အဲ့ဒါ နောက်မှာလည်း တစ်ခု ပါဦးမှာ။ နောက် နာမည်နဲ့ အမျိုးသမီး ရုပ်ပုံ ရုပ်ထု ပေါ့နော်။ ဒီ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အမျိုးသမီးပုံ ပါတယ်လေ။ အဲ့ဒါတွေ မကိုင်ရဘူး။ နောက် ခုနက အဲ့ဒီ ရုပ်ထုတွေ ပေါ့။ အမျိုးသမီး ရုပ်ထုတွေ သွားထိကိုင်လို့ မရဘူး။ ပန်းပု၊ ပန်းချီ၊ ပန်းပု ဘာမှ အမျိုးသမီးဆို ကိုင်လို့ မရဘူး။ အဲ့တော့ ခုနက ပြောသလို ဟို မအပ်ကောင်းတဲ့ အထဲမှာ အမျိုးသမီး မအပ်ကောင်းဆိုတော့ အမျိုးသမီး အမ၊ တိရစ္ဆာန် အမတွေလည်း ပါတယ် ပြောခဲ့တယ်လေ။ အဲ့အတိုင်းပဲ မကိုင်ကောင်းတဲ့ အထဲမှာလည်း တိရစ္ဆာန် အမတွေလည်း ပါတယ်ဆိုတော့ တိရစ္ဆာန် အမရုပ်တွေလည်း မကိုင်ရဘူး။ ပုံတွေ ပေါ့နော်။ ပုံမှာ တိရစ္ဆာန် အမရုပ်ပုံ ပါရင်လည်း မထိရဘူး။ အဲ့ကြောင့် ရှေးတုန်းက ဆရာတော်ကြီးတွေဆို မီးခြစ်မှာ နတ်သမီးရုပ်လေးတွေ ပါတော့ ဆရာတော်ကြီးတွေက အဲ့မီးခြစ်ဝါးလွှာကို ဖြတ်ပစ်လိုက်ရတယ်။ နတ်သမီးရုပ် ဖြတ်ပစ်လိုက်ရတယ်။ အဲ့ကြောင့် ဦးဇင်းတို့ အမျိုးသမီးပုံ ပါတဲ့ ဥစ္စာကို ကိုင်ချင်တယ် ဆိုလို့ရှိရင် သူက နှစ်မျိုးရှိတယ် ကိုင်တာက။ မထိအောင် ဘေးနား ကိုင်လို့ရတယ်။ သူက ပုံကို မထိရတာ။ စာအုပ်ကို ကိုင်လို့ရတယ်။ ဥပမာ ပေါ့ ဆရာတော်တွေ သတင်းစာ ဖတ်ကြတယ်၊ ဂျာနယ်တွေ ဖတ်ကြတယ်။ အမျိုးသမီးပုံတွေ ပါတယ်လေ။ အဲ့တော့ မထိအောင် ကိုင်မယ်၊ ဘေးကနေ ကိုင်မယ်။ ပုံက အလယ်မှာ ရှိမယ်၊ ကိုယ်က နံဘေးနားလေးကို ကိုင်ပြီး လှန်မယ် ပေါ့။ နော်။ အဲ့ဒါဆို ရတယ်။ သူက အမျိုးသမီး ပါရင် ဘာမှ မထိရဘူး ဆိုတာ မဟုတ်ဘူးနော်။ ပုံကိုသာ မထိရတာ၊ ဘေးနံဘေးကို ထိလို့ရတယ်။ အဲ့ကြောင့် အမျိုးသမီးပုံကို မထိနဲ့၊ ဘေးနံဘေးကို ထိ။ နော် အဲ့လိုမျိုး ရတယ်။ တချို့က နားမလည်တော့ ဟို သွားပြီးတော့ အပြစ်မှားမိတတ်မှာ စိုးလို့ ပြောတာ။ နောက်တစ်ခါ ကိုင်လို့ရတာက အမျိုးသမီးပုံကို ဘောပင်နဲ့ ခြစ်ပစ်လိုက်။ အဲ့ဒါဆို ပုံကို တိုက်ရိုက် ကိုင်လို့ ရသွားပြီ အဲ့ဒါဆိုရင်တော့။ နော်။ ပုံကို ဆော့ပင်တို့ ဘောပင်တို့နဲ့ ပုံကို ခြစ်ပစ်လိုက် ပေါ့နော်။ အဲ့လိုဆို ဦးဇင်းတို့ ကိုင်လို့ ရသွားပြီ။ အဲ့ကြောင့် ဦးဇင်းတို့ တစ်ခါ ကြုံဖူးတယ်လေ။ အဲ့ဒီ ဂျာမနီက အမျိုးသမီး တစ်ယောက်နဲ့ တစ်ခါ ကြုံတာ ပေါ့။ အဲ့ဒီ သူငယ်ချင်း တစ်ယောက်က ဘုန်းကြီးလူထွက် တစ်ယောက်က သူ့မိတ်ဆွေ သူ့အလုပ်ပိုင်ရှင်နဲ့ တူပါတယ်၊ သူက ခေါ်လာတာ ပေါ့။ ကျောင်းလာပြတာ ဂျာမနီ အမျိုးသမီး ခေါ်လာတော့။ ဦးဇင်းက အဲ့ဒီမှာ ဟို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာ မိတ်ခွန်းလား ဘာလား မသိဘူး။ အဲ့စာအုပ် တစ်အုပ်ကို ဖတ်နေတဲ့ အချိန်။ ဒါပေမဲ့ အဲ့ဒီမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတယ်လေ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အများကြီး ပါတော့ မအပ်စပ်ဘူးလေ။ ဦးဇင်းက အဲ့ဒါကို အကုန်လုံး ဘောပင်နဲ့ ခြစ်ပစ်လိုက်တာ။ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည် ပုံတွေ အကုန်လုံး ဘောပင်နဲ့ အကုန် ခြစ်ပစ်လိုက်တာ။ ခြစ်ပစ်လိုက်တော့ ဦးဇင်းက အဲ့ဒါကို ဖတ်နေတော့ သူက ပုံတွေကို ကြက်ခြေခတ်ထားတာ သူမြင်တော့ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လား" တဲ့။ "အရှင်ဘုရား ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ကြက်ခြေခတ်ထားတာလား" ပေါ့။ ဟိုဆိုတော့ "မဟုတ်ဘူး" လို့။