမျိုး ဖြစ်ရမယ်။

24
00:01:17,896 --> 00:01:21,264
အဲ့လို အနားညီမှ အပ်စပ်တယ်။ အဲ့တော့ ဝိုင်းနေလို့ရှိရင် လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။

25
00:01:21,264 --> 00:01:26,317
အဲ့တော့ လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့တော့ ထီးနဲ့ပတ်သက်လာရင် အဲ့လေးချက် မှတ်ပေးရမယ် နော်။

26
00:01:26,317 --> 00:01:31,370
အဲ့တော့ အရောင်မျိုးစုံပါတဲ့ ထီး မအပ်စပ်ဘူး။ အထိပ်မှာ အရစ်ပါရင် အောက်မှာ အရစ်ပါရင် မအပ်စပ်ဘူး။

27
00:01:31,370 --> 00:01:33,896
နောက် လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။

28
00:01:33,896 --> 00:01:40,633
အဲ့ဒီဟာကို ရှောင်ရမယ် ထီးက နော်။ သံဃာတော်တွေနဲ့ အပ်စပ်အောင်။ အဲ့ဒါကြောင့် တချို့ မေးတယ်လေ။ ခေါက်ထီး အပ်စပ်လား မအပ်စပ်လား။ ခုနက လေးချက်နဲ့ တိုက်ကြည့်။

29
00:01:40,633 --> 00:01:46,528
ဟုတ်လား သွား။ အဲ့ဒါ လေးချက်တိုက်ကြည့် မညီဘူးဆိုရင် အပေါ် အဲ့ဒီ လေးချက်နဲ့ ညီတယ်ဆိုရင် မအပ်ဘူး။ ညီအပ်တယ်။

30
00:01:46,528 --> 00:01:50,739
အဲ့တော့ ခေါက်ထီး လက်ကိုင်ရိုးမှာ အရစ်ပါလား ကြည့်လိုက်။ အရစ်ပါရင် အဲ့အရစ်ကို ဖြုတ် အဲ့ဒါ အပ်တယ်။

31
00:01:50,739 --> 00:01:54,949
အေး မဖြုတ်လို့ မရဘူးဆိုရင် မဆောင်နဲ့ပေါ့။ အေး ခေါက်ထီးရဲ့ ထိပ်မှာရော အဲ့လို အရစ်တွေ ပါသလား ကြည့်။

32
00:01:54,949 --> 00:01:57,002
ဒါပေမဲ့ ယနေ့ခေတ် ထီးတော်တော်များများက အရစ်တွေ ထိပ်မှာ မပါဘူး နော်။ ငုံသီးလေးပဲ ပါ အချွန်လေးပဲ ပါတာပေါ့ နော်။

33
00:01:57,002 --> 00:02:00,002
အဲ့မှာ လက်ကိုင်မှာကျတော့ အချို့ အရစ်တွေ ပါတတ်တယ်။
