[00:00.000] မအပ်စပ်ဘူး။ [00:01.500] အဲ့တော့ ဦးဇင်းတို့ အော်ဒါမှာတဲ့အခါမှာ သေချာမှာရတယ်။ သံဃာတော်များ သုံးတဲ့ထီး မှာမယ်ဆိုလို့ရှိရင် [00:06.500] တို့ သံဃာတော်တွေက ဒီလိုထီးမျိုး ဆောင်တယ်။ အဲ့တော့ ခြေကို တစ်မျိုးတည်းနဲ့ ချုပ်ပေးပါ။ [00:11.500] ပြီးတော့ လက်ကိုင်မှာလည်း အရစ်တွေ မပါပါစေနဲ့။ [00:14.500] ထိပ်ဖူးမှာလည်း ဟို အရစ်တွေ မပါပါစေနဲ့။ [00:17.500] အဲ့လိုမျိုး ပြောပေးရတယ်။ အဲ့သုံးချက်ကို သတိထားရမယ်။ [00:20.500] နောက်တစ်ချက် သတိထားစရာ ရှိသေးတယ်။ ထီးရဲ့ အဝိုင်းဟာ [00:24.500] ဟို ထီးအရွက်ပေါ့နော်၊ ထီးရွက်အဝိုင်း။ အဝိုင်းမှာ ဦးဇင်းတို့က ဒီ လခြမ်းပုံသဏ္ဌာန် မဖြစ်ရဘူး။ [00:30.500] လခြမ်းကွေးလေးဆိုတာ အနားမှာ လခြမ်းလေး အကွေးလေး ဖြစ်ဖြစ်နေတာ အနားမှာလေ။ [00:35.500] အဲ့လို ကွေးကွေးလေး မဖြစ်ရဘူး။ ညီအညီ ဖြစ်ရမယ်။ [00:39.500] သဘောပေါက်လား မသိဘူး။ ဟို အစွန်း ဟို ဘယ်လိုပြောမလဲ၊ အချွန်တစ်ခုနဲ့တစ်ခု ဆက်တဲ့အခါလေ။ [00:44.500] ကြားမှာ ကွေးကွေးလေး ဖြစ်နေတာမျိုးတွေ လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ [00:48.500] သတိထားမိလား ထီးတွေဘာတွေလေ။ အဲ့လို ကွေးကွေးလေး။ [00:52.500] မဟုတ်ဘူး မဟုတ်ဘူး ထီးကိုင်း ဟိုဟာ ပြောတာလေ။ ဘာခေါ်လဲ။ [00:56.500] ထီးရိုးလား။ ထီးရိုးက အကွေး။ [00:59.500] ထီးပါရင် နမူနာပြစမ်းပါ။ အေး ပြစမ်းပါဦး ခဏ။ အေး ဟုတ်ပြီ။ နည်းနည်း အဲ့ဒါ နမူနာ သရုပ်ပြစမ်းပါဦး။ [01:05.500] ဖွင့်လိုက်။ အေး ဟုတ်ပြီ။ [01:07.500] ဟုတ်ပြီ။ အဲ့မှာလေ။ [01:09.500] ဟိုမှာ သူက လခြမ်းပုံသဏ္ဌာန် မဖြစ်ဘူး အဲ့မှာ။ ဟိုမှာ အဲ့ဒါ မဟုတ်ဘူး။ အဲ့မှာ ဒီအနားကို ပြောတာ။ အေး အနား ဟုတ်တယ်။ အေး အဲ့ဒါ။ [01:14.500] အဲ့ဒီ အနားသည် ကွေးကွေးလေးဆိုရင် မအပ်စပ်ဘူး။ [01:17.500] သဘောပေါက်လား။ အဲ့ဒီ အနားသည် ဝိုင်းဝိုင်း ထီးဆိုတော့ ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အရင်တုန်းက တချို့ ထီးတွေ လူထုဆောင်တဲ့ ထီးတချို့မှာလည်း ပါပါတယ်။ [01:24.500] ဝိုင်းဝိုင်းလေး ဖြစ်နေတာလေ။ အဲ့လို ဝိုင်းဝိုင်းလေး ဖြစ်နေရင် မအပ်စပ်ဘူး သူက။ ညီရမယ် အနားညီရမယ်။ [01:29.500] အညီဖြစ်ရမယ် ဟုတ်။ အဲ့လိုမျိုး ဖြစ်ရမယ်။ [01:32.500] အဲ့လို အနားညီမှ အပ်စပ်တယ်။ အဲ့တော့ ဝိုင်းနေလို့ရှိရင် လခြမ်းပုံသဏ္ဌာန်လို့ ခေါ်တယ်။ [01:36.500] အဲ့တော့ လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ အဲ့တော့ ထီးနဲ့ပတ်သက်လာရင် အဲ့လေးချက် မှတ်ပေးရမယ် နော်။ [01:42.500] အဲ့တော့ အရောင်မျိုးစုံပါတဲ့ ထီး မအပ်စပ်ဘူး။ အထိပ်မှာ အရစ်ပါရင် အောက်မှာ အရစ်ပါရင် မအပ်စပ်ဘူး။ [01:48.500] နောက် လခြမ်းပုံသဏ္ဌာန် ဖြစ်တဲ့ထီး မအပ်စပ်ဘူး။ [01:51.500] အဲ့ဒီဟာကို ရှောင်ရမယ် ထီးက နော်။ သံဃာတော်တွေနဲ့ အပ်စပ်အောင်။ အဲ့ဒါကြောင့် တချို့ မေးတယ်လေ။ ခေါက်ထီး အပ်စပ်လား မအပ်စပ်လား။ ခုနက လေးချက်နဲ့ တိုက်ကြည့်။ [01:59.500] ဟုတ်လား သွား။ အဲ့ဒါ လေးချက်တိုက်ကြည့် မညီဘူးဆိုရင် အပေါ် အဲ့ဒီ လေးချက်နဲ့ ညီတယ်ဆိုရင် မအပ်ဘူး။ ညီအပ်တယ်။ [02:06.500] အဲ့တော့ ခေါက်ထီး လက်ကိုင်ရိုးမှာ အရစ်ပါလား ကြည့်လိုက်။ အရစ်ပါရင် အဲ့အရစ်ကို ဖြုတ် အဲ့ဒါ အပ်တယ်။ [02:11.500] အေး မဖြုတ်လို့ မရဘူးဆိုရင် မဆောင်နဲ့ပေါ့။ အေး ခေါက်ထီးရဲ့ ထိပ်မှာရော အဲ့လို အရစ်တွေ ပါသလား ကြည့်။ [02:16.500] ဒါပေမဲ့ ယနေ့ခေတ် ထီးတော်တော်များများက အရစ်တွေ ထိပ်မှာ မပါဘူး နော်။ ငုံသီးလေးပဲ ပါ အချွန်လေးပဲ ပါတာပေါ့ နော်။ [02:22.500] အဲ့မှာ လက်ကိုင်မှာကျတော့ အချို့ အရစ်တွေ ပါတတ်တယ်။