1
00:00:00,000 --> 00:00:02,214
အချို့ အချစ်ပါတာ ရှိတယ်၊ အမွှမ်းပါတာ ရှိတယ်။

2
00:00:02,214 --> 00:00:04,870
ဟို တချို့ လက်ကိုင်မှာ ဟို ဘာလဲ လက်အရာပုံစံမျိုးလား ဟုတ်လား။

3
00:00:04,870 --> 00:00:07,262
လက်ကိုင်မှာလေ လက်ငါးချောင်း အရာပုံစံ လုပ်ထားတာပေါ့နော်။

4
00:00:07,262 --> 00:00:09,299
အဲ့ဒါကျတော့ အလှအယစ်မဟုတ်ဘူးပေါ့နော်။

5
00:00:09,299 --> 00:00:12,221
ကိုင်ဖို့အတွက် ခိုင်ခံ့အောင်လို့ လုပ်ထားတဲ့ သဘော အဲ့ဒါတော့ ရတယ်။

6
00:00:12,221 --> 00:00:14,612
အလှပုံစံမျိုး အယစ်ဖော်တိုင်းတော့ မအပ်စပ်ဘူး။

7
00:00:14,612 --> 00:00:16,118
အဲ့ဒါ သတိထားရမယ်ပေါ့။

8
00:00:16,118 --> 00:00:18,155
အချို့ အလှအယစ်ကလေးတွေ လုပ်ထားတာလေ။

9
00:00:18,155 --> 00:00:22,317
အဲ့ဒါဆိုရင် မအပ်စပ်ဘူး။ အဲ့ဒါကြောင့် ထီးနဲ့ပတ်သက်လာရင် ထိပ်မှာ အယစ်အဆိပ်ပါရင် မအပ်ဘူး။

10
00:00:22,317 --> 00:00:24,354
အောက်မှာ အယစ်တွေပါရင် မအပ်ဘူး။

11
00:00:24,354 --> 00:00:26,745
နောက် ချည်အရောင်စုံပါရင် မအပ်ဘူး။

12
00:00:26,745 --> 00:00:29,668
ဟိုနား လာချောင်းပုံသဏ္ဍာန်ပါရင် မအပ်ဘူး။

13
00:00:29,668 --> 00:00:32,945
နော် အဲ့ဒါကြောင့် သံဃာတော်တွေနဲ့ အပ်စပ်တဲ့ထီး မအပ်စပ်တဲ့ထီး အဲ့လိုခွဲရမယ်။

14
00:00:32,945 --> 00:00:35,867
အဲ့လို အဲ့ဒီမှာ မပါဘူး အဲ့ဒါ ထီးမရေးထားလိုက်ဘူး ဒီထဲမှာ။

15
00:00:35,867 --> 00:00:40,030
အဲ့တော့ နော် ကိုယ့်ဘာသာကိုယ်ပဲ အဲ့ဒါ မှတ်ကြပေါ့ ထီးကတော့ နော် အပ်စပ်ထီး မအပ်စပ်တဲ့ထီး။

16
00:00:40,030 --> 00:00:44,724
အဲ့တော့ ဖိနပ်ကလည်း တော်တော်တော့ ပြီးသွားပါပြီနော်။ ဖိနပ်ပြီးတယ် ထီးပြီးသွားတယ်။

17
00:00:44,724 --> 00:00:48,886
သပိတ်တွေလည်း ဦးဇင်းတို့ ရှေ့မှာတင် ပြောခဲ့ပြီးသားဆိုတော့ နော် ပြီးပြီ သပိတ်လည်း ပြီးသွားပြီ။

18
00:00:48,886 --> 00:00:54,466
ပလတ်စတစ်သပိတ်တွေ ဖန်သပိတ်တွေက မအပ်စပ်ဘူးနော်။ နှီးသပိတ်တွေ သံသပိတ်တွေ မအပ်စပ်ဘူး ပြောခဲ့ပြီးပြီ။

19
00:00:54,466 --> 00:00:58,274
သင်္ကန်းဆိုရင်လည်း ဖြစ်နိုင်ရင်တော့ ဓားကွက်ဓားဖောက် သင်္ကန်းဆိုရင်တော့ ပိုကောင်းတယ်ပေါ့နော်။

20
00:00:58,274 --> 00:01:00,665
အကုန်လုံး ဖြတ်ချုပ်ဆိုရင်တော့ ပိုကောင်းတယ်ပေါ့။

21
00:01:00,665 --> 00:01:05,713
အဲ့ဒါလည်း ပြောခဲ့ပြီးပြီပေါ့နော်။ အဲ့ဒါဆိုရင် သင်္ကန်း ဆွမ်း ကျောင်း ဆေးကတော့ တော်တော်များများ စုံသွားပြီ။

22
00:01:05,713 --> 00:01:09,521
အဲ့တော့ ဦးဇင်းတို့ ဒီ ဖြည့်စွက်သင်ခန်းစာလေးကို သွားကြည့်ရအောင်နော်။

23
00:01:09,521 --> 00:01:14,569
အဲ့တော့ ဖြည့်စွက်သင်ခန်းစာမှာ စစချင်း ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများတဲ့နော်။

24
00:01:14,569 --> 00:01:18,377
ရဟန်းတွေ မကိုင်ကောင်းတဲ့ အရာများက နံပါတ်တစ်က အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ။

25
00:01:18,377 --> 00:01:21,654
ဟိုနေ့က ပါသွားပြီနော် အမျိုးသမီးခန္ဓာကိုယ် မထိကောင်းဘူးဆိုတာ ပြောပြီးပြီ။

26
00:01:21,654 --> 00:01:24,577
ကိုယ့်အမေလည်း မရဘူး ကိုယ့်အစ်မလည်း မရဘူး ကိုယ့်ညီမလည်း မရဘူး။

27
00:01:24,577 --> 00:01:27,854
အဒေါ်တွေဘာတွေလည်း မရဘူး တူမ တူမလေးတွေလည်း မရဘူးပေါ့နော်။

28
00:01:27,854 --> 00:01:31,662
အမျိုးသမီးဆိုရင် ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ဘာစိတ်နဲ့မှကို ထိလို့မရတာ။

29
00:01:31,662 --> 00:01:34,939
ဒါ မကိုင်ကောင်းတဲ့ထဲမှာ ပါသွားတာ။ အာ ငါတို့က မသာယာဘူးဆိုလည်း မရဘူးနော်။

30
00:01:34,939 --> 00:01:37,861
ဒါက သာယာရင် အာပတ်တစ်မျိုး မသာယာရင် အာပတ်တစ်မျိုး။

31
00:01:37,861 --> 00:01:40,252
ဘယ်လိုပဲဖြစ်ဖြစ် အာပတ်ကတော့ မလွတ်ကို မလွတ်တာ။

32
00:01:40,252 --> 00:01:44,061
ဟုတ်ပြီနော် အဲ့တော့ ငါတို့က မသာယာပါဘူး ကိုယ့်ညီမမို့လို့ ကိုင်တာပါ ကိုယ့်တူမလေးမို့လို့ ကိုင်တာ မရပါဘူး။

33
00:01:44,061 --> 00:01:47,337
ဘယ်လိုမှ မရဘူး။ အာ ကိုယ့်အဖွားအရွယ်ပဲတဲ့ မရပါဘူးနော်။

34
00:01:47,337 --> 00:01:49,374
ဘယ်အရွယ်ပဲ ဖြစ်နေဖြစ်နေ မရပါဘူး။

35
00:01:49,374 --> 00:01:52,031
နောက် နံပါတ်နှစ်က အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ။

36
00:01:52,031 --> 00:01:56,194
ဒါ ဟိုနေ့ကလည်း ပြောခဲ့ပြီး ဝတ်ထားသည်ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ သူတို့ရဲ့ အဝတ်အစားတွေနော်။

37
00:01:56,194 --> 00:01:57,694
နောက် ခုနက တခြားအသုံးအဆောင်ပစ္စည်းတွေ မထိကောင်းဘူး မကိုင်ကောင်းဘူးပေါ့။

38
00:01:57,694 --> 00:02:00,002
ဒါ ဟို ကျောင်းမှာ ကျန်ခဲ့တဲ့ဥစ္စာကျတော့ ဒါ ကောက်သိမ်းပေးလို့ရတယ် ပြောခဲ့ပြီးပြီနော်။
