မအပ်စပ်ဘူး။ အဲ့တော့ ဦးဇင်းတို့ အော်ဒါမှာတဲ့အခါမှာ သေချာမှာရတယ်။ သံဃာတော်များ သုံးတဲ့ထီး မှာမယ်ဆိုလို့ရှိရင် တို့ သံဃာတော်တွေက ဒီလိုထီးမျိုး ဆောင်တယ်။ အဲ့တော့ ခြေကို တစ်မျိုးတည်းနဲ့ ချုပ်ပေးပါ။ ပြီးတော့ လက်ကိုင်မှာလည်း အရစ်တွေ မပါပါစေနဲ့။ ထိပ်ဖူးမှာလည်း ဟို အရစ်တွေ မပါပါစေနဲ့။ အဲ့လိုမျိုး ပြောပေးရတယ်။ အဲ့သုံးချက်ကို သတိထားရမယ်။ နောက်တစ်ချက် သတိထားစရာ ရှိသေးတယ်။ ထီးရဲ့ အဝိုင်းဟာ ဟို ထီးအရွက်ပေါ့နော်၊ ထီးရွက်အဝိုင်း။ အဝိုင်းမှာ ဦးဇင်းတို့က ဒီ လခြမ်းပုံသဏ္ဌာန် မဖြစ်ရဘူး။ လခြမ်းကွေးလေးဆိုတာ အနားမှာ လခြမ်းလေး အကွေးလေး ဖြစ်ဖြစ်နေတာ အနားမှာလေ။ အဲ့လို ကွေးကွေးလေး မဖြစ်ရဘူး။ ညီအညီ ဖြစ်ရမယ်။ သဘောပေါက်လား မသိဘူး။ ဟို အစွန်း ဟို ဘယ်လိုပြောမလဲ၊ အချွန်တစ်ခုနဲ့တစ်ခု ဆက်တဲ့အခါလေ။ ကြားမှာ ကွေးကွေးလေး ဖြစ်နေတာမျိုးတွေ လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ သတိထားမိလား ထီးတွေဘာတွေလေ။ အဲ့လို ကွေးကွေးလေး။ မဟုတ်ဘူး မဟုတ်ဘူး ထီးကိုင်း ဟိုဟာ ပြောတာလေ။ ဘာခေါ်လဲ။ ထီးရိုးလား။ ထီးရိုးက အကွေး။ ထီးပါရင် နမူနာပြစမ်းပါ။ အေး ပြစမ်းပါဦး ခဏ။ အေး ဟုတ်ပြီ။ နည်းနည်း အဲ့ဒါ နမူနာ သရုပ်ပြစမ်းပါဦး။ ဖွင့်လိုက်။ အေး ဟုတ်ပြီ။ ဟုတ်ပြီ။ အဲ့မှာလေ။ ဟိုမှာ သူက လခြမ်းပုံသဏ္ဌာန် မဖြစ်ဘူး အဲ့မှာ။ ဟိုမှာ အဲ့ဒါ မဟုတ်ဘူး။ အဲ့မှာ ဒီအနားကို ပြောတာ။ အေး အနား ဟုတ်တယ်။ အေး အဲ့ဒါ။ အဲ့ဒီ အနားသည် ကွေးကွေးလေးဆိုရင် မအပ်စပ်ဘူး။ သဘောပေါက်လား။ အဲ့ဒီ အနားသည် ဝိုင်းဝိုင်း ထီးဆိုတော့ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အရင်တုန်းက တချို့ ထီးတွေ လူထုဆောင်တဲ့ ထီးတချို့မှာလည်း ပါပါတယ်။ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အဲ့လို ဝိုင်းဝိုင်းလေး ဖြစ်နေရင် မအပ်စပ်ဘူး သူက။ ညီရမယ် အနားညီရမယ်။ အညီဖြစ်ရမယ် ဟုတ်။ အဲ့လိုမျိုး ဖြစ်ရမယ်။ အဲ့လို အနားညီမှ အပ်စပ်တယ်။ အဲ့တော့ ဝိုင်းနေလို့ရှိရင် လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ အဲ့တော့ လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့တော့ ထီးနဲ့ပတ်သက်လာရင် အဲ့လေးချက် မှတ်ပေးရမယ် နော်။ အဲ့တော့ အရောင်မျိုးစုံပါတဲ့ ထီး မအပ်စပ်ဘူး။ အထိပ်မှာ အရစ်ပါရင် အောက်မှာ အရစ်ပါရင် မအပ်စပ်ဘူး။ နောက် လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့ဒီဟာကို ရှောင်ရမယ် ထီးက နော်။ သံဃာတော်တွေနဲ့ အပ်စပ်အောင်။ အဲ့ဒါကြောင့် တချို့ မေးတယ်လေ။ ခေါက်ထီး အပ်စပ်လား မအပ်စပ်လား။ ခုနက လေးချက်နဲ့ တိုက်ကြည့်။ ဟုတ်လား သွား။ အဲ့ဒါ လေးချက်တိုက်ကြည့် မညီဘူးဆိုရင် အပေါ် အဲ့ဒီ လေးချက်နဲ့ ညီတယ်ဆိုရင် မအပ်ဘူး။ ညီအပ်တယ်။ အဲ့တော့ ခေါက်ထီး လက်ကိုင်ရိုးမှာ အရစ်ပါလား ကြည့်လိုက်။ အရစ်ပါရင် အဲ့အရစ်ကို ဖြုတ် အဲ့ဒါ အပ်တယ်။ အေး မဖြုတ်လို့ မရဘူးဆိုရင် မဆောင်နဲ့ပေါ့။ အေး ခေါက်ထီးရဲ့ ထိပ်မှာရော အဲ့လို အရစ်တွေ ပါသလား ကြည့်။ ဒါပေမဲ့ ယနေ့ခေတ် ထီးတော်တော်များများက အရစ်တွေ ထိပ်မှာ မပါဘူး နော်။ ငုံသီးလေးပဲ ပါ အချွန်လေးပဲ ပါတာပေါ့ နော်။ အဲ့မှာ လက်ကိုင်မှာကျတော့ အချို့ အရစ်တွေ ပါတတ်တယ်။