အချို့ အချစ်ပါတာ ရှိတယ်၊ အမွှမ်းပါတာ ရှိတယ်။ ဟို တချို့ လက်ကိုင်မှာ ဟို ဘာလဲ လက်အရာပုံစံမျိုးလား ဟုတ်လား။ လက်ကိုင်မှာလေ လက်ငါးချောင်း အရာပုံစံ လုပ်ထားတာပေါ့နော်။ အဲ့ဒါကျတော့ အလှအယစ်မဟုတ်ဘူးပေါ့နော်။ ကိုင်ဖို့အတွက် ခိုင်ခံ့အောင်လို့ လုပ်ထားတဲ့ သဘော အဲ့ဒါတော့ ရတယ်။ အလှပုံစံမျိုး အယစ်ဖော်တိုင်းတော့ မအပ်စပ်ဘူး။ အဲ့ဒါ သတိထားရမယ်ပေါ့။ အချို့ အလှအယစ်ကလေးတွေ လုပ်ထားတာလေ။ အဲ့ဒါဆိုရင် မအပ်စပ်ဘူး။ အဲ့ဒါကြောင့် ထီးနဲ့ပတ်သက်လာရင် ထိပ်မှာ အယစ်အဆိပ်ပါရင် မအပ်ဘူး။ အောက်မှာ အယစ်တွေပါရင် မအပ်ဘူး။ နောက် ချည်အရောင်စုံပါရင် မအပ်ဘူး။ ဟိုနား လာချောင်းပုံသဏ္ဍာန်ပါရင် မအပ်ဘူး။ နော် အဲ့ဒါကြောင့် သံဃာတော်တွေနဲ့ အပ်စပ်တဲ့ထီး မအပ်စပ်တဲ့ထီး အဲ့လိုခွဲရမယ်။ အဲ့လို အဲ့ဒီမှာ မပါဘူး အဲ့ဒါ ထီးမရေးထားလိုက်ဘူး ဒီထဲမှာ။ အဲ့တော့ နော် ကိုယ့်ဘာသာကိုယ်ပဲ အဲ့ဒါ မှတ်ကြပေါ့ ထီးကတော့ နော် အပ်စပ်ထီး မအပ်စပ်တဲ့ထီး။ အဲ့တော့ ဖိနပ်ကလည်း တော်တော်တော့ ပြီးသွားပါပြီနော်။ ဖိနပ်ပြီးတယ် ထီးပြီးသွားတယ်။ သပိတ်တွေလည်း ဦးဇင်းတို့ ရှေ့မှာတင် ပြောခဲ့ပြီးသားဆိုတော့ နော် ပြီးပြီ သပိတ်လည်း ပြီးသွားပြီ။ ပလတ်စတစ်သပိတ်တွေ ဖန်သပိတ်တွေက မအပ်စပ်ဘူးနော်။ နှီးသပိတ်တွေ သံသပိတ်တွေ မအပ်စပ်ဘူး ပြောခဲ့ပြီးပြီ။ သင်္ကန်းဆိုရင်လည်း ဖြစ်နိုင်ရင်တော့ ဓားကွက်ဓားဖောက် သင်္ကန်းဆိုရင်တော့ ပိုကောင်းတယ်ပေါ့နော်။ အကုန်လုံး ဖြတ်ချုပ်ဆိုရင်တော့ ပိုကောင်းတယ်ပေါ့။ အဲ့ဒါလည်း ပြောခဲ့ပြီးပြီပေါ့နော်။ အဲ့ဒါဆိုရင် သင်္ကန်း ဆွမ်း ကျောင်း ဆေးကတော့ တော်တော်များများ စုံသွားပြီ။ အဲ့တော့ ဦးဇင်းတို့ ဒီ ဖြည့်စွက်သင်ခန်းစာလေးကို သွားကြည့်ရအောင်နော်။ အဲ့တော့ ဖြည့်စွက်သင်ခန်းစာမှာ စစချင်း ဦးဇင်းတို့ ရဟန်းတို့ မကိုင်ကောင်းသော အရာများတဲ့နော်။ ရဟန်းတွေ မကိုင်ကောင်းတဲ့ အရာများက နံပါတ်တစ်က အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ။ ဟိုနေ့က ပါသွားပြီနော် အမျိုးသမီးခန္ဓာကိုယ် မထိကောင်းဘူးဆိုတာ ပြောပြီးပြီ။ ကိုယ့်အမေလည်း မရဘူး ကိုယ့်အစ်မလည်း မရဘူး ကိုယ့်ညီမလည်း မရဘူး။ အဒေါ်တွေဘာတွေလည်း မရဘူး တူမ တူမလေးတွေလည်း မရဘူးပေါ့နော်။ အမျိုးသမီးဆိုရင် ဆွေမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ဘာစိတ်နဲ့မှကို ထိလို့မရတာ။ ဒါ မကိုင်ကောင်းတဲ့ထဲမှာ ပါသွားတာ။ အာ ငါတို့က မသာယာဘူးဆိုလည်း မရဘူးနော်။ ဒါက သာယာရင် အာပတ်တစ်မျိုး မသာယာရင် အာပတ်တစ်မျိုး။ ဘယ်လိုပဲဖြစ်ဖြစ် အာပတ်ကတော့ မလွတ်ကို မလွတ်တာ။ ဟုတ်ပြီနော် အဲ့တော့ ငါတို့က မသာယာပါဘူး ကိုယ့်ညီမမို့လို့ ကိုင်တာပါ ကိုယ့်တူမလေးမို့လို့ ကိုင်တာ မရပါဘူး။ ဘယ်လိုမှ မရဘူး။ အာ ကိုယ့်အဖွားအရွယ်ပဲတဲ့ မရပါဘူးနော်။ ဘယ်အရွယ်ပဲ ဖြစ်နေဖြစ်နေ မရပါဘူး။ နောက် နံပါတ်နှစ်က အမျိုးသမီး အသုံးအဆောင်ပစ္စည်းများ။ ဒါ ဟိုနေ့ကလည်း ပြောခဲ့ပြီး ဝတ်ထားသည်ဖြစ်စေ မဝတ်ထားသည်ဖြစ်စေ သူတို့ရဲ့ အဝတ်အစားတွေနော်။ နောက် ခုနက တခြားအသုံးအဆောင်ပစ္စည်းတွေ မထိကောင်းဘူး မကိုင်ကောင်းဘူးပေါ့။ ဒါ ဟို ကျောင်းမှာ ကျန်ခဲ့တဲ့ဥစ္စာကျတော့ ဒါ ကောက်သိမ်းပေးလို့ရတယ် ပြောခဲ့ပြီးပြီနော်။