1
00:00:00,000 --> 00:00:04,435
အဲ့ဒါ နောက်မှာလည်း တစ်ခု ပါဦးမှာ။

2
00:00:04,435 --> 00:00:08,225
နောက် နာမည်နဲ့ အမျိုးသမီး ရုပ်ပုံ ရုပ်ထု ပေါ့နော်။

3
00:00:08,225 --> 00:00:12,742
ဒီ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အမျိုးသမီးပုံ ပါတယ်လေ။ အဲ့ဒါတွေ မကိုင်ရဘူး။

4
00:00:12,742 --> 00:00:18,064
နောက် ခုနက အဲ့ဒီ ရုပ်ထုတွေ ပေါ့။ အမျိုးသမီး ရုပ်ထုတွေ သွားထိကိုင်လို့ မရဘူး။ ပန်းပု၊ ပန်းချီ၊ ပန်းပု ဘာမှ အမျိုးသမီးဆို ကိုင်လို့ မရဘူး။

5
00:00:18,064 --> 00:00:23,306
အဲ့တော့ ခုနက ပြောသလို ဟို မအပ်ကောင်းတဲ့ အထဲမှာ အမျိုးသမီး မအပ်ကောင်းဆိုတော့ အမျိုးသမီး အမ၊ တိရစ္ဆာန် အမတွေလည်း ပါတယ် ပြောခဲ့တယ်လေ။

6
00:00:23,306 --> 00:00:28,629
အဲ့အတိုင်းပဲ မကိုင်ကောင်းတဲ့ အထဲမှာလည်း တိရစ္ဆာန် အမတွေလည်း ပါတယ်ဆိုတော့ တိရစ္ဆာန် အမရုပ်တွေလည်း မကိုင်ရဘူး။

7
00:00:28,629 --> 00:00:32,420
ပုံတွေ ပေါ့နော်။ ပုံမှာ တိရစ္ဆာန် အမရုပ်ပုံ ပါရင်လည်း မထိရဘူး။

8
00:00:32,420 --> 00:00:39,355
အဲ့ကြောင့် ရှေးတုန်းက ဆရာတော်ကြီးတွေဆို မီးခြစ်မှာ နတ်သမီးရုပ်လေးတွေ ပါတော့ ဆရာတော်ကြီးတွေက အဲ့မီးခြစ်ဝါးလွှာကို ဖြတ်ပစ်လိုက်ရတယ်။ နတ်သမီးရုပ် ဖြတ်ပစ်လိုက်ရတယ်။

9
00:00:39,355 --> 00:00:44,758
အဲ့ကြောင့် ဦးဇင်းတို့ အမျိုးသမီးပုံ ပါတဲ့ ဥစ္စာကို ကိုင်ချင်တယ် ဆိုလို့ရှိရင် သူက နှစ်မျိုးရှိတယ် ကိုင်တာက။

10
00:00:44,758 --> 00:00:50,162
မထိအောင် ဘေးနား ကိုင်လို့ရတယ်။ သူက ပုံကို မထိရတာ။ စာအုပ်ကို ကိုင်လို့ရတယ်။

11
00:00:50,162 --> 00:00:57,097
ဥပမာ ပေါ့ ဆရာတော်တွေ သတင်းစာ ဖတ်ကြတယ်၊ ဂျာနယ်တွေ ဖတ်ကြတယ်။ အမျိုးသမီးပုံတွေ ပါတယ်လေ။ အဲ့တော့ မထိအောင် ကိုင်မယ်၊ ဘေးကနေ ကိုင်မယ်။

12
00:00:57,097 --> 00:01:00,888
ပုံက အလယ်မှာ ရှိမယ်၊ ကိုယ်က နံဘေးနားလေးကို ကိုင်ပြီး လှန်မယ် ပေါ့။ နော်။ အဲ့ဒါဆို ရတယ်။

13
00:01:00,888 --> 00:01:06,291
သူက အမျိုးသမီး ပါရင် ဘာမှ မထိရဘူး ဆိုတာ မဟုတ်ဘူးနော်။ ပုံကိုသာ မထိရတာ၊ ဘေးနံဘေးကို ထိလို့ရတယ်။

14
00:01:06,291 --> 00:01:11,614
အဲ့ကြောင့် အမျိုးသမီးပုံကို မထိနဲ့၊ ဘေးနံဘေးကို ထိ။ နော် အဲ့လိုမျိုး ရတယ်။

15
00:01:11,614 --> 00:01:17,017
တချို့က နားမလည်တော့ ဟို သွားပြီးတော့ အပြစ်မှားမိတတ်မှာ စိုးလို့ ပြောတာ။

16
00:01:17,017 --> 00:01:22,421
နောက်တစ်ခါ ကိုင်လို့ရတာက အမျိုးသမီးပုံကို ဘောပင်နဲ့ ခြစ်ပစ်လိုက်။ အဲ့ဒါဆို ပုံကို တိုက်ရိုက် ကိုင်လို့ ရသွားပြီ အဲ့ဒါဆိုရင်တော့။

17
00:01:22,421 --> 00:01:27,743
နော်။ ပုံကို ဆော့ပင်တို့ ဘောပင်တို့နဲ့ ပုံကို ခြစ်ပစ်လိုက် ပေါ့နော်။ အဲ့လိုဆို ဦးဇင်းတို့ ကိုင်လို့ ရသွားပြီ။

18
00:01:27,743 --> 00:01:33,147
အဲ့ကြောင့် ဦးဇင်းတို့ တစ်ခါ ကြုံဖူးတယ်လေ။ အဲ့ဒီ ဂျာမနီက အမျိုးသမီး တစ်ယောက်နဲ့ တစ်ခါ ကြုံတာ ပေါ့။

19
00:01:33,147 --> 00:01:38,550
အဲ့ဒီ သူငယ်ချင်း တစ်ယောက်က ဘုန်းကြီးလူထွက် တစ်ယောက်က သူ့မိတ်ဆွေ သူ့အလုပ်ပိုင်ရှင်နဲ့ တူပါတယ်၊ သူက ခေါ်လာတာ ပေါ့။ ကျောင်းလာပြတာ ဂျာမနီ အမျိုးသမီး ခေါ်လာတော့။

20
00:01:38,550 --> 00:01:43,873
ဦးဇင်းက အဲ့ဒီမှာ ဟို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ မိတ်ခွန်းလား ဘာလား မသိဘူး။ အဲ့စာအုပ် တစ်အုပ်ကို ဖတ်နေတဲ့ အချိန်။

21
00:01:43,873 --> 00:01:49,276
ဒါပေမဲ့ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတယ်လေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတော့ မအပ်စပ်ဘူးလေ။

22
00:01:49,276 --> 00:01:54,679
ဦးဇင်းက အဲ့ဒါကို အကုန်လုံး ဘောပင်နဲ့ ခြစ်ပစ်လိုက်တာ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အကုန်လုံး ဘောပင်နဲ့ အကုန် ခြစ်ပစ်လိုက်တာ။

23
00:01:54,679 --> 00:01:57,002
ခြစ်ပစ်လိုက်တော့ ဦးဇင်းက အဲ့ဒါကို ဖတ်နေတော့ သူက ပုံတွေကို ကြက်ခြေခတ်ထားတာ သူမြင်တော့ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လား" တဲ့။

24
00:01:57,002 --> 00:02:00,002
"အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ကြက်ခြေခတ်ထားတာလား" ပေါ့။ ဟိုဆိုတော့ "မဟုတ်ဘူး" လို့။
